(၃) ၂၀၁၀ ဆီးရီးယား ပြည်တွင်း အရေးအခင်း (မှန်)
လရိပ်ချို
#Unicode Version#
ကမ္ဘာကျော်ဖြစ်ရပ်ကြီးတွေဖြစ်တဲ့ 9/11 အဖြစ်ဆိုးနဲ့ IS တို့ ကမ္ဘာကို တုန်လှုပ်စေမှုအပါအဝင် သွေး ထွက်အောင် မှန်ခဲ့တဲ့ ဟောကိန်းတွေကို ဟောခဲ့တဲ့ ဘူဂေးရီးယား အကြားအမြင ်ဆရာမကြီး Baba Vanga ဟာ သူမ ကွယ်လွန ်သွားပေမယ့် အနာဂတ်ဟောစာတမ်း တစ်စောင် ချန်ရစ်ခဲ့ပါတယ်။
ဒီဟောစာတမ်းထဲမှာ ကမ္ဘာစစ်ကြီး မဖြစ်ခင် ကြောက်စရာကောင်းလှတဲ့ ဘေးအန္တရာယ် ဆိုးကြီးတွေ ကြုံရဖို့ ရှိကြောင်း သူမက ဟောခဲ့ပြီး၊ (၂၀၁၈) ခုနှစ် အတွက်ကိုတော့ နှစ်ခုသာ ဟောကိန်းထုတ်ခဲ့ပါတယ်။
ပထမ တစ်ခုကတော့ အာရှ ရဲ့အင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ် က ကမ္ဘာ့ စီးပွားရေးနဲ့ သြဇာ အာဏာ ကို အမေရိကန်၊ ရုရှား တို့ကို ကျော်ဖြတ်ပြီး သိမ်းပိုက် သွားလိမ့်မယ်လို့ ဆိုပါတယ်။
ဒုတိယ ဟောကိန်း ကတော့ သောကြာဂြိုဟ်ပေါ်မှာ ကမ္ဘာမြေမှာ မရှိတဲ့ ဓာတ်ငွေ့အသစ် တွေ့ရှိလိမ့်မယ် လို့ ဆိုပါတယ်။ တစ်ကယ်တော့ လက်ရှိ အချိန်ထိ သောကြာဂြိုဟ်ပေါ်ကို ခြေချနိုင်ခြင်း မရှိသေးပါဘူး။ NASA ကတော့ Parker Solar Probe အမည်ရ အာကာသယာဥ ်နဲ့ သောကြာဂြိုဟ်အနီးကို ချဉ်းကပ်ဖို့ ၂၀၁၈ ခုနှစ်မှာ စတင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Baba ဟာ ၁၉၉၆ ခုနှစ် အသက် (၈၅) နှစ်မှာ သေဆုံးခဲ့ပြီး ကမ္ဘာကြီး ဟာ (၅၁) ရာစုနှစ် အထိ တည် ရှိနေမယ် ဆိုတဲ့ ဟောကိန်း ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ ်ဟောကိန်းကိုလည်း ဖြန့်ဝေခဲ့ပြီး သူမရဲ့ မှန်ခဲ့ပြီးတဲ့ ဟောပြောချက်တွေနဲ့ အနာဂတ်ဟောပြောချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဟောပြောခဲ့သည့် အကြောင်းအရာ တစ်ချို့-
(၁) ၁၉၈၉ ခုနှစ်က ဟောကိန်း- 9/11 အရေးအခင်းဖြစ်မယ် (မှန်)
(၂) ၂၀၁၀ မှာ တတိယ ကမ္ဘာစစ်/ကမ္ဘာကို ကိုင်လှုပ်မယ့် အာရပ်နွေဦးတော်လှန်ရေး (မှား/မှန်)
(၃) ၂၀၁၀ ဆးီရီးယား ပြည်တွင်း အရေးအခင်း (မှန်)
(၄) ၂၀၁၆ အီးယူ နိုင်ငံများမှ ယူကေ ခွဲထွက်ခြင်း (မှန်)
(၅) မြောက်ကိုရီးယား နဲ့ ၄၅ ဆက်မြောက် ကန်သမ္မတ အကြပ်အတည်း (မှန်)
အနာဂတ် အတွက် ခန့်မှန်းချက်များ-
(၁) ၂၀၁၈ တရုတ် ရဲ့ သြဇာအာဏာ မြင့်တက်မှု
(၂) ၂၀၂၅-၂၈ မှာ ကမ္ဘာကြီးရဲ့ ရွှေရောင်နေ့သစ်များ၊ သောကြာဂြိုဟ်မှာ လူလိုက်ပါတဲ့ ယာဉ်များ အခြေချနိုင်မည် ။
(၃) ၂၀၃၃-၄၅ အတွင်းမှာ ဝင်ရိုးစွန်းဒေသ ရေခဲများ အရည်ပျော်ပြီး သမုဒ္ဒရာရေ စိုးရိမ် ဖွယ်ရာ မြင့် တက်မည်၊ ဒီအတောအတွင်းမှာ မွတ်စလင် အုပ်စုများ ဥရောပကို အောင်မြင်စွာ သိမ်းပိုက်နိုင်လိမ့်မည်။
(၄) ပုံတူပွား ကုထုံးက ရောဂါကူးစက်မှု အများဆုံး ဖြစ်မည်ဖြစ်ပြီး၊ အမေရိကန် က မူစလင်တ ို့ကြီးစိုး ထားတဲ့ ရောမ ကို အေးခဲ လက်နက်ဖြင့် တိုက်ခိုက်လိမ့်မည်။
(၅) ၂၀၇၂-၈၆ မှာ ကွန်မြူနစ် လူ့အဖွဲ့အစည်းက သဘာဝကို ပုံမှန်ပြန်ဖြစ်စေဖို့ ဦးဆောင်ရာ မှာ အောင်မြင်မည်။
(၆) ၂၁၇၀-၂၂၅၆ မှာ အင်္ဂါဂြိုဟ် တိုက်ပွဲ (အင်္ဂါဂြိုဟ်ပေါ်မှာ မြေနေရာ ရရှိဖို့ နိုင်ငံ အချင်းချင်း တိုက် ပွဲဖြစ်မည်။)
(၇) ၂၃၄၁ မှာ ကမ္ဘာကြီး အပြီးတိုင် ပျက်သုဉ်းမည်။
(၈) ၃၈၁၅ တွင် ကမ္ဘာကြီး အသစ်တစ်ဖန် အစပျိုးပြီး၊ ၄၃၀၂ မှ ၄၆၇၄ အတွင်း မှာ ဂြိုဟ်သားတွေနဲ့ ပူးတွဲနေထိုင်တဲ့ ကမ္ဘာကြီး အဖြစ် ပေါ်ပေါက် လာမည်ဖြစ်ပြီး လူဦးရေ အားဖြင့် (၃၄၀) ဘီလီယံ ရှိကာ၊ နတ်ဘုရားတွေနဲ့ စကားပြောနိုင်ကြမည်။
(၉) ၅၀၇၉ ခုနှစ်မှာ စကြာဝဠာကြီး တစ်ခုလုံး အဆုံးသတ်သွားမည်။
လရိပ်ချို