Quantcast
Viewing all articles
Browse latest Browse all 13796

၂၀၁၅ ရွေးကောက်ပွဲမှာ အန်တီစုကို မဲပေးပါမယ်လို့ဖွင့်ဟလာတဲ့ သားကြီး


Image may be NSFW.
Clik here to view.



ဘိုကပြားအခွေရဲ့ရောင်းအားက မထင်မှတ်ထားလောက်အောင် ပရိသတ်များစွာ အားပေးခဲ့တာမို့နောက်ထပ် ဖန်တီးနေတဲ့ ခရစ်စမတ်အခွေနဲ့ပတ်သက်ပြီး အားပိုရှိတယ်လို့ပြောပြလာတဲ့သားကြီးက လက်ရှိမှာ အချစ်ရေးက အဆင်ပြေနေသလို ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူဖြစ်စေချင်တဲ့ဆန္ဒကို ဖွင့်ဟလာတာမို့သားကြီးနဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးကြည့်လိုက်တော့

"အခုလက်ရှိက သိပ်မကြာသေးခင်ကမှ ကျွန်တော့ရဲ့ ဘိုကပြားအခွေလေးထွက်ထားတယ်။ အဲ့ဒီအခွေလေးကလဲ မထင်ထားလောက်အောင် ပရိသတ်အားပေးတယ်။ အကုန်လုံးကကြိုက်ကြတယ်။ ပျော်စရာကြီးပေါ့။ အရင်ခွေထက်လဲ အရမ်းအားပေးကြတယ်။ ရောင်းအားက Top 5 လား။ 6 လားမသိဘူး။ ဘိုကပြားအခွေလေးကို ပရိသတ်ကြိုက်တဲ့အတွက် ပျော်တာပေါ့။ ကြိုးစားရကျိုးလဲ နပ်တယ်။ နောက်ထပ် အခုထပ်လုပ်ဖြစ်နေတာက သီချင်းအပ်ထားတာလေးတွေ သီချင်းရေးဖြစ်နေတယ်။ နောက်ခရစ်စမတ်အခွေ တစ်ခွေလုပ်နေတယ်။ ခရစ်စမတ်မီရင် ထွက်မယ်။ Single Mini ဖြစ်မယ်။ ၆ပုဒ်လောက်ပဲပါမယ်။ တွဲဆိုတဲ့သူတွေလဲ ပါမယ်။ လောလောဆယ် မကျိန်းသေးသေဘူး။ မီရင် ၁၂လပိုင်းအမီထွက်ဖြစ်မယ်။ မမီရင် ခဏရပ်ထားမယ်။"လို့ အခွေနဲ့ပတ်သက်ပြီး သူက ဖွင့်ဟသွားပါတယ်။
ရေဘေးနဲ့ပတ်သက်ပြီးတော့လဲ သူက "ရေဘေးနဲ့ပတ်သက်ပြီး အများကြီးပဲ ကူညီပါဝင်လှုပ်ရှားပေးဖြစ်တယ်။ ပိုက်ဆံတွေလဲ လှူဖြစ်တယ်။ နောက်ရန်ကုန်မှာ ဘယ်သူမှ မလှုပ်ရှားခင်ကတည်းက မန္တလေးမှာလဲ ဒါရိုက်တာမောင်သီစီ စဉ်တဲ့ပွဲမှာ ဆိုပေးဖြစ်တယ်။ နောက်တခြား ပရဟိတပွဲတွေမှာလဲ ဆိုပေးဖြစ်တယ်။ ပြန်လည်ထူထောင်ရေးမှာလဲ ပွဲတွေပြောထားတာရှိတယ်။ အဲ့ဒါတွေမှာလဲ သွားဆိုပေးဖို့ရှိတယ်။ တခြားငွေရေးကြေးရေး လှူပေးထားတာတွေ ရှိမယ်။ ကျွန်တော်ကိုယ်တိုင်ကိုက အလှူအတန်းလုပ်တဲ့အခါမှာ ထင်ထင်ပေါ်ပေါ်လုပ်တတ်တဲ့ အကျင့်မရှိတဲ့အတွက်ကြောင့် ကျွန်တော်လုပ်ပါတယ်။ အဲ့ဒီလောက်ပဲပြောချင်ပါတယ်"တဲ့။
ခုလက်ရှိ ပြည်သူတွေ အားလုံး စိတ်ဝင်စားနေကြတဲ့၂၀၁၅ ရွေးကောက်ပွဲအကြောင်း မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့သူ့အမြင်ကို မေးကြည့်လိုက်တော့ "ပေးဖြစ်ရင်တော့ အန်တီစုပေါ့။ NLD ပေးဖြစ်မယ်။ သဘာဝဘေးအန္တရာယ် အခုဖြစ်နေတယ်။ ရေဘေးသင့်ဒုက္ခသည်ဆိုတာထက် ဒုက္ခသည်တွေရေဘေးသင့်တယ်ဆို ပိုမှန်ပါလိမ့်မယ်။ အမှန်တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူတွေ အကုန်ပြောင်းလဲဖို့လိုတယ်။ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုရင်ရော၊ အရာအားလုံးပြောင်းလဲဖို့ လိုပါတယ် ။ အများကြီး လိုသေးတဲ့အတွက်ကြောင့် အများကြီးတော့ မပြောချင်တော့ပါဘူး။ ၂၀၁၅ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖြစ်စေချင်တာက မှန်ကန်တဲ့သူ၊ ဖြောင့်မတ်တဲ့သူ၊ တိုင်းပြည်ကို တကယ်တိုးတက်အောင်လုပ်မဲ့သူ၊ သမာဓိ စိတ်ဓာတ်ရိုးသားဖြောင့်မတ်တဲ့သူဖြစ်ပါစေ။"လို့ ဆိုသွားပါတယ်။
အချစ်ရေးကတော့ အေးဆေးပါပဲလို့ ဆိုလာတဲ့ သားကြီးက ချစ်သူက အပြင်ကဖြစ်ပြီး  ချစ်သူသက်တမ်းက လပိုင်းပဲရှိသေးကြောင်း ပြောပြပေးခဲ့ပါတယ်။

http://www.trend.com.mm/2015/08/28/music-7526


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>