ဟုမ္မလင်းမှာတဲ့ …
ရေပက်ခံထွက်တာလား သိုင်းလောက သရဖူလုပွဲမှာ ဓါးသိုင်းပြိုင်ဖို့ သွားမှာလား ဘာလားပဲ
ဟုမ္မလင်းမြို့တွင်း သင်္ကြန်ရေပက်ခံထွက်လာတဲ့
လူငယ်တွေက ဓားတွေကိုယ်စီနဲ့ မြို့တွင်းရေကစားမဏ္ဍပ်ကနေ ရေကစားပြီး မြို့ပြင်အထွက် မြေနီကုန်း
ရပ်ကွက်က ဆီဆိုင်တစ်ခုမှာ ကျနော်တွေ့လို့ရိုက်ထားရခြင်းဖြစ်ပါတယ် …
ဟုမ္မလင်းမြို့ရဲ့အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်ရှိ ပုဂ္ဂိုလ်များကလည်း မသိလေသယောင် ပြုနေကြသလား တကယ်ပဲမသိလေကြသလားတော့ မပြောတတ် …
အဆိုပါလူငယ်တွေအပြင် နယ်ကလာတဲ့လူငယ်တချို့ တွေမှာ တုတ်ဓား လက်နက်တွေကို အခုလိုမျိုး ပေါ်တင်ကိုင်ဆောင်ပြီး မြို့တွင်းဝင် ရေပက်ခံဖို့သွားနေကြတာတွေ့ရတယ် …
မီးဘေးရှောင်မလောင်ခင်တားဆိုသလို ဟုမ္မလင်းမြို့ရဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့မလိုလားအပ်သော ပြသနာများမဖြစ်ပေါ်လာအောင် ကြိုတင်ကာကွယ်သင့်ပါတယ် … ကာကွယ်ဖို့လည်း အဆိုပါပုဂ္ဂိုလ်များအနေနဲ့ တာဝန်ရှိပါတယ် …
အားလုံးရဲ့လုံခြုံရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အထူးကြပ်မတ်စီစစ်ဆောင်ရွက်သင့်တယ်လို့ ပြောလိုပါတယ် …
Photo - Sai Nay Win
Credit:Han Ko