Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဝ တပ်ဖွဲ့နယ်မြေမှာ ပြည်နယ် နဲ့ ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်ပွဲဝင်မယ့်သူ မရှိသေး

$
0
0
 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ နယ်မြေပြ မြေပုံ ။ (RFA Map)
 ရှမ်းပြည်နယ် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲက 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ် ထားပေမယ့် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်လှယ်လောင်း အမည်စာရင်းတင်သွင်းထားတာ မရှိသေးဘူးလို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

UWSA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင် ၄ မြို့နယ်တွေမှာ လက်ရှိအချိန်အထိ မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူခွင့်မရှိသေးသလို အဲ့ဒီနယ်မြေတွေမှာ အခြေစိုက်တဲ့ပါတီတွေလည်း မရှိသေး ဘူးလို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနှစ်ဆန်းဦးက ပြောပါတယ်။

"အမျိုးသားလွှတ်တော်ကကျတော့ ရှမ်းပြည်နယ်ထဲမှာ "ဝ"တိုင်းကျတော့ မဲဆန္ဒနယ် အမှတ်(၁၂) သတ်မှတ်ထားတာပေါ့၊ အခု စနေနေ့ မက်မန်းမှာတင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ချည်းပဲ အမည်စာရင်းဝင်တာပေါ့၊ ကျန်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင် အဲ့ဒီ ၄ မြို့နယ်ကတော့ အမည်စာရင်းတင်တာလည်း မရှိဘူးပေါ့၊ အဲ့ဒီမှာအခြေစိုက်တဲ့ပါတီတွေမရှိတော့ အဲ့ဒီ ၄ မြို့နယ်က အခုအချိန်အထိတော့ မဲစာရင်းလည်းမကောက်နိုင်ဘူး၊ ရွေးကောက်ပွဲအမည်စာရင်း တင်သွင်းတာ လည်းမရှိပါဘူး"

ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် ၁၂ နေရာအတွက် UWSA ထိန်းချုပ်ရာ မြို့တွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင်အပါအဝင် ဟိုပန်၊ မက်မန်းမြို့နယ်တွေကို သတ်မှတ်ထားပါတယ်။

အဲ့ဒီမဲဆန္ဒနယ်မြေအတွက် အမျိုးသားလွှတ်တော်နေရာအတွက် 'ဝ'ဒီမိုကရက်တစ်ပါတီ၊ 'ဝ'အမျိုးသားစည်း လုံးညီညွတ်ရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂ ဦးတို့ဝင်ရောက် အရွေးချယ်ခံကြမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>