Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရန်ကုန် စတော့ အိတ်ချိန်း ဈေးကွက် ဒီဇင်ဘာလ ပထမပတ် တွင် ဖွင့်လှစ်မည်

$
0
0
 မြန်မာနိုင်ငံ၏ ပထမဆုံး ရန်ကုန် စတော့ အိတ်ချိန်း (ဓာတ်ပုံ- Yangon Stock Exchange facebook)
    ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၏ ပထမဆုံး ရန်ကုန် စတော့ အိတ်ချိန်း ဈေးကွက် ဖွင့်နိုင်သည့် အနေအထားရှိ နေသော်လည်း ရွေးကောက်ပွဲ ရှိသည့်အတွက် ဒီဇင်ဘာလ ပထမပတ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းမှ ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

စတော့ အိတ်ချိန်းကို အကောင်အထည် ဖော်ဖို့ ကြိုးစားသည့် အခါတွင် မဏ္ဍိုင် သုံးရပ် ဗျူဟာချ၍ ကြိုးစား ရကြောင်း၊ အဆိုပါ ဗျူဟာ ၃ ခုမှာ ဥပဒေ ရေးရာပိုင်း၊ စတော့ အိတ်ချိန်း ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ရသည့် အပိုင်း၊ စတော့ အိတ်ချိန်းတွင် ပါဝင်မည့် သူများအား ပျိုးထောင်ရသည့် အပိုင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မောင်မောင်သိမ်းက “ဥပဒေပိုင်း ကတော့ အကုန် ပြီးသွားပါပြီ။ နည်း ဥပဒေပိုင်းလည်း ပြီးပါပြီ။ ဥပဒေ နဲ့ ပတ်သက်ပြီး ၉၇ ရာခိုင်နှုန်း လောက်တော့ ပြီးနေပါပြီ။ ကျန်တဲ့ ၃ ရာခိုင်နှုန်းက အမိန့်၊ ညွှန်ကြားချက် တွေ ထုတ်ပြန်ဖို့လောက်ပဲ ကျန်တော့တာပါ’’ ဟု ဆင်ဟွာကို ယနေ့ပြောသည်။

မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံမှ အဖွဲ့အစည်း ၂ ခုတို့ ပူးပေါင်းထားတဲ့ Joint Venture (အကျိုးတူပူးပေါင်းမှု) နှင့် ပတ်သက်၍ လည်း လိုအပ်သည့် စာချုပ်များ ချုပ်ဆိုပြီးကြောင်း၊ ကျပ် ၃၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၊ မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကြောင်း ဆိုသည်။

စတော့ အိတ်ချိန်း အတွက် ရှယ်ယာ ထုတ်ရောင်းပေးမည့် ကုမ္ပဏီများကို ကြေညာပြီး ဖြစ်ကြောင်း၊ ကြားပွဲစားလို ဆောင်ရွက်ပေးမည့် Service ကုမ္ပဏီ ရွေးချယ်မည့် စာရင်းကို မကြာမီ ထုတ်ပြန် သွားမည်ဟု ဆိုသည်။စတော့ အိတ်ချိန်းတွင် ဝယ်ရောင်း လုပ်သူများအား နောက်ပိုင်းတွင် အခွန် နှင့် ပတ်သက်သည့် ကိစ္စကို ဆောင်ရွက်ဖို့ ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>