Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကူချောင်းဖျားရွာအိမ်ခြေ ၁၇အိမ် ဇဉ်ဘောင်ပြင်သို့ ထွက်ပြေးတိမ်းရှောင်

$
0
0

မေလ ၂၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကူချောင်းဖျားရွာမှ မိသားစု ၁၇စုတို့သည် AA လက်နက်ကိုင်များကို ကြောက်၍ ဇဉ်ဘောင်းပြင်ရွာသို့ မေလ ၁၈ရက်နေ့က ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း ခူမီးမီဒီယာမှ သတင်းရရှိသည်။

ထွက်ပြေးတိမ်းရှောင်သူ မိသားစု ၁၇စု၊ လူဦးရေ ၅၀ခန့်ရှိသည်။ ၎င်းတို့ရွာသို့ အင်အား ၁၀၀ခန့်ရှိ AA လက်နက်ကိုင်များဝင်ရောက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်အား သတင်းပေးပို့သည်ဟုစွတ်စွဲကာ AA လက်နက်ကိုင်များက ရွာထဲဝင်ပြီး ရွာသူရွာသားများကိုရိုက်နှက်ခဲ့ကြောင်း၊ ဗမာစကားမပြောရ၊ ရခိုင်စကားသာပြောရမည်ဟုဆိုကာ ရိုက်နှက်ခဲ့ကြောင်း၊ တာဝန်ကျသော ပညာရေးဝန်ထမ်းများ၏ အဝတ်အစားနှင့် သေတ္တာများကိုလည်း ယူသွားကြောင်း အမည်မဖော်လိုသူ ထွက်ပြေးတိမ်းရှောင်သူတစ်ဦးက ခူမီးမီဒီယာသို့ပြောသည်။

ထိုသို့ဖြစ်ခဲ့ပြီးနောက် ၎င်းတို့ရွာသားများအနေဖြင့် AAလက်နက်ကိုင်များ ၎င်းတို့ရွာသို့ နောက်တစ်ကြိမ် ဝင်လာပြီးပြသနာရှာကြမည်ကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်သည်ဟု ယင်းကဆိုသည်။

၎င်း သတင်းနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်လူမှုကူညီရေးပရဟိတအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ "ကျနော်တို့လည်း သတင်းတော့ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်း အကူအညီတွေပေးနိုင်ဖို့ ကြိုးစားသွားမှာပါ"ဟု အတွင်းရေးမှူးကိုကျော်အောင်က ခူမီးမီဒီယာသို့ပြောသည်။

ယခင်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယသို့ထွက်ပြေးခဲ့ရသော ဖွေလိုက်ဝ၊ မွေလိုက်ဝ၊ ပကာဝ၊ စတင်ဝနှင့် မြိတ်ဝရွာများမှ စစ်ရှောင်ဒုက္ခသည်များမှာ မိမိတို့နေထိုင်ရာ နေရပ်ရွာများသို့ ပြန်လည်ရောက်ရှိအခြေချနေပြီဖြစ်သော်လည်း ကုန်ပြင်ရွာမှ စစ်ဘေးတိမ်းရှောင်သူ ၆၇အိမ်မှာ ရှင်းလက်ဝရွာတွင်လည်းကောင်း၊ ပီတောင်ရွာမှ အိမ်ခြေ ၁၅အိမ်မှာ မီးဇာရွာတွင်လည်းကောင်း ယခုအထိစစ်ရှောင်နေထိုင်လျှက်ရှိသည်။

မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်ကြား ၂၀၁၅ခုနှစ်၊ မတ်လမှစတင်ကာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်များအပြင် ဒေသခံများစွာလည်း
သေဆုံးခဲ့ရသည်။

ပလက်ဝမြို့နယ်တွင် ယခုလက်ရှိ စစ်ရှောင်ဒုက္ခသည်အိမ်ထောင်စု ၁၀၀ခန့်ရှိနေပြီး အကူအညီများလည်းလိုအပ်နေလျက်ရှိသည်။ စစ်ရှောင်ဒုက္ခသည်များအား ကူညီလှူဒါန်းလိုပါက ပလက်ဝမြို့နယ်လူမှုကူညီရေးပရဟိတအဖွဲ့သို့ 09258994841 ဖုန်းနံပါတ်ဖြင့် ဆက်သွယ်နိုင်ပါသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>