Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Marketing ဆိုတာ

$
0
0


စာသင်ခန်းထဲတွင်
ပါမောက္ခတစ်ဦးက ကျောင်းသား ကျောင်းသူများကို
Marketing သဘောတရားများ ရှင်းပြလျက် ရှိသည် ။

၁။
မင်းက ဘားတစ်ခုကို သွားရင်းနဲ့
အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။
အဲဒီအချိန်မှာ မင်းက သူ့အနား သွားပြီး ဒီလို ပြောမယ် ။

"ငါက အရမ်း ချမ်းသာတယ် ။ ငါ့ကိုလက်ထပ်ပါ ... "

အဲဒါ Direct Marketing ပဲ ...

၂။
မင်းက ဘော်ဒါတွေ တစ်အုပ်ကြီးနဲ့ ဘားတစ်ခုကို သွားမယ် ။
အဲဒီမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။
မင်းသူငယ်ချင်းက သူ့အနား သွားမယ် ။
မင်းကို လက်ညှိုး ထိုးပြပြီး ဒီလို ပြောမယ်။

"အဲဒါ ငါ့သူငယ်ချင်းပဲ ။ သူက တကယ့် ဘောစိ ။ နင် သူ့ကို လက်ထပ်ပါလား ... "

ဒါမျိုးကို Advertising လို့ ခေါ်တယ် ...

၃။
မင်းက ဘားတစ်ခုမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ပြီ ဆိုပါတော့ ။
မင်း ဘာမှ မပြောရ သေးခင် သူက မင်းအနား လျှောက်လာပြီး ဒီလို ပြောမယ်။

"ရှင်က ဘောစိ နော် ။ ရှင် ကျွန်မကို လက်ထပ် ပါလား ... "

အဲဒါ Brand Recognition ပဲ ...

၎။
မင်းက ဘားတစ်ခုမှာ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့တဲ့အခါ
သူ့အနား သွားပြီး ဒီလိုပြောမယ်။

"ငါက အရမ်း ချမ်းသာတယ် ။ နင် ငါနဲ့ လက်ထပ်မလား ... "

အဲဒီမှာ သူက ဘာမှပြန်မပြောဘဲ
မင်းရဲ့ ပါးကို ဖြောင်းခနဲ မြည်အောင် ရိုက်ထည့်လိုက်ရော ဆိုပါတော့ ...

Customer Feedback ဆိုတာ အဲဒါပဲ ...

၅။
မင်းက ဘားတစ်ခုကို သွားရင်းနဲ့ အရမ်းလန်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့မယ် ။
သူ့အနားသွားပြီး ဒီလိုပြောမယ် ။

"ငါက အရမ်း ချမ်းသာတယ်။ ငါ့ကို လက်ထပ်ပါ ... "

အဲဒီမှာ ဟိုက မင်းကို သူ့ယောက်ျားနဲ့ မိတ်ဆက်ပေးလိုက်မယ် ဆိုပါတော့ ။

အဲဒါမျိုးကိုတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ကြား ဟန်ချက် မမျှခြင်းလို့ ခေါ်တယ် ၊
Demand and Supply Gap ပေါ့ကွာ ..

၆။
မင်းက ဘားတစ်ခုမှာ အရမ်း လန်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့မယ် ။
သူ့အနားကို သွားပြီး မင်း တစ်ခုခု ပြောဖို့ ကြံနေတုန်းမှာ မင်းမိန်းမ ရောက်လာမယ် ဆိုပါစို့ ။

အဲဒါ ဈေးကွက်အသစ် တစ်ခုကို စတင် ထိုးဖောက်ချိန်မှာ ကြုံတွေ့ရမယ့် အဟန့်အတား ပဲကွ ၊
Restriction for Entering New Market ဆိုတာ ပေါ့ကွာ ...

ကဲ ... ဘယ်လိုတုန်းဟေ့ ၊ ရှင်းရဲ့လား တပည့်တို့ ။

Credit : Mr. Let Li

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>