ထိုင်းနိုင်ငံရရောင်မြို့ နယ်Big C ဗစ်စီ ကုန်တိုက်ကြီးအတွင်းက ရွှေဆိုင်ကို အေကေ ၄၇ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသူနှစ်ဦးဟာ မေလ ၁၈ ရက်နေ့ က ဓါးပြတိုက်ခဲ့ပြီး ကားတစီးနဲ့  ထွက်ပြေးသွားခဲ့တဲ့ တရားခံနှစ်ဦး အနက် လူဝကြီး Pramet Karakunnukul ပရမစ် ကရာ နုကို (အသက် ၄၁) နှစ်ဟာ မေလ ၂၃ ရက်နေ့ ညက သူပုန်းအောင်းနေရာ ပထုံဌာနီက တည်းခိုးခန်းအတွင်းမှာ မိမိကိုယ် သတ်သေသွားခဲ့ကြောင်း သိရပါတယ်။
သူ့ ကိုပိတ်ဆို့ ရှာဖွေနေတဲ့ ရဲတပ်ဖွဲ့ ပြောတာကတော့ လူဝကြီးဟာ ပြေးမလွတ်တော့တာ သိခဲ့ပြီး တဲ့နောက် စိတ်ကစင့်ကလျှားဖြစ်ပြီး ကြံရာမရတဲ့အဆုံး ခုလိုအဆုံးစီရင်သွားခဲ့တာလို့  ဆိုပါတယ်။
လူဝကြီးနဲ့အတူ ဓါးမြမှုကျူးလွန်ခဲ့တဲ့ ပိတ်ရှည်ကြီး ပရစက် ၅၉ နှစ် ကတော့ ပြီးခဲ့တဲ့ နှစဟ်ရက်အတွင်းကဘဲ ရဲတပ်ဖွဲ့ ထံ လာရောက်အဖမ်းခံခဲ့ပြီးဖြစ်ပါတယ်။
တရာားးခံနှစ်ဦး ကျူးလွန်ရာမှာ သုံးခဲ့တဲ့ အေကေ ၄၇ ရိုင်ဖယ်နဲ့  ဓါးရှည်ကို သက်သေခံ ပစ္စည်းအဖြစ်တွေ့ တွေ့ ရှိသိမ်းဆီးနိုင်ခဲ့ပေမယ့် ..ဓါးပြတိုက်သွားတဲ့ ရွှေ ၅၀၀ ကျပ်သားကတော့ တချို့ ရွှေထည်သာပြန်ရပြီး ၃၀၀ကျပ်သားဟာ သေသွားသူ လူဝကြီး ဘယ်မှာအစဖျောက်ထားမှန်းမသိဘူးလို့  ထိုင်းသတင်းတွေမှာရေးသားနေပါတယ်။
ထိုင်းနိုင်ငံမှာ ခုလိုဓါးမြမှုဟာ လူမသတ်ရင် နှစ်နှစ်ဆယ်ကျော်ပြစ်ဒဏ်ကျနိုင်ပြီး တရားခံတွေက တရားရုံးမှာ အမှုကိုမတိုက်ဘဲ ဖြောင့်ချက်ပေးဝန်ခံပါက ပြစ်ဒဏ်တ၀က်လျှော့ပေးပါတယ်။
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နှစ်တိုင်းပေးနေတဲ့ ထိုင်းနိုင်ငံမှာ ခုလိုဓါးပြအမှုဆို လေးငါးနှစ်နဲ့  ထောင်ကလွတ်လာနိုင်ပါရက်နဲ့ လူဝကြီးဟာ ဘာကြောင့်များ မိမိကိုယ်သတ်သေ
သွားခဲ့ရသလဲဆိုတာ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။
Social Action for Children and Women - SAW