Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD ပါတီအတွင်း ဒီမိုကရေစီမရှိဟု ယူဆသောကြောင့် လွှတ်တော်အစည်းအဝေးမှ ထွက်သွားခြင်းဖြစ်ဟု ဦးဖွေအာပြော

$
0
0


ဝန်ကြီးအသစ်အတည်ပြုမည့် လွှတ်တော်အစည်းအဝေးမှ ထွက်လာခြင်းသည် ချင်းပြည်နယ် အဲန်အယ်ဒီပါတီအတွင်း ဒီမိုကရေစီမရှိဟု ယူဆခြင်းကြောင့်ဟု ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအာကပြောသည်။

ဦးဖွေအာက “ကျွန်တော်တို့ကတော့ အဆိုတင်သွင်းတာနဲ့ အပြင်ကနေထွက်လိုက်ပြီ။ ထွက်လာတဲ့လူက ငါးယောက်၊ ခွင့်ယူတဲ့ သူဖြစ်တဲ့ ပလက်ဝကနေ ဦးပြေမင်းတော့ အစည်းအဝေးမတက်ဘူး။ ကျွန်တော်တို့လက်မှတ်ထိုးတုန်းကတော့ ၇ ယောက်ထိုးတယ်။ ဒါပေမယ့် ဖလမ်းက ကိုယ်စားလှယ်ကိုတော့ မတွေ့မိဘူး။ အစည်းအဝေးတွင်း ကျန်တဲ့သူတွေနဲ့ ဦးစိုးထက်ကို အတည်ပြုမှာပါ။ အဓိက ထွက်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ပါတီအတွင်း ဒီမိုကရေစီမရှိတာပေါ့။ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကျွေးကြော်ဖို့ ကျွန်တော်တို့ရွေးကောက်ပွဲဝင်တာကို ပါတီအတွင်းမှာမရှိဘူးဖြစ်နေတာပေါ့” ဟုပြောသည်။

ဝန်ကြီးအသစ်ခန့်အပ်အတည်ပြုရေးကိစ္စနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံဥပေဒအတိုင်း ဒီမိုကရေစီဆန်ဆန် လုပ်ဆောင်၍ရသော်လည်း ပါတီအတွင်း အပေါ်ကသာ ညွှန်ကြားနေမှုများနေခြင်းကြောင့် ယခုကဲ့သို့ မိမိတို့၏ သဘောထားကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း ဦးဖွေအားကပြောသည်။

သူက “ ပုဒ်မ (၂၆၂) အရလည်း ဒီမိုကရေစီဆန်ဆန်လုပ်လို့ရတဲ့ဟာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပါတီတွင်း ညှိနှိုင်းပြီးတော့ ၀န်ကြီးချုပ်ရဲ့သဘောထားကိုယူပြီးလုပ်တာမျိုးဆိုရင်လည်း ဒီမိုကရေစီကျတာပဲ။ ပါတီတွင်းဒီမိုကရေစီကလည်း အပေါ်ကပဲ တစ်ချိန်လုံးလာတယ်။ အဲဒါကို မကြိုက်လို့ ကျွန်တော်တို့က ဖော်ဆော်တာပဲဖြစ်တယ်။ ဒါကြောင့် လွှတ်တော်အစည်းအဝေးကနေ ထွက်တဲ့ပုံစံနဲ့ ဆန္ဒကိုထုတ်ဖော်တာဖြစ်တယ်” ဟုပြောသည်။

အကယ်၍ ပါတီအတွင်းဗဟိုမှ ကြိုတင်စီစဉ်မှုမျိုးရှိလျှင်လည်း လွှတ်တော် ကိုယ်စားလှယ်များကို ကြိုတင်အသိပေးခြင်းမျိုး ပြုလုပ်သင့်ကြောင်း သူကဆက်ပြောသည်။

လွှတ်တော်အစည်းအဝေးအတွင်း ဦးစိုးထက်၏ နေရာအတွက် ကန့်ကွက်မှုမျိုးရှိလာပါက ဦးစိုးထက်၏ ဇာတိဖြစ်သည့် ပလက်ဝမြို့တွင်လည်း တန်ပြန် ဆန္ဒဖော်ထုတ်မည်ဟု သတင်းများ ကနဦးကထွက်ပေါ်ခဲ့သည်။
ချင်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အဲန်အယ်ဒီအများစုအနိုင်ရရှိပြီး တစ်မြို့လုံး အဲန်အယ်ဒီအနိုင်ရရှိသည့် နေရာအတွက် ၀န်ကြီးနေရာ မခန့်အပ်ခြင်းသည် ဒီမိုကရေစီမဆန်ဟု မိမိတို့အနေဖြင့် ယူဆကြောင်း ဦးဖွေအာကပြောသည်။

ဦးဖွေအာက “အခုလို မကြိုက်တဲ့အုပ်စုထဲကဆိုရင် အဲန်အယ်ဒီက လေးမြို့နယ်ဖြစ်မှာပေါ့။ တစ်ပြည်နယ်လုံးမှာ အနိုင်ရတဲ့နေရာက ၈ မြို့နယ်မှာဆိုတော့။ တွန်းဇံကနေ တစ်ယောက်ပေါ့။ ကန်ပက်လက်မြို့ကနေ လေးယောက်၊ မတူပီမြို့နယ်ကနေအားလုံး၊ ပလက်ဝမြို့နယ်ကနေအားလုံး၊ မင်းတပ်ကနေအားလုံး၊ ဖလမ်းကနေအားလုံးပေါ့၊ ၀န်ကြီးနေရာတွေမှာ တစ်ခြားမြို့နယ်က အဲန်အယ်ဒီကလူတွေကို ပေးတယ် ဆိုပေမယ့် အပြည့်အ၀အနိုင်ရတဲ့ မြို့တွေမှာ ၀န်ကြီးနေရာကိုမပေးကြတာမျိုးဖြစ်နေတယ်။အဲဒါတွေက ဒီမိုကရေစီမကျဘူးလို့ ကျွန်တော်တို့က ခံယူတာဖြစ်တယ်” ဟုပြောသည်။

သူကဆက်ပြီး ချင်းပြည်အတွင်း အမှန်တကယ် ပညာရှင်လိုအပ်သည့်နေရာသည် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌနေရာများသာဖြစ်ပြီး ဝန်ကြီးနေရာမျိုးကို အရွေးချယ်ခံရသည့် ကိုယ်စားလှယ်များမှသာရွေးချယ်သင့်ကြောင်း ပြောသည်။

လက်ရှိချင်းပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၆) ဦး၊ မတူပီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသေဆုံးခဲ့ခြင်းကြောင့် ရွေးကောက်ပွဲမှ အနိုင်ရရှိလာသည့် ကိုယ်စားလှယ် ၁၇ ဦး စုစုပေါင်း ၂၃ ဦးရှိသည်။

Salai Khup Khup
Chin World

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>