Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးစိုးထက်ကို ၀န်ကြီးအဖြစ်ခန့်အပ်ရန် ချင်းပြည်နယ်လွှတ်တော်အတည်ပြု

$
0
0


အမျိုးသားလွှတ်တော်တွင် ဒုတိယ ညွန်ကြားရေးမှူးချူပ်တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်ကို ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးအဖြစ် ယနေ့မနက်ကျင်းပသော ၁၃ ကြိမ်မြောက် ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဟု သိရသည်။

ယနေ့မနက်ကျင်းပသော လွှတ်တော်အစည်းအဝေးသို့ ချင်းပြည်နယ် ၀န်ကြီးချူပ်မှ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့အဆိုတင်သွင်းချိန်တွင် ကန်ပက်လက်၊ မင်းတပ်၊ တွန်းဇံ နှင့် ပလက်ဝမြို့နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ် များမှသဘောမတူကြောင်းပြသသည့်အနေဖြင့် လွှတ်တော်ခန်းမထဲမှ ထွက်သွားကြသည်ဟု ထန်တလန်မြို့ ပြည်နယ်လွှတ်တော်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမူထန်က ခိုနူမ်းသုန်ကိုပြောသည်။

“၀န်ကြီးချူပ်က အဆိုတင်သွင်းတယ် ဒါကိုကျနော်တို့ဆွေးနွေးကျတယ် ဆွေးနွေးဖို့ရန် NLD လွှတ်တော်ကိုယ်စားလှယ်တွေက အကုန်လုံးထွက်တယ် ဖလမ်းက ကိုယ်စားလှယ်တစ်ယောက်ဘဲကျန်တယ် ကျန်တာကတော့ ၀န်ကြီးတွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ ကျနော်တို့ပါတီတွေပဲကျန်ခဲ့တယ် ကျနော်ကတော့ အရင်ကလည်းပြောပြီးသာ ခင်များတို့ကောင်းကောင်းညှိရင် ထောက်ခံမယ်လို့ပြောပြီးသား ဒီနေ့မှာတော့ ကြားနေမယ်လို့ သူတို့ကိုပြောတယ် ဒါပါပဲ ကန့်ကွက်တဲ့သူမရှိဘူးဆိုတော့ အတည်ပြုလိုက်တယ်ပေါ့ဗျာ’’ ဟု ဒေါက်တာမူထန်ကပြောသည်။

ချင်းပြည်နယ်လွှတ်တော်မှ အတည်ပြုပြီးပါက နိုင်ငံတော်သမ္မတထံသို့ ထပ်မံပေးပို့ပြီး သမ္မတမှ ၀န်ကြီးအဖြစ် အတည်ပြုခန့်အပ်ရမည်ဖြစ်သည်။

ဝန်ကြီးရာထူးမှ နှုတ်ထွက်သွားသည့် ဆလိုင်းအိုက်ဇက်ခင်နေရာတွင် ဦးစိုးထက်သည် အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ချင်းပြည်နယ် အတွက် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ခူမီးမီဒီယာအယ်ဒီတာချူပ် ကိုပီတာလွယ်လူးကပြောသည်။

“ဆလိုင်းအိုက်ဇက်ခင်နေရာမှာ အသင့်တော်ဆုံးပုဂ္ဂိုလ်က ဦးစိုးထက်လို့ထင်ပါတယ် ဘာလို့လဲဆိုတော့ သူ့ရဲ့အတွေ့အကြုံတွေကအများကြီးပဲလေ အုပ်ချူပ်ရေးပိုင်းမှာလည်းအတွေ့အကြုံရှိတယ် သူ့ရဲ့အတွေ့အကြုံ အရည်အချင်းတွေနဲ့ အကျိုးပြုနိုင်မယ်လို့ ကျနော်ယူဆတယ် ပြီးတော့သူကစစ်မှုထမ်းဟောင်းလည်းဖြစ်တယ် ပလက်ဝ ဘက်မှာဖြစ်နေ ပြသနာတွေကိုလည်း အနည်းနဲ့အများတော့ သူ့မှာတာဝန်အပြည့်အ၀မရှိပေမယ့်လည်း နားလည်ပြီးသားဖြစ်နေတော့ ကိုင်တွယ်ဖြေရှင်းရတာ အဆင်ပြေမယ်လို့မျှော်လင့်ရတယ်’’ ဟု ခိုနူမ်းသုန်သတင်းကိုပြော သည်။

#ဝန်ကြီးသစ်ဦးစိုးထက်၏ဘဝကောက်ကြောင်းကို Khumi Media မှ ကူးယူးပြီး   ဖော်ပြပေးလိုက်ပါသည်။

ဦးစိုးထက်ကို အဘ သီရိပျံချီ ဦးထပ်လှိုင်း(နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်)နှင့် အမိဒေါ်ပန်ယို့တို့မှ ၁၉၆၀ခုနှစ်၊ မတ်လ ၂၂ရက်နေ့ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်တွင် မွေးဖွားခဲ့သည်။ ညီအစ်ကိုမောင်နှမ (၈)ဦးအနက် ဦးစိုးထက် (ချင်းအမည် ဆလိုင်းမဲလု)သည် ၄ ယောက်မြောက်သားဖြစ်သည်။ မူလတန်း၊ အလယ်တန်းကို ပလက်ဝမြို့ အ.ထ.ကကျောင်းတွင်လည်းကောင်း၊ ၉တန်းနှင့် ၁၀တန်းကို စစ်တွေ အ.ထ.က(၄)တွင်လည်းကောင်း၊ တက္ကသိုလ်ပညာရေးအတွက်ပထမနှစ်နှင့် ဒုတိယနှစ်ကို စစ်တွေဒေသကောလိပ်တွင်လည်းကောင်း၊ တတိယနှစ်ကို လှိုင်နယ်မြေရှိ အမှတ်(၂)ဒေသကောလိပ်တွင်လည်းကောင်း တက်ရောက်ခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒဘွဲ့ကိုရရှိခဲ့သည်။

ဘွဲ့ရပြီးနောက် ဖခင်၏ဆန္ဒအရ မူလတန်းပြဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကာ ၁၉၈၃ခုနှစ်တွင် ၎င်းအားကျခဲ့သော တပ်မတော်အရာရှိဘ၀ဖြစ်လာရန်အတွက် ဘွဲ့ရဗိုလ်လောင်းသင်တန်း အပါတ်စဉ် (၆၈)မှော်ဘီမှာတက်ရောက်ခဲ့သည်။

တပ်မတော်တွင်ရာထူးတာဝန်အဆင့်ဆင့်ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော် နေရာဒေသအနှံ့တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မဲလုအဆင့်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၄)ရက် လွတ်လပ်ရေးနေ့မှာ ပါချီးစခန်းသိမ်းတိုက်ပွဲ ထူးချွန်စွန့်စားခဲ့လို့ သူရဲကောင်းမှတ်တမ်းဝင်လက်မှတ်နဲ့တံဆိပ်ဘွဲ့ထူးဂုဏ်ထူးရယူခဲ့သည်။ ၂၀၀၆ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် ခြေလျင်တပ်ရင်းမှူး နေပြည်တော်အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှာ ဆေးတပ်တပ်မှူး၊ တပ်ကုန်းတပ်နယ်မှူး၊ ဇေယျာသီရိတပ်နယ်မှူး စသော ရာထူးတာဝန်များဖြင့် နေပြည်တော်တည်ဆောက်ရာမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့သူလည်းဖြစ်သည်။

ဦးစိုးထက်သည် လက်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှာ ကုသမှုဌာနကြီးမှူး စစ်ဘက်ဆရာဝန်ကြီး ဗိုလ်မှူးကြီးဒေါက်တာသန်းသန်းရီ M.B.B.S, M.Sc (Surg), F.R.C.S (Edin)နှင့် ၁၉၉၀ခုနှစ်၊ ဧပြီလ ၂၇ရက်နေ့တွင် အိမ်ထောင်ကျပြီး သား မောင်ကျော်မင်းထက်နှင့် သမီး မမြသဉ္ဇာထက်တို့ကို ထွန်းကားခဲ့သည်။

တပ်မတော်တွင် (၂၉)နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့တွင် အမျိုးသားလွှတ်တော်ရုံးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ၊ ဘဏ္ဍယ၊ ကျန်းမာ)အဖြစ်လည်းကောင်း၊ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေပြုဌာနကြီး)အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်လျှက်ရှိသည်။

ဦးစိုးထက်သည် အမျိုးသားလွှတ်တော်ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်နေသည့်အပြင် နေပြည်တော်၌ကျင်းပသော (၆၅)နှစ်မြောက် ချင်းအမျိုးသားနေ့ကစပြီး ချင်းအမျိုးသားနေ့ကျင်းရေးကော်မတီဥက္ကဌတာဝန်ကို ယနေ့ထိတိုင် ဆောင်ရွက်ရကာ ချင်းလူမှုရေးအသင်း (နေပြည်တော်)အသင်း၏ ဥက္ကဌအဖြစ်တာဝန်ယူနေလျှက်ရှိသည်။

Khonumthung Burmese
http://khonumthungburmese.org

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>