Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေမတၱာသုတ္ အဓိ႒ာန္ဝင္ခ်င္သူမ်ားအတြက္

$
0
0

၁။ နံနက္ေစာေစာထ၍ ကိုယ္လက္သန႔္စင္ၿပီးလွ်င္
ဘုရားရွင္ေရွ႕ေတာ္ေမွာက္၌ ငါးပါးသီလ ခံယူပါ။
၂။ ထို႔ေန႔အတြက္ ေမတၱသုတ္ကို (၁၀၈) ေခါက္
အဓိ႒ာန္ဝင္ခြင့္ျပဳပါရန္ ဘုရားရွင္ထံ ေလွ်ာက္
ထား ခြင့္ပန္ပါ။

၃။ ခြင့္ပန္ထားသည့္အတိုင္း ေအာင္ျမင္ေအာင္
က်င့္ေဆာင္မည္ျဖစ္ပါေၾကာင္း ဘုရားရွင္ထံ၌
ကတိေပး ေလွ်ာက္ထားပါ။

၄။ သမႏၲာ စကၠဝါေဠသု မွစ၍ ႐ြတ္ဆိုၿပီး နတ္ျဗဟၼာ
တို႔အား ပရိတ္တရားနာ ႂကြပါရန္ ဖိတ္ၾကားပါ။

၅။ ကရဏီယမတၳကုသေလနမွစ၍ ေမတၱသုတ္
ပရိတ္ေတာ္ကို စတင္ ႐ြတ္ဖတ္ ပူေဇာ္ပါ။

လိုက္နာ ေဆာင္႐ြက္ရန္

ေန႔စဥ္ (၁၀၈) ေခါက္ႏႈန္းျဖင့္ ရက္ေပါင္း (၁၀၈) ရက္
အဓိ႒ာန္ ဝင္ရမည္ ျဖစ္ပါသည္။ ေန႔စဥ္ (၁၀၈) ေခါက္
ကို ဘုရားေရွ႕၌ တစ္ထိုင္တည္း အခ်ိန္မေပးႏိုင္ပါက
ေနာက္ေန႔မကူးမီ( တစ္ေန႔တာအတြင္း ရေသာ အခ်ိန္
မ်ားတြင္) ႐ြတ္ဖတ္ပူေဇာ္ႏိုင္ပါသည္။ ဥပမာ-နံက္ေစာ
ေစာ ဘုရားေရွ႕၌ အနည္းဆုံး (၉) ေခါက္ ႐ြတ္ဆိုပူေဇာ္
ၿပီး က်န္ေသာ အေရအတြက္ကို လမ္းသြားရင္း အလုပ္
လုပ္ရင္း ႐ြတ္ဖတ္ႏိုင္ပါသည္။ သို႔ေသာ္ အဆုံးသတ္၊
(၉) ေခါက္ကိုမူ ဘုရားေရွ႕၌သာ ႐ြတ္ဆိုပူေဇာ္ရန္ ျဖစ္ပါ
သည္။ ေန႔စဥ္ (၁၀၈) ေခါက္ အဓိ႒ာန္ေအာင္ျမင္သြား
တိုင္း ေမတၱာပို႔ရမည္ ျဖစ္ပါသည္။

ေမတၱာပို႔သည့္အခါ … ေမတၱာပို႔ရမည့္ ပုဂၢိဳလ္မ်ားတြင္
အမုန္းဆုံးပုဂၢိဳလ္ႏွင့္ အခ်စ္ဆုံးပုဂၢိဳလ္(ရည္းစား၊ခင္ပြန္း
ဇနီးႏွင့္ ကြယ္လြန္သူ) တို႔ကို ေနာက္ဆုံးမွသာ ေမတၱာ
ပို႔ရပါမည္။

ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ ႐ုကၡစိုးနတ္ ဘုမၼစိုးနတ္
အာကာသစိုးနတ္ သာသနာေတာ္ေစာင့္နတ္မ်ားကို လည္း
ေကာင္း၊ ဥစၥာေစာင့္မ်ားႏွင့္ ၿပိတၱာမ်ားကို လည္းေကာင္း အစဥ္
အတိုင္း ေမတၱာပို႔ရမည္။ ၿပီးလွ်င္ ေက်းဇူးရွင္ မိဘမ်ား ေက်းဇူး
ရွိဖူးေသာ ပုဂၢိဳလ္မ်ားကိုလည္း အစဥ္အတိုင္း ေမတၱာပို႔ရမည္။
အဆိုပါ ပုဂၢိဳလ္တို႔အား အာ႐ုံထဲေပၚလာတဲ့အထိ စူးစိုက္၍
ေအာက္ပါနည္းျဖင့္ ေမတၱာပို႔ႏိုင္ပါသည္။

ဥပမာ-ကိုယ္ေစာင့္နတ္ ေက်ာင္းေစာင့္နတ္ အိမ္ေစာင့္နတ္
႐ုကၡစိုး ဘုမၼစိုး အာကာသစိုးနတ္မင္းႏွင့္တကြ သာသနာ
ေတာ္ေစာင့္ နတ္မင္းအေပါင္းတို႔သည္ …

ေဘးရန္ကင္း၍ ခ်မ္းသာၾကပါေစ။

ေၾကာင့္ၾကကင္း၍ ဝမ္းသာၾကပါေစ။

လိုတိုင္းရ၍ တတိုင္းျပည့္ႏိုင္ၾကပါေစ။

ဟူ၍ ေမတၱာပို႔ေပးရပါမည္။

၆။ ယင္းနည္းလမ္းအတိုင္း အစဥ္လိုက္ ေမတၱာပို႔ၿပီးသြား
ေသာအခါ ေဝေနယ်သတၱဝါအားလုံးတို႔ကို ထို႔ေန႔ျပဳသမွ်
ကုသိုလ္အဖို႔ဘာဂကို အမွ်ေပးေဝရပါမည္။

၇။ ထို႔ကဲ့သို႔ အမွ်ေပးေဝၿပီး ေနာက္ဆုံး၌ မိမိအဓိ႒ာန္ကို သစၥာ
ျပဳ၍ လိုရာဆုကို ေတာင္းရမည္။ ( အဓိ႒ာန္ကာလအတြင္း တစ္
မ်ိဳးတည္းေသာ ဆုကိုသာ ေတာင္းရမည္)

အခ်ိန္မေပးႏိုင္သူမ်ား အလုပ္မအားလပ္သူမ်ားအေနျဖင့္(၁၀၈)
ေခါက္ အဓိ႒ာန္ မဝင္ႏိုင္ပါက ေမတၱသုတ္ပရိတ္ေတာ္ကို ေန႔စဥ္
(၉) ေခါက္ အဓိ႒ာန္ျဖင့္ ပုံမွန္ ႐ြတ္ဖတ္ပူေဇာ္ႏိုင္ပါကလည္း အက်ိဳး
ထူးမ်ား ရေစႏိုင္မည္ ျဖစ္ပါသည္။

ဘဒၵႏၲ ေကာသလႅ
အဂၢမဟာသဒၵမၼေဇာတိကဓဇ
တြဲဖက္အက်ိဳးေတာ္ေဆာင္၊တိုင္းသံဃနာယကအဖြဲ႕
စံျပသာသနာျပဳေက်ာင္းတိုက္ မရမ္းကုန္းၿမိဳ႕နယ္ ၏
ေမတၱာအဓိ႒ာန္ စာအုပ္ေလးမွ ေကာက္ႏႈတ္ေဖာ္ျပပါ
သည္။

ဒီကေန႔ဟာ ဝါေခါင္လျပည့္ ေမတၱာအခါေတာ္ေန႔မို႔
စိတ္ကိုလည္း ေအးခ်မ္းေစ အက်ိဳးထူးလည္း ေပးစြမ္း
ႏိုင္သည္ျဖစ္၍ ဓမၼမိတ္ေဆြ သူေတာ္စင္မ်ားအေနျဖင့္
ဓေမၼာ ဟေဝ ရကၡတိ ဓမၼစာရီ၊ တရားဓမၼက်င့္သုံးေသာ
သူကို တရားဓမၼက ျပန္လည္ေစာင့္ေရွာက္သည္ဟူေသာ
ယုံၾကည္ခ်က္အတိုင္း ေမတၱာအဓိ႒ာန္ေလး စတင္ၿပီး
ဝင္ၾကည့္လိုက္ပါလား ။ ဘဝကို စိမ္းလန္းေစမဲ့အျပင္
စိတ္ကိုလည္း ၿငိမ္းခ်မ္းေစပါလိမ့္မယ္။
ခ်မ္းေျမ့သာ အရွင္ေဇာတိက

#Unicode Version#
၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။
၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၁၀၈) ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ လျှောက်
ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး နတ်ဗြဟ္မာ
တို့အား ပရိတ်တရားနာ ကြွပါရန် ဖိတ်ကြားပါ။

၅။ ကရဏီယမတ္ထကုသလေနမှစ၍ မေတ္တသုတ်
ပရိတ်တော်ကို စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက်နာ ဆောင်ရွက်ရန်

နေ့စဉ် (၁၀၈) ခေါက်နှုန်းဖြင့် ရက်ပေါင်း (၁၀၈) ရက်
အဓိဋ္ဌာန် ဝင်ရမည် ဖြစ်ပါသည်။ နေ့စဉ် (၁၀၈) ခေါက်
ကို ဘုရားရှေ့၌ တစ်ထိုင်တည်း အချိန်မပေးနိုင်ပါက
နောက်နေ့မကူးမီ( တစ်နေ့တာအတွင်း ရသော အချိန်
များတွင်) ရွတ်ဖတ်ပူဇော်နိုင်ပါသည်။ ဥပမာ-နံက်စော
စော ဘုရားရှေ့၌ အနည်းဆုံး (၉) ခေါက် ရွတ်ဆိုပူဇော်
ပြီး ကျန်သော အရေအတွက်ကို လမ်းသွားရင်း အလုပ်
လုပ်ရင်း ရွတ်ဖတ်နိုင်ပါသည်။ သို့သော် အဆုံးသတ်၊
(၉) ခေါက်ကိုမူ ဘုရားရှေ့၌သာ ရွတ်ဆိုပူဇော်ရန် ဖြစ်ပါ
သည်။ နေ့စဉ် (၁၀၈) ခေါက် အဓိဋ္ဌာန်အောင်မြင်သွား
တိုင်း မေတ္တာပို့ရမည် ဖြစ်ပါသည်။

မေတ္တာပို့သည့်အခါ … မေတ္တာပို့ရမည့် ပုဂ္ဂိုလ်များတွင်
အမုန်းဆုံးပုဂ္ဂိုလ်နှင့် အချစ်ဆုံးပုဂ္ဂိုလ်(ရည်းစား၊ခင်ပွန်း
ဇနီးနှင့် ကွယ်လွန်သူ) တို့ကို နောက်ဆုံးမှသာ မေတ္တာ
ပို့ရပါမည်။

ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရုက္ခစိုးနတ် ဘုမ္မစိုးနတ်
အာကာသစိုးနတ် သာသနာတော်စောင့်နတ်များကို လည်း
ကောင်း၊ ဥစ္စာစောင့်များနှင့် ပြိတ္တာများကို လည်းကောင်း အစဉ်
အတိုင်း မေတ္တာပို့ရမည်။ ပြီးလျှင် ကျေးဇူးရှင် မိဘများ ကျေးဇူး
ရှိဖူးသော ပုဂ္ဂိုလ်များကိုလည်း အစဉ်အတိုင်း မေတ္တာပို့ရမည်။
အဆိုပါ ပုဂ္ဂိုလ်တို့အား အာရုံထဲပေါ်လာတဲ့အထိ စူးစိုက်၍
အောက်ပါနည်းဖြင့် မေတ္တာပို့နိုင်ပါသည်။

ဥပမာ-ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် အိမ်စောင့်နတ်
ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးနတ်မင်းနှင့်တကွ သာသနာ
တော်စောင့် နတ်မင်းအပေါင်းတို့သည် …

ဘေးရန်ကင်း၍ ချမ်းသာကြပါစေ။

ကြောင့်ကြကင်း၍ ဝမ်းသာကြပါစေ။

လိုတိုင်းရ၍ တတိုင်းပြည့်နိုင်ကြပါစေ။

ဟူ၍ မေတ္တာပို့ပေးရပါမည်။

၆။ ယင်းနည်းလမ်းအတိုင်း အစဉ်လိုက် မေတ္တာပို့ပြီးသွား
သောအခါ ဝေနေယျသတ္တဝါအားလုံးတို့ကို ထို့နေ့ပြုသမျှ
ကုသိုလ်အဖို့ဘာဂကို အမျှပေးဝေရပါမည်။

၇။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌ မိမိအဓိဋ္ဌာန်ကို သစ္စာ
ပြု၍ လိုရာဆုကို တောင်းရမည်။ ( အဓိဋ္ဌာန်ကာလအတွင်း တစ်
မျိုးတည်းသော ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများအနေဖြင့်(၁၀၈)
ခေါက် အဓိဋ္ဌာန် မဝင်နိုင်ပါက မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်ပူဇော်နိုင်ပါကလည်း အကျိုး
ထူးများ ရစေနိုင်မည် ဖြစ်ပါသည်။

ဘဒ္ဒန္တ ကောသလ္လ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
တွဲဖက်အကျိုးတော်ဆောင်၊တိုင်းသံဃနာယကအဖွဲ့
စံပြသာသနာပြုကျောင်းတိုက် မရမ်းကုန်းမြို့နယ် ၏
မေတ္တာအဓိဋ္ဌာန် စာအုပ်လေးမှ ကောက်နှုတ်ဖော်ပြပါ
သည်။

ဒီကနေ့ဟာ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မို့
စိတ်ကိုလည်း အေးချမ်းစေ အကျိုးထူးလည်း ပေးစွမ်း
နိုင်သည်ဖြစ်၍ ဓမ္မမိတ်ဆွေ သူတော်စင်များအနေဖြင့်
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊ တရားဓမ္မကျင့်သုံးသော
သူကို တရားဓမ္မက ပြန်လည်စောင့်ရှောက်သည်ဟူသော
ယုံကြည်ချက်အတိုင်း မေတ္တာအဓိဋ္ဌာန်လေး စတင်ပြီး
ဝင်ကြည့်လိုက်ပါလား ။ ဘဝကို စိမ်းလန်းစေမဲ့အပြင်
စိတ်ကိုလည်း ငြိမ်းချမ်းစေပါလိမ့်မယ်။
ချမ်းမြေ့သာ အရှင်ဇောတိက

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>