Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရွှေတိဂုံဘုရားကို နောက်တစ်ခေါက်ပြန်လာဖို့ မသေချာတော့ဘူးဆိုတဲ့သူနှစ်ယောက်

$
0
0

ဖတ်ပီး မျက်ရည်တောင်ဝဲမိတယ်

ကျနော်တွေ့ခဲ့ ဖူးတဲ့ လူနှစ်ယောက်
ကျနော်က ဧည့်လမ်းညွှန်တယောက်ပါ ကျနော်လူနှစ်ယောက်ကိုဧည့်လမ်းညွှန်ဝန်ဆောင်မူပေးခဲ့ရပါတယ်

အင်္ဂလန်က သားမိနှစ်ယောက်ပါ
အမေက ၇၂ နှစ်, သားက ၅ဝ နှစ်သူတို့က အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူထားသူတွေပါသက်သတ်လွတ်ဘဲစားတယ် နေ့တိုင်းတရားထိုင်တယ်

သတ္တဝါလေးတွေကိုလည်းသနားတတ်တယ် မြန်မာနိုင်ငံကိုလာခဲ့တာ အမေရဲ့ ၇၂ နှစ်မြောက်မွေးနေ့ကို ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ကျင်းပချင်လို့ပါတဲ့ ဒီမှာလို ဘိုဆန်ဆန် ဟတ်ပီးဘတ်ဒေးတူးယူ မလုပ် ဖယောင်းတိုင်မီးမှုတ်ပီးလည်းဂုဏ်မယူ

ရန်ကုန်လေဆိပ် မှာတွေ့တွေ့ချင်း ရွှေတိဂုံဘုရားကိုလေယဉ်ပေါ်ကနေဖူးရတာ စိတ်ချမ်းသာလိုက်တာ နင်တို့ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာလူဖြစ်ရတာ အရမ်းကံကောင်းတာဘဲ

သူတို့ပြောမှဘဲ အနီးနားမှာရှိပီး တန်ဖိုးထားရကောင်းမှန်းမသိ နီးရက်နဲ့ ဝေးနေခဲ့တယ်

ငါတို့ကို ဟိုတယ်မပို့ခင် ရွှေတိဂုံဘုရားကို အရင်ပို့ပေးပါ ပြည်လမ်းပေါ်ကားခဏရပ်ပေးတော့ ကားပေါ်ကဆင်းဖိနပ်ချွတ် ထိခြင်းငါးပါးနဲ့ ဦးခိုက်တယ်ရိုရိုသေသေလေးခံစားကြည်နူးနေကြတယ်

ဒီလောက်ကြည်ညိုစရာကောင်းတာ ဒီတခါဘဲတွေ့ဖူးတယ် ငါတို့လူဖြစ်ကျိုးနပ်သွားပီ

ဟိုတယ်ကိုလိုက်ပို့ပီးပြန်ခါနီးမှာ ဧည့်လမ်းညွန် ညအိပ်ရာဝင် ဗုဒ္ဓမြတ်စွာဘုရားကိုရှိခိုးဖို့မမေ့နဲ့နော်တဲ့ သူပြောမှတခါတလေ ဘုရားရှိခိုး ပျက်ကွက်တတ်တဲ့ ကိုယ့်ကိုရှက်မိတယ်

နောက်နေ့မနက် ဟိုတယ်ကိုသွားကြိုတော့သားအမိနှစ်ယောက်လုံးနူတ်ဆက်ကြတယ်

်ဧည့်လမ်းညွန် မင်္ဂလာနံနက်ခင်းပါ
ဒီမနက် တရားထိုင်ပီးပြီလား? ဘုရားတော့ရှိခိုးခဲ့တယ် လာကြိုတာနောက်ကျနေမှာစိုးလို့ တရားမထိုင်ခဲ့ရဘူး နောက်နေ့ကျရင် လာကြိုတာနောက်ကျပစေ တရားတော့ရအောင်ထိုင်ပါ

အော်
လေးစားဖို့ကောင်းလိုက်တာ မနက်စာဖိတ်လို့အတူစားခဲ့တယ် အတုယူစရာတွေက တခုပီးတခုဘဲမနက်စာမစားခင်မှာ အစားသောက် ပုဂံလေးကိုင်ပီး ဗုဒ္ဓမြတ်စွာဘုရားကိုဆည်းကပ်လူုပါတယ်အရှင်ဘုရား

ကိုယ်က အရင်စားမိလိုက်တော့ မျက်နှာဘယ်သွားထားရမှန်းမသိဘူးငါတို့နိုင်ငံမှာ တယောက်နဲ့တယောက်တွေ့ရင်မင်္ဂလာရှိသောနံနက်ခင်း မင်္ဂလာရှိသော ညနေခင်းလို့ ဘယ်သူမှ နူတ်မဆက်ကြဘူး တရားထိုင်ပီးပြီလားဘဲ မေးကြတယ်

မွေးနေ့မနက် ရွှေတိဂုံဘုရားမှာဘုရားပန်းလဲ, သောက်တော်ရေချမ်းကပ်, ဆီမီးပူဇော်ပီး အလူုခံပုံးတွေထဲ အမေရိကန် ဒေါ်လာ ၅၀ စီထည့်ပီး ဆုတောင်းကြတယ်

ဆုတောင်းပုံက
နောင်ဘဝမှာ ဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာပြည်မှာလူလာဖြစ်ပီး ဗုဒ္ဓဘာဝင်ဖြစ်ရပါစေတဲ့

ငှက်ကလေးတွေကိ အစာကျွေးပြန်တော့ ငှက်ကလေးတွေ နေ့စဉ်နေ့တိုင်း အစာများများစားရပါစေ ဒီငှက်ဘဝကုန်ဆုံးပီးရင်လည်းလူပြန်ဖြစ်ပီး ဗုဒ္ဓမြတ်စွာဘုရားကိုရှိခိုးတတ်သူတွေူဖြစ် ကြပါစေ

သူတို့ကပြောသေးတယ်နေ့သစ်တနေ့စတိုင်း ဗုဒ္ဓမြတ်စွာဘုရားကို မရှိခိုးရဘဲနဲ့ ဘာအလုပ်မှစမလုပ်ဘူးတဲ့

ဘုရားတွေကိုလှည့်ပတ်ပြတဲ့ခါမှာလည်းဒီနေရာလည်းကောင်းတယ် ကင်မရာနဲ့ ဓာတ်ပုံရိုက်လို့ရတယ် ပြောတော့ ငါတို့ကင်မရာယူမလာဘူး မျက်စိနဲ့ဘဲကြည့်မယ်

မေ့ကျန်ခဲ့လို့လားမေးတော့ ပိုင်ဆိုင်မူတခုရှိရင် တခုအတွက်စိုးရိမ်ပူပန်ရတယ် နှစ်ခုရှိရင်နှစ်ခုအတွက်ပူပန်ရတယ် ဘာမှမယူလာတော့ ဘာအတွက်မှ စိုးရိမ်ပူပန်မနေရဘူးတဲ့

ပြင်ဦးလွင်ရောက်တော့ ရထားလုံးစီးကြမယ်ပြောတော့မစီးဘူး ငါတို့က ဗုဒ္ဓဘာသာဝင်တွေတိရိစ္ဆာန်တွေကို သနားရမယ် ညှာတာရမယ်မဖြစ်မနေသွားရမယ့် ခရီးဆိုမှစီးသင့် စီးမယ်

လမ်းတလျှောက်အလူုခံမဏ္ဍပ်တွေ့တော့ ကားပေါ်ကနေလှမ်းပစ်ပီး လူုခဲ့တယ် ဧည့်လမ်းညွန် ဒါဘာလုပ်တာလဲ လူုတာလေ လူုတယ်ဆိုလည်း ကားရပ် ဖိနပ်ချွတ်ပီး လက်နှစ်ဖက်နဲ့ရိုရိုသေသေလူုရမှာပေါ့ခုနင့်ဟာက လူုတာနဲ့မတူဘူးတိရိစ္ဆာန်ရုံထဲ ကားပတ်စီးပီး ဆင်တွေ မျောက်တွေကို အစာချကြွေးသလိုဖြစ်နေပီ

တခြားဘာတွေမြင်ရင် အထင်သေးသွားလိမ့်မယ် ငါလူုပြမယ်ဆိုပီး ဖိနပ်ချွတ် လက်နှစ်ဖက်နဲ့ ရိုရိုသေသေ လူုပြသွားတယ်

အကြိမ်ကြိမ်ခါရှက်လွန်းလို့ ဘာစကားလုံးသုံးရမှန်းမသိတော့ဘူး

ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ထဲရောက်ပြန်တော့လည်း ဧည့်လမ်းညွန် ခဏလာပါဦး ဒါ ဆင်စွယ်နဲ့လုပ်ထားတဲ့ ဘီး, ဆံထိုး, ဆေးတံ, အရုပ်တွေမဟုတ်လားဟုတ်တယ် ဘာဖြစ်လို့လဲ

တခြားဧည့်သည်တွေဝယ်ချင်တယ်ဆိုရင်သူတို့မဝယ်အောင် နင်ကတိုက်တွန်းရမယ် ပညာပေးရမယ် ဒီဆင်စွယ်တွေရဖို့ ဆင်တွေကိုသတ်ရတာ ဒါတွေကိုဝယ်ရင် ဆင်တွေကိုသတ်ခိုင်းတာနဲ့ အတူတူဘဲ မြတ်စွာဘုရားမကြိုက်ဘူးလို့ပြောကြားလား

ကျနော် မချီးကျုးဘဲ မနေနိုင်တော့ပါဘူး
ကလောသွားတဲ့လမ်းမှာ ဧည့်လမ်းညွန်အပေါ့သွားချင်လို့ အိမ်သာတွေ့ရင်ရပ်ပေးဦး ခြူုံထူပီးလမ်းရှင်းတဲ့နေရာရောက်ရင်ရပ်ပေးမယ် လမ်းဘေးမှာသွားလို့ရတယ် မြို့နဲ့ဝေးသေးတယ်

ငါလမ်းဘေးမှာ အပေါ့မသွားဘူး ငါတို့ရောက်နေတာ ယဉ်ကျေးတဲ့နိုင်ငံ လေးစားရမယ်

နောက်တနေ့ညနေမှာ လေယဉ်နဲ့ဘန်ကောက်ကိုသွားကြတယ် အဲဒီကတဆင့် အင်္ဂလန်ကိုပြန်ကြမှာပါ ရန်ကုန်လေဆိပ်ကိုအသွား ရွှေတိဂုံဘုရားကိုအနောက်မုခ်ကနေ ဘုရားကိုဦးချသွားကြတယ်

ရွှေတိဂုံဘုရားရေ ကျမတို့ပြန်သွားပြီ ကျမ အသက်ကြီးနေလို့ နောက်တခေါက်ပြန်လာနိုင်ဖို့ဆိုတာမသေချာတော့ပါဘူး နောင်ဘဝမှာလူဖြစ်ခဲ့ရင မြန်မာနိုင်မှာလူဖြစ်ပီး ဗုဒ္ဓဘာသာ ဝင်ဖြစ်ချင်ပါတယ် ကျမ ဧည့်လမ်းညွန်နဲ့လည်း ဆွေမျိုးတော်ချင်ပါတယ် ဘုရား

မျက်ရည်တွေ နဲ့စိုချွဲနေတဲ့ အမေကို သားဖြစ်သူက ဖေးကူမပြီး ကာပေါ်ကိုကြင်ကြင်နာနာတွဲခေါ်သွားတယ်

သူတို့သားမိနှစ်ယောက်နဲ့သွားခဲ့ရတဲ့ ၁၄ ရက်ခရီးဟာ ကျနော့်အတွက် တော့ ရလိုက်တဲ့ သင်္ခန်းစာတွေက အများကြီး တကယ့်တန်ဖိုးဖြတ်မရနိုင်တဲ့ အရာတွေချည်းပါဘဲ

တင်လိုင်မြင့်
ကြေးမုံစာ ( ၆)
ပူလောင်မှုများထာဝရကင်းဝေးပါစေ
https://www.facebook.com/mp4younews/posts/1772603006129950
.......................................................................


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>