Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိမ်နီးချင်းစကားများရန်ဖြစ်ရာမှ ပါလာသော ဓားဖြင့်ထိုးသတ်၍ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

$
0
0

လက်ပံတန်း မေ ၂၆

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် လက်ပံတန်းမြို့နယ် သီတာကုန်းအုပ်စု သံဖြူရုံကျေး ရွာတွင် အိမ်နီးချင်းစကားများ ရန်ဖြစ်ရာ ပါလာသော ဓားဖြင့်ထိုး သတ်၍ မိမိကိုယ်ကိုလည်း ထိုဓား ဖြင့်ပင်ထိုးသွင်းမှု မေလ ၂၅ ရက်နေ့  မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍သေဆုံး သူ မမေမြတ်သူ၏ အဒေါ်ဖြစ်သူ ဒေါ်ယဉ်မိုးသွယ်၏ ပြောပြချက် အရ မမေမြတ်သူ၏ အိမ်ရှေ့ မြေကွက်လပ်တွင် အိမ်နီးချင်း ဖြစ်သူ မောင်ဟိန်းမင်းဇော်တို့သည် လွန်ခဲ့သောနှစ်ရက်ခန့် ဟိန်းမင်း ဇော်သည် မမေမြတ်သူ၏ နေအိမ် ပေါ်သို့ ညပိုင်းတက်ရောက်ပြီး ခြင်ထောင်အားလှန်၍ နောက် ပြောင်သည့်ကိစ္စနှင့် စကားများ ရန်ဖြစ်နေသည်ကိုကြားရ၍ ကြည့် နေစဉ် ဟိန်းမင်းဇော်က ၄င်းတွင် ပါလာသောဓားဖြင့် မမေမြတ်သူ အား ထိုးလိုက်သဖြင့် မမေမြတ်သူ လဲကျသွားကြောင်း၊ ၄င်းကသွား ရောက်ကြည့်ရှုရာ မမေမြတ်သူ၏ ယာဘက်လက်မောင်းတွင် ပြတ်ရှ ဒဏ်ရာနှစ်ချက်၊ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်နို့အုံပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာဘက်နို့အုံ အောက် ထိုးသွင်းဒဏ်ရာတစ်ချက် တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ ရပြီး ဟိန်းမင်းဇော်အား အခြား သူနှစ်ဦးမှ ဆွဲခေါ်သွားစဉ် ဟိန်း မင်းဇော်သည်ထိုဓားဖြင့် မိမိကိုယ် ကို ရင်ဝသို့ ထိုးသွင်းလိုက်ကြောင်း နှင့် ဟိန်းမင်းဇော်အား ဇီးဖြူကုန်း ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွား ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ မမေမြတ်သူအား ခမုံ တိုက်နယ်ဆေးရုံသို့လည်းကောင်း၊ ဟိန်းမင်ဇော်အား ဇီးဖြူကုန်း ဆေးရုံသို့ပို့ဆောင်ပြီး ဆေးစစ်ဆေး ချက်ရယူကာ ခမုံရဲစခန်းမှ ရဲလုပ် ငန်းစဉ်အတိုင်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

The Union Daily
https://www.facebook.com/uniondaily.net

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>