Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တွန်းဇံမြို့နယ်အတွင်း မိုးကြီး ပြီး တောင်ပေါ်ရေကန်ကျိုးပေါက်

$
0
0
 ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်။ ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA
 ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဒီနေ့မနက်က မိုးကြီးတာကြောင့် သဘာဝတောင်ပေါ် ရေကန်ကျိုးပေါက်ပြီး တွီးခိဇန်ကျေးရွာက အိမ်ခြေ ၄ဝ နီးပါး ရေနစ်မြုပ်သွားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။

အဲ့ဒီကျေးရွာက ဒေသခံ ၃ဝဝ ကျော်ကို ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။

"၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ တောင်ကျချောင်းရေတွေပေါ့နော် မိုးရေနဲ့အတူပေါ့ ရေကြီးလာပြီးမှ တွန်းဇံမြို့နယ်မှာရှိတဲ့ တွီးခိဇန်ကျေးရွာပေါ့ ရေလျှံမှုဖြစ်တာပေါ့ဗျာ၊ သူ့ရဲ့ကျေးရွာကတော့ အိမ်ခြေက ကျနော်တို့သိရသလောက် ၅၉ အိမ် လူဦးရေကတော့ ၃၁ဝ လောက်ရှိတာပေါ့နော် အဲ့လောက်ပဲသိရသေး တယ်ခင်ဗျ၊ ကျနော်တို့သတင်းအရ အိမ်ခြေ ၄ဝ လောက်တော့ ထိခိုက်တယ်လို့ ကြားရပါတယ်ခင်ဗျ၊ အခုလောလောဆယ် ဘုန်းကြီးကျောင်းပေါ့နော် အခုအမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ နေနေပါတယ်"

အခုချိန်ထိ လူသေဆုံးမှုအခြေအနေကို မသိသေးကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ရေကြီးမှုကြောင့် ချင်းပြည်နယ်မှာ မြေပြိုကျပြီး လူ ၅ ဦး သေဆုံးခဲ့သလို လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ ရေဘေးကြောင့် ငွေကျပ် ၂၇ ဘီလီယံကျော် ဖိုး ပျက်စီးဆုံးရှုံးသွားတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရ ထံကနေ ငွေကျပ် ဘီလီယံ ၂ဝ တောင်းခံထားတယ်လို့ သိရပါတယ်။

အဲ့ဒီငွေနဲ့ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်း၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ အဆောက်အဦတွေနဲ့ လယ်မြေတွေကို ပြန်လည်ပြင်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>