Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ချစ်သူနှင့် ချိန်းတွေ့နေစဉ် အရိုက်ခံရ၍ ကျောက်ဖြူတွင် ကျောင်းဆရာ တစ်ဦးသေဆုံး

$
0
0


နိရဉ္စရာ၊ မေ ၂၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျောင်းဆရာသင်တန်းလာတက်နေသူ ကျောင်းဆရာတစ်ဦးသည် ချစ်သူနှင့် ချိန်းတွေ့နေစဉ် အရိုက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့မစခန်းမှူးမှ အခင်းဖြစ်ပွားမှုကို အတည်ပြုပြီး သေဆုံးသူမှာ မင်းပြားမြို့နယ် ဇီးကိုင်းသစ်ကျေရွာမှ မူလွန်ကျောင်းဆရာ ဦးဇော်သန်းအောင် (၂၄) နှစ်ဖြစ်ကြောင်း ပြောကြားသည်။

“ သူက ရပ်ကွက်ထဲက သူ့ချစ်သူကောင်မလေးနဲ့ ကျောက်ဖြူ ဂေါက်ကွင်းမှာ ချိန်းတွေ့နေစဉ် နောက်ကနေ အရိုက်ခံရတယ်လို့ သိရပါတယ်။ မေ ၂၆ ရက် ည ၉ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ သိရပါတယ်” ဟု စခန်းမှူးက ပြောကြားသည်။

၎င်းဖြစ်စဉ်မှာ ည ၉ နာရီကျော်မှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း နံနက် ၇ နာရီမှ ရဲကို အကြောင်းကြား၍ သိရှိရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လူသတ်တရားခံကို ယခု ဖမ်းဆီးထားပြီ ဖြစ်ကြောင်း၊ စစ်ဆေးနေတုန်းဖြစ်၍ အမည်နှင့် နေရပ်လိပ်စာအား ဖော်ပြရန် မသင့်သေးကြောင်း စခန်းမှူးက ပြောကြားသည်။

ကျောက်ဖြူမြို့ခံများအား ဆက်သွယ်မေးမြန်းရာ လူသတ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူမှာ ငါးဖမ်းသင်္ဘောသား တစ်ဦးဖြစ်ကြောင်း ပြောကြားသည်။

(လူသတ်တရားခံဟု စွပ်စွဲခံရသူနှင့် နေရပ်လိပ်စာကို သိရှိပါက ထပ်မံတင်ပြပေးပါမည်။)

Narinjara
https://www.facebook.com/Narinjara

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>