နိရဉ္စရာ၊ မေ ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့ရှိ ရွှေတောင်ရေခဲစက်သည် ဂတ်စ်အိုး ပေါက်ကွဲပြီးမီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
မာန်အောင်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးက “ မီးလောင်တာမှန်ပါတယ်။ ဂတ်စ်အိုး ပေါက်ကရာကနေ မီးလောင်တယ်လို့ သိရပါတယ်။ ရေခဲစက် တစ်ခုလုံး လောင်တယ်လို့ သိရပါတယ်။ အခုက သွားရောက်စစ်ဆေးနေတဲ့သူတွေ မရောက်သေးတဲ့ အတွက် အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ပြောဆိုသည်။
မီးမှာ ညနေ ၅ နာရီကျော်မှ စတင်ကာ ၇ နာရီကျော်ထိ လောင်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ၎င်းတာဝန်ရှိသူက ပြောကြားသည်။
မာန်အောင်မြို့နယ် မီးသတ်ဌာနသို့ဆက်သွယ်မရသေးသဖြင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို မသိရသေးပါ။
အောင်လင်းထွန်း (မာန်အောင်)
Narinjara
https://www.facebook.com/Narinjara