နေပြည်တော်၊ မေ ၂၉
၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ည ၉ နာရီအချိန် ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီ ရပ်ကွက်၊ ဂရိတ်ဝေါပလာဇာ(၅)လွှာရှိ Happy Time World ကစားကွင်း၌ မဟာအောင် မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်နေ အေးသောင်းပြုံး(ခ)ဖိုက်တာ(၃၄)နှစ်ပါ ကျား(၄) ဦးသည် ဓားရှည်(၂)ချောင်းဖြင့် ရောက်ရှိလာပြီး ကောင်တာအတွင်းရှိ(၇၅,၀၀၀)ကျပ်နှင့် အလုပ် သမား(၈)ဦးတို့၏ လက်ကိုင်ဖုန်း(၈)လုံး တို့အား ခြိမ်းခြောက်လုယူသွားခဲ့သည်။
မေလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် မန်နေဂျာ လွင်ဦး(၂၄)နှစ်မှ တိုင်တန်း၍ အေးသောင်းပြုံး(ခ) ဖိုက်တာ ပါကျား(၄)ဦးအား ချမ်းအေးသာစံမြို့မရဲစခန်း(ပ)၂၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
တရားခံများ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ ၆၇ လမ်းနှင့် ပျူစောထီးလမ်း၌ အေးသောင်းပြုံး(ခ)ဖိုက်တာ ပါ(၄)ဦးအား သက်သေခံငွေများ၊ လက်ကိုင်ဖုန်း(၇)လုံး၊ ဆိုင်ကယ်(၂)စီး၊ အရိုးအသွား(၂၇) လက် မခန့်ရှိ ဓားဦးချွန် ပါဓားရှည် (၂)ချောင်းတို့နှင့်အတူ ဖမ်းဆီးမိခဲ့သည်။
စစ်ဆေးချက်အရ ပြစ်မှု ကျူးလွန်ရာတွင် ချမ်းအေးသာစံမြို့နယ်၊ အကွက်အမှတ်(၂၆၇)ပဲဝင်းရပ်နေ ပြည့်စုံ(၁၈)နှစ်ပါ (၃) ဦးပါရှိကြောင်း သိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ၂၂၁၅ နာရီတွင် ၇၆ လမ်းနှင့် ပျူစောထီးလမ်း အနီးတွင် ဖမ်းဆီးရမိခဲ့၍ အမှုဖြင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ဓားရှည်ကိုင်ဆောင်သူ အေးသောင်းပြုံး (ခ)ဖိုက်တာပါ(၂)ဦးအား ချမ်းအေးသာစံမြို့မရဲစခန်း၌ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/