Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မိန္းကေလး အပ်ိဳစစ္ပါတယ္လို႔ သက္ေသျပဘို႔ရာ အသုံးျပဳႏိုင္တဲ့အခ်က္ (၈) ခ်က္

$
0
0

အေမး – က်မတို႔ လင္မယားႏွစ္ေယာက္မွာ ျပႆနာတစ္ခု တက္ေနပါတယ္ရွင့္။ က်မက အခုအသက္၂၃ ႏွစ္ရွိပါၿပီရွင့္။ က်မတို႔ မိန္းကေလး သဘာဝအရ ေယာက္်ားေလးနဲ႔ စၿပီး ေနတဲ့ေန႔မွာ ေသြးက်ရမယ္လို႔ က်မအမ်ိဴးသားက ေျပာပါတယ္။ က်မ အဲလိုေသြးမက်ဘူးတဲ့။ အဲဒါေၾကာင့္ က်မကို အပ်ိဳ မစစ္ဘူးလို႔ ေျပာပါတယ္။ ၿပီးေတာ့ ဘယ္သူနဲ႔ ဘာလုပ္ခဲ့လဲဆိုၿပီး ေန႔စဥ္ အဲဒါကိုပဲ ျပႆနာလုပ္ေနပါတယ္။ အမွန္တကယ္ကို က်မသူနဲ႔မရခင္ ဘယ္သူနဲ႔မွ ဘာမွမျဖစ္ခဲ့ပါဘူး။ သူ႔ကို ေျပာျပေတာ့လဲ သူကက်မကို မယုံေပးပါဘူး။ ဘာေၾကာင့္မ်ား က်မ သူမ်ားေတြနဲ႔ မတူပဲ ခုလိုမ်ိဳး ျဖစ္ေနရသလဲ ဆိုတာကို က်မအမ်ိဳးသား ယုံေအာင္က်မမွာ ေဆးပညာ ဗဟုသုတ မရွိတဲ့အတြက္ က်မတို႔ကို ကူညီေပးပါလို႔ ေတာင္းခံပါရေစရွင့္။

အေျဖ – “Medico-legal cases ေဆးပညာနဲ႔ မႈခင္းဆိုင္ရာ အျငင္းပြါးမႈ” ေတြမွာ သုံးႏိုင္တဲ့ Virginity of female မိန္းကေလး အပ်ိဳစစ္ပါတယ္လို႔ သက္ေသျပဘို႔ရာ အသုံးျပဳႏိုင္တဲ့အခ်က္ (၈) ခ်က္ရွိတယ္။

1. Breasts of virgin အပ်ိဳစစ္တေယာက္ရဲ႕ ရင္သားေတြဟာ လုံးဝန္းၿပီး တင္းေနမယ္။ အလုံးတခုကို ထက္ျခမ္း ျခမ္းထားလိုရွိတယ္။ ႏို႔သီးထိပ္ဖ်ားကလဲ ဖြံ႕ထြားမႈ မျပည့္စုံေသးဘူး။ ႏို႔ထိပ္အေရာင္ရင့္ အဝိုင္း အေရာင္က အသားျဖဴသူေတြမွာ ပန္းေရာင္၊ အသားေရာင္ သိပ္မျဖဴရင္ ညိဳတိုတို၊ ဒါမွမဟုတ္ အသားနက္ရင္ မဲေနမယ္။

2. Labia majora မ-အဂၤါႏႈတ္ခမ္းသား အႀကီးဟာ ထူမယ္၊ တင္းတင္းရင္းရင္း ရွိတယ္၊ ဆန႔္ႏိုင္-က်ဳံ႔ႏိုင္စြမ္း ရွိမယ္။ ေဘးအနားသတ္က လုံးဝန္းတယ္။ ဘယ္နဲ႔ညာ ႏႈတ္ခမ္းသားေတြက (ဗဂ်ိဳင္းနား) အဝကို လုံးဝ ဖုံးထားေနမယ္။

3. Labia minora မ-အဂၤါႏႈတ္ခမ္းသား အေသးဟာ ေသးငယ္တယ္၊ ပါးလ်ၿပီး ေပ်ာ့ေျပာင္းမယ္။ ထိကိုင္ရင္ အာ႐ုံခံအသိ သိပ္မ်ားတယ္။ အေရာင္ႏုမယ္။ သူ႔ကို မ-အဂၤါႏႈတ္ခမ္းသား အႀကီးကဖုံးထားမယ္။ (အေရာင္ ပိုရင့္သူေတြလဲ ရွိတယ္။ လိုတာထက္ ပိုရွည္-ပိုႀကီးေနသူေတြလဲ ရွိတယ္။ “Labia မ-အဂၤါ ႏႈတ္ခမ္းသား လွဘို႔လိုသလား” ကို ဖတ္ႏိုင္ပါတယ္။)

4. Clitoris မ-အစိဟာ ေသးငယ္ၿပီး ပန္းေရာင္ရွိမယ္။ သူ႔ကို မ-အဂၤါႏႈတ္ခမ္းသား အႀကီးကေန ဖုံးအုပ္ေနမယ္။ (အေရာင္က တသမတ္တည္း မဟုတ္ပါ။ အ႐ြယ္အစားကလဲ သိသာသူရွိသလို ေသးငယ္သူလဲ ရွိတယ္။ တေယာက္တည္းမွာ ဆက္ဆံမႈအႀကိမ္ မ်ားရင္မ်ားသလို၊ အသက္ရရင္ရသလို ပိုႀကီးလာမယ္။ ေဟာ္မုန္း ေရာဂါ ရွိရင္ က်ားအဂၤါလို ျဖစ္ေနမယ္။)

5. Vaginal opening ဗဂ်ိဳင္းနား အေပါက္ဝအက်ယ္ဟာ ၁ဝ ႏွစ္သမီးအ႐ြယ္မွာ လက္သန္းထိပ္ ေလာက္သာ ဝင္လိုရမယ္။ အ႐ြယ္ေရာက္ အမ်ိဳးသမီးဆိုရင္ လက္တေခ်ာင္းစာလို႔ ေျပာႏိုင္တယ္။ ရာသီေသြး ဆင္းတဲ့ အလုပ္ကိုသာ တာဝန္ထမ္းရဘူးေသးတယ္။

6. Vagina ဗဂ်ိဳင္းနား-လႈိင္ေခါင္းဟာ တင္းၾကပ္ေနမယ္။ က်ဥ္းတယ္။ မ်က္ႏွာျပင္ ၾကမ္းတမ္းေနမယ္။ အေပါက္ဝနဲ႔ သားအိမ္အဝၾကား အကြာအေဝးက တိုတိုေလးဘဲ ရွိမယ္။ ႂကြက္သားနဲ႔ အ႐ြတ္ေတြနဲ႔ တည္ေဆာက္ ထားတာမို႔ ဆန႔္ႏိုင္-က်ဳံ႔ႏိုင္၊ က်ဥ္းႏိုင္-က်ယ္ႏိုင္တယ္။ ဒါေပမဲ့ ဒီလို တခါမွ မလုပ္ဘူးေသးဘဲ အ႐ိုင္းသက္သက္ ျဖစ္ေနမယ္။ ေသြးမဆုံးခင္အထိ အရည္ရွိေနလို႔ အၿမဲတန္းလို စိုစြပ္ေနတယ္။ စိုစြပ္မႈ မ်ားေနခ်ိန္မွာ ထိုးသြင္းမႈကို ပိုၿပီး ခံႏိုင္ရည္ ရွိေစမယ္။)

7. Hymen အပ်ိဳေမွးဟာ အေရျပား-အႏုစား ျဖစ္တယ္။ ဗဂ်ိဳင္းနားအဝကို ဖုံးေနတယ္။ ၁ မီလီမီတာ ထူတယ္။ အလည္ေနရာက ပိုပါးတယ္။ ပုံမွန္ဆိုရင္ အေပါက္ငယ္ငယ္ေလးသာ ရွိမယ္။ အေပါက္ပုံစံက မတူၾက ဘူး။ ေဒါင္လိုက္၊ အဝိုင္း၊ လျခမ္းပုံ၊ အနားမညီမညာ ရွိမယ္။ ဒီပုံစံအားလုံးက ပုံမွန္ျဖစ္ပါတယ္။ (တကယ္လို႔ ထိခိုက္မႈ၊ ထိုးသြင္းမႈ၊ ဆက္ဆံမႈ တခုခုရွိရင္ စုပ္ၿပဲသြားမယ္။ စုပ္ၿပဲမႈကလဲ ဒဏ္အေပၚမွာ မူတည္တယ္။ ဒဏ္ျပင္းတာ၊ ထိုးသြင္းတဲ့အရာ ႀကီးတာ၊ ထိုးသြင္းမႈ အရွိန္-အႀကိမ္ေတြ အေပၚ မူတည္တယ္။ စုတ္ၿပဲခ်ိန္မွာ နာမယ္။ ဒဏ္တူတာျဖစ္ေပမဲ့ အနာခံႏိုင္စြမ္း မတူၾကဘူး။ အေတာ္မ်ားမ်ား အပ်ိဳေလးေတြ ပဌမအႀကိမ္ ဆက္ဆံရင္ မ်က္ရည္က်တဲ့အထိ နာတယ္။ ေသြးထြက္မယ္။ တကယ္လို႔ ေသးတာ၊ နည္းတာနဲ႔သာ ႀကဳံဘူးထားရာကေန ပိုႀကီးတာ၊ ပိုမ်ားတာနဲ႔ေတြ႕ရင္ နဲနဲသာနာမယ္၊ နဲနာသာ ေသြးထြက္မယ္၊ ေသြးမထြက္ တာလဲ ျဖစ္ႏိုင္တယ္။)

8. Fourchette commissure မ-အဂၤါႏႈတ္ခမ္းသား အႀကီးႏွစ္ခု ေအာက္ဖက္မွာ ဆုံတဲ့ေနရာကို ေခၚတယ္။ ဒီ အေရျပား-အႏုစားေလးက စုပ္ၿပဲမသြားေသးဘဲ မိေမြတိုင္း ရွိေနရတယ္။ (ဒီအခ်က္က Hymen အပ်ိဳေမွးလို အေရးပါေပမဲ့ လူေျပာ သိပ္မမ်ားဘူး။ ေမြးလမ္းကေန ကေလး မေမြးဘူးသူတိုင္း တင္းတင္းရင္းရင္း ရွိေနတယ္။)
ေဒါက္တာတင့္ေဆြ

#Unicode Version#
အမေး – ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက်၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိူးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။

အဖြေ – “Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။

1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတခုကို ထက်ခြမ်း ခြမ်းထားလိုရှိတယ်။ နို့သီးထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ်အရောင်ရင့် အဝိုင်း အရောင်က အသားဖြူသူတွေမှာ ပန်းရောင်၊ အသားရောင် သိပ်မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက်ရင် မဲနေမယ်။

2. Labia majora မ-အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်းရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝကို လုံးဝ ဖုံးထားနေမယ်။

3. Labia minora မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင်ရင် အာရုံခံအသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)

4. Clitoris မ-အစိဟာ သေးငယ်ပြီး ပန်းရောင်ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံးအုပ်နေမယ်။ (အရောင်က တသမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူရှိသလို သေးငယ်သူလဲ ရှိတယ်။ တယောက်တည်းမှာ ဆက်ဆံမှုအကြိမ် များရင်များသလို၊ အသက်ရရင်ရသလို ပိုကြီးလာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျားအင်္ဂါလို ဖြစ်နေမယ်။)

5. Vaginal opening ဗဂျိုင်းနား အပေါက်ဝအကျယ်ဟာ ၁ဝ နှစ်သမီးအရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လက်တချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေး ဆင်းတဲ့ အလုပ်ကိုသာ တာဝန်ထမ်းရဘူးသေးတယ်။

6. Vagina ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝနဲ့ သားအိမ်အဝကြား အကွာအဝေးက တိုတိုလေးဘဲ ရှိမယ်။ ကြွက်သားနဲ့ အရွတ်တွေနဲ့ တည်ဆောက် ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ ဒါပေမဲ့ ဒီလို တခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင်အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။)

7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်နေရာက ပိုပါးတယ်။ ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြ ဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနားမညီမညာ ရှိမယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။ (တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာ ကြီးတာ၊ ထိုးသွင်းမှု အရှိန်-အကြိမ်တွေ အပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ် ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့သာ ကြုံဘူးထားရာကနေ ပိုကြီးတာ၊ ပိုများတာနဲ့တွေ့ရင် နဲနဲသာနာမယ်၊ နဲနာသာ သွေးထွက်မယ်၊ သွေးမထွက် တာလဲ ဖြစ်နိုင်တယ်။)

8. Fourchette commissure မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲမသွားသေးဘဲ မိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်းကနေ ကလေး မမွေးဘူးသူတိုင်း တင်းတင်းရင်းရင်း ရှိနေတယ်။)
ဒေါက်တာတင့်ဆွေ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...