၂၉-၅-၂၀၁၈ ရက်နေ့ ညဦးပိုင်း တွင် ရှမ်းပြည်နယ်
(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် ဝိန်းလိတ်ကျေးရွာအုပ်စု/ကျေးရွာ
တွင်တူမီးသေနတ်ဖြင့်ပစ်၍လူတစ်ဦးသေဆုံးသွားကြောင်း
သတင်းအရ မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေ
ခေတ္တမြို့မရဲစခန်းမှူး ရဲအုပ်ကျော်သူဌေး နှင့် နယ်ထိန်းတပ်ဖွဲ့
ဝင်များသည်သက်သေများနှင့်အတူအခင်းဖြစ်ရပ်သို့သွားရောက်
စစ်ဆေးရာဝိန်းလိတ်ကျေးရွာလမ်းမပေါ်တွင် အဆိုပါကျေးရွာ
နေ စိုင်းနန္ဒ(ခ)စိုင်းတ(၃၃)နှစ်သည် လည်ပင်းဖောက်ဝင်ဒဏ်
ရာ(၃)ချက် ဝဲရင်အုံတွင်ဖောက်ဝင်ဒဏ်ရာ(၆)ချက်လည်ဂုတ်
တွင်ပေါက်ပြဲဒဏ်ရာ(၂)ချက်တို့ရှိသေဆုံးနေသည်ကိုတွေ့ရှိရ
သည်။
ဖြစ်စဉ်အားစုံစမ်းရာသေသူ စိုင်းနန္ဒ(ခ)စိုင်းတ နှင့်
အိုက်ပ တို့သည် ညနေ ၄ နာရီခန့်တွင် ရွာအဝင်နတ်စင်အား
ရဲဒင်း/လွှတို့ဖြင့်ဖျက်ဆီးနေသည်ကို ဦးစိုင်းမောင်(နတ်ဆရာ)
မှမြင်တွေ့သဖြင့်၎င်းမှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတီယ ထံ
သတင်းပို့သဖြင့် ဦးတီယနှင့်ရွာသားများမှသွားရောက်တားမြစ်
ကြရာ စိုင်းနန္ဒ(ခ)စိုင်းတ မှ ဦးတီယအားရဲဒင်းဖြင့်ပြန်လည်ခုခံ
ရန်ပြုသဖြင့်ဦးတီယမှအသင့်ပါလာသောတူမီးသေနတ်ဖြင့်ပစ်ခတ်၍ဒဏ်ရာရှိသေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရသည်။
သို့ဖြစ်၍ဦးတီယအားမိုင်းဆတ်မြို့မရဲစခန်း(ပ)၃၅/၂၀၁၈
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှု့ဖွင့်စစ်ဆေးလျှက်ရှိကြောင်း
သိရှိရသည်။
ငြိမ်းချမ်း(ပြည်)