Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပြည်မှာ ဆန္ဒပြကျောင်းသားတွေ ဖမ်းဆီးခံရ

$
0
0
စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ပြည်မြို့ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က ဖမ်းဆီးစဉ် / Photo: Myit Taoo - facebook
စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး ဒီကနေ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုရာမှာ ဆန္ဒပြသူတွေထဲက ၈ ဦးကို ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ အခြေခံပညာ ကျောင်းသားသမဂ္ဂ(အကသ) ကျောင်းသားတွေ ကို ပြည်မြို့က ရွှေဆံတော်စေတီရှေ့အရောက်မှာ ဖမ်းဆီးလိုက်တာလို့ ဆန္ဒပြပွဲမှာ ဝန်းရံပါဝင်ခဲ့တဲ့ ကိုမေတ္တာဦးက ပြောပါတယ်။

"ငြိမ်းချမ်းရေးနဲ့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ဆိုပြီး ကျနော်တို့က တောင်းဆိုတယ်၊ ကလေးတွေက ရွှေဆံတော်လည်းရောက်ရော ကလေးတွေကိုဖမ်းတယ်၊ ၅ ယောက်ပါသွားတယ်၊ နောက်ပြီးတော့ ဘုရားပေါ်မှာကျန်တဲ့သူ ၃ ယောက်ကို ထပ်ဖမ်းတယ်၊ အခုလောလောဆယ် အားလုံး ၈ ယောက်ပေါ့ ၊ ပြည်ကတာဝန်ခံ ၂ ယောက်ရှိတယ်လေ၊ သူတို့ကို ကိုယ်ပိုင်အာမခံနဲ့ တောင်းထားတယ်၊ အဓိက နှစ်ယောက်ပဲ တရားစွဲတယ်၊ ကျန်တဲ့သူတွေကိုတော့ ဝန်းရံသူတွေအနေနဲ့ တရားတော့မစွဲဘူး"

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က စစ်ပွဲတွေရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်နဲ့ နတ္တလင်းမြို့က ကျောင်းသားတွေ အပါအဝင် လူငယ်တွေကို တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူနှစ်ဦးဖြစ်တဲ့ ကိုရန်ပိုင်ထက်နဲ့ ကိုစစ်မြတ်မင်းတို့ကို ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရားစွဲထားပြီး ကျန်တဲ့သူ ၆ ဦးကိုတော့ တရားစွဲမှာ မဟုတ်ကြောင်း ရဲစခန်းက ပြောခဲ့တယ်လို့ ကိုမေတ္တာဦးက ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မတင်ဘဲ လုပ်ခဲ့တာဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က မနေ့က ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံခဲ့ကာ ဆန္ဒပြဖို့အတွက် စာတင်ဖို့ပြောကြားခဲ့သေးတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးတောင်းဆိုခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရာစွဲခံဆို ထားရသူ ဦးရေ ၅ဝ ကျော်ရှိပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>