Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သေဆုံးသည်ဟုဆိုကာ ဆွမ်းကပ်တရားနာပြီးမှ မသေသေးကြောင်း ကြားသိရ

$
0
0


မိုးကောင်း၊ ဇွန် ၂

မိုးကောင်းတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသည်ဟုဆိုကာ သေသူအား ရည်စူး၍ ဆွမ်းကပ်တရားနာပြီးမှ မသေသေးဘဲ ဒဏ်ရာရရှိကာ ပြန်ရောက်ရှိခဲ့မှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်။

"ကျွန်တော့ညီလေးကို ထမ်းခေါ်လာပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လဲဒဏ်ရာနဲ့ ညီလေးကလည်း ဆက်မလိုက်နိုင်တော့ဘူးဆိုလို့ မိုင်းကွဲတဲ့နေရာကနေ ၅မိုင်အကွာ ကြံခန်ချောင်းလမ်း ဘယ်ဘက်မှာ သစ်ကိုင်းတွေနဲ့သေချာအုပ်ပေးပြီး ဆက်ထွက်လာခဲ့ပါတယ်"ဟု အစ်ကိုဖြစ်သူဟိန်းထက်အောင်က ပြောသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာအရှေ့တောင်ဘက် ၁၆မိုင်ခန့်အကွာ ဒမွန်ပါ ကွင်းတွင် မေလ၂၆ရက်နေ့၊ ညနေ၃နာရီအချိန်ခန့်က ဆားမှော်ကျေးရွာ အောင်မင်္ဂလာရပ်နေ ဦးစိုင်းအောင်(ခ) ဟိန်းထက်အောင် (၂၄)နှစ်နှင့် ဦးနိုင်နိုင်(ခ)နိုင်လင်း(၁၆)နှစ် ညီအစ်ကိုနှစ်ဦးတို့သည် ငါးရှာသွားစဉ် နင်းမိုင်းပေါက်ကွဲသဖြင့် ညီဖြစ်သူ ဦးနိုင်နိုင်(ခ)နိုင်လင်းတွင် ဘယ်ဘက်လက်မောင်းရိုးကျိုး၊ ယာနားထင်ရှပ်မှန်၊ ခြေထောက်နှင့် ခန္ဓာကိုယ်အနှံ့အပြားဒဏ်ရာရရှိကာ အစ်ကိုဖြစ်သူ ဦးစိုင်းအောင်(ခ) ဟိန်းထက်အောင် တွင်လည်း ကျောဒဏ်ရာတစ်ချက်၊ ယာပေါင်တစ်ချက်နှင့် ခြေမျက်စိတစ်ချက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အစ်ကိုဖြစ်သူဟိန်းထက်အောင်ကို ဆားမှော်ကျေးရွာ ပြည်သူ့စစ်အဖွဲ့မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လူမှုကူညီရေးကားဖြင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မေလ၂၉ရက်နေ့ ည ၉နာရီခန့်တွင် ရောက်ရှိ၍ မိုးကောင်းဆေးရုံမှတဆင့် မြစ်ကြီးနား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ပြီး တောထဲကျန်ရစ်သော ညီဖြစ်သူမှာ သေရန်ရာခိုင်နှုန်းများခြင်း၊ လမ်းမမှတ်မိတော့ခြင်း၊ သွားရှာသူများထပ်မံ ထိခိုက်နိုင်ခြင်းကြောင့် မည်သူမျှသွားမရှာတော့ဘဲ သေသူအဖြစ်ရည်စူးကာ ဇွန်လ(၁)ရက်နေ့၌ ကျေးရွာဘုန်းကြီးကျောင်းတွင် ရက်လည်ဆွမ်းသွပ်တရားနာ အမျှအတန်းပေးဝေအပြီး နံနက် ၁၀နာရီခွဲ အချိန်ခန့်တွင် မောင်နိုင်လင်းသည် ဒဏ်ရာများဖြင့် မသေဘဲ လယ်တဲတစ်ခုသို့ ရောက်ရှိနေကြောင်း အဆက်အသွယ်ရသဖြင့် မိဘများမှ သွားရောက်ခေါ်ယူကာ ဆားမှော်ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူပြီး ထိုမှတစ်ဆင့် မြစ်ကြီးနားတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။

“တောထဲမှာ တစ်ယောက်ထဲ ဒဏ်ရာတွေနဲ့ (၆)ညအိပ်ကာလကို ပါလာတဲ့သရက်သီးစိမ်းနှင့် ငါးပိဖုတ် စားပြီး အသက်ရှင်ခဲ့ရတယ်”ဟု ညီဖြစ်သူ ဦးနိုင်နိုင်ကပြောသည်။

ဒဏ်ရာများရရှိသော ညီအစ်ကိုနှစ်ဦးလုံးကို ဆားမှော် ခ.လ.ရ (၁၀၅)မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အနီးကပ်အကူအညီများ ပေးခဲ့ကြောင်း သိရသည်။

ချိုမောင်
EPN
https://www.facebook.com/epngnews/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>