Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မင်္ဂလာဒုံမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုများ အတုပြုလုပ်၍ သိုလှောင် ရောင်းချသူများကို ဖမ်းဆီးရမိ

$
0
0

မင်္ဂလာဒုံမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုများ အတုပြုလုပ်၍ သိုလှောင် ရောင်းချသူများကို ဖမ်းဆီးရမိသဖြင့် အမှုဖွင့် အရေးယူ
ရန်ကုန်၊ ဇွန် ၂

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ် အရက်တုမျိုးစုံကို အတုပြု လုပ်ကာ သိုလှောင်ရောင်းချ သူများအား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၁.၆.၂၀၁၈ ရက်နေ့က မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာကွက်သစ်နေသူများဖြစ်သည့် အောင်စိုး၊ (၂၅)နှစ်နှင့် မျိုးတင့်၊ (၁၉)နှစ်တို့၏ နေအိမ်တွင် နိုင်ငံခြားဖြစ်အရက်များကို အတုပြုလုပ်ကာ သိုလှောင် ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ Giang Master တံဆိပ် အရက်ဖာ(၄)ဖာ၊ Black Label တံဆိပ်အရက်ဖာ (၂)ဖာ၊ Ballantines တံဆိပ်အရက်ဖာ (၁)ဖာ၊ Red Label တံဆပ်အရက်ဖာ (၂)ဖာ၊ kingdon တံဆိပ်အရက်ဖာ (၆)ဖာ၊ ပုလင်းခွံနှင့် ပုလင်းအဖုံးခွံများနှင့် အရက်ရောစပ် ရာတွင်
အသုံးပြုသည့် စပ်ဆက်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။


အလားတူ ညနေ ၁၆း၃၀ နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြသီတာရပ်ကွက်ရှိ မျိုးမြင့်ခိုင်(ခ)ကိုမျိုး၊ (၃၆)နှစ်၏ နေအိမ်တွင် နိုင်ငံခြားဖြစ် အရက်မျိုးစုံကို အတုပြုလုပ်ကာ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၏ ဂိုဒေါင်အတွင်း မြေ အောက်ခန်းနှင့် ဂိုဒေါင် အတွင်းခန်းတို့မှ kingdon တံဆိပ် အရက်ဖာ (၉)ဖာနှင့် ပုလင်းခွံ (၂၀)လုံး၊ Giang Master တံဆိပ် အရက်ဖာ(၂)ဖာ၊ Donfife တံဆိပ် အရက်ဖာ(၄)ဖာနှင့် ပုလင်းခွံ (၃၀)လုံး၊ Red Label တံဆိပ် အရက်ဖာ (၃)ဖာ၊ B&G တံဆိပ်အရက်ဖာ (၂)ဖာ၊ Sired Wards တံဆိပ် အရက်ဖာ (၁)ဖာ၊ ပုလင်းအဖုံးခွံများ၊ အရက်ရောစပ်ရာတွင် အသုံးပြုသည့် စပ်ဆက် ပစ္စည်းများ ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

ယင်းသို့ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မျိုးမြင့်ခိုင်(ခ)ကိုမျိုးအား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၅၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့်လည်းကောင်း၊ အောင်စိုး၊ မျိုးတင့်တို့နှစ်ဦးအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၁၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ဖြင့်လည်းကောင်း အသီးသီးအမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>