Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လောဘကြီးသူ၊ အချောင်လိုချင်သူတွေကို လိမ်စားဖို့ ပြည်တွင်းထဲကို ရောက်နေတဲ့ အာဖရိက အုပ်စု

$
0
0

(အမျိုးတွေလက်လှမ်းမှီသလောက် ဝိုင်းရှယ်ပေးကြပါ)

“လိမ်စားဖို့ပြည်တွင်းရောက်နေသည့် African အုပ်စု”

19 လမ်း “ရွှေမင်္ဂလာ”ဆိုင်မှာ ညစဉ်နီးပါးတွေ့နေရတဲ့ Africans လူလိမ်တွေပါ။မိတ်ဆွေတစ်ဦးပြောပြသည့် အငြိမ်းစားရဲမှူးတစ်ယောက်ဆီကလိမ်သွားတဲ့နည်းလေးဖြစ်ပါတယ်။သင့်ကိုFacebook ကနေ fri လုပ်ထားတဲ့ ဥရောပတိုက်တစ်နေရာက မိတ်ဆွေတစ်ယောက်ရဲ့ messenger ကနေပြီးတော့ စာလာပါလိမ့်မယ်။


စာထဲမှာ သူ့ရဲ့ အာဖရိကတိုက် ရေနံထွက်တဲ့နိုင်ငံက သူဋ္ဌေးမိတ်ဆွေတစ်ယောက် နဲ့ မိတ်ဆက်ပေးပါလိမ့်မယ်၊ အဲဒီမိတ်ဆွေက သင့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်လို့ စိတ်ဝင်စားရင်ဆက်သွယ်ပါလို့ ပြောပြီး အဲဒီလူရဲ့ account ကိုပေးပါလိမ့်မယ်။

ကိုယ်က စိတ်ဝင်စားပြီးဆက်သွယ်လိုက်တာနဲ့ အဲဒီလူက သင့်ကိုပြောမှာက “သူတို့နိုင်ငံက စီးပွားရေးလုပ်ဖို့ ဥပဒေကတင်းကျပ်လို့ ဒေါ်လာ (သန်း ၃၀) လောက်နဲ့ ပထမဆုံးမြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခု စလုပ်ကြည့်ချင်တယ်၊ နောက်ပိုင်းအောင်မြင်ရင် ဒေါ်လာ ဘီလျံနဲ့ချီပြီး လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ လောဘတက်လာအောင်ဆက်ပြောပါလိမ့်မယ်။

သင်ကငွေအရင်းအနှီးထည့်စရာမလိုပဲ operation လုပ်ပေးတာနဲ့ shareholder ပေးမယ်၊ လုပ်ပေးနိုင်မယ်ဆိုရင် သူ့ရဲ့သားကို အရင်လွှတ်လိုက်ပြီး သင့်ရဲ့လုပ်ငန်းအခြေအနေနဲ့ အဆက်အသွယ်ကိုလာကြည့်မယ်၊ လုံခြုံစိတ်ချရတဲ့ပါတ်ဝန်းကျင်ဖြစ်ရင် ဒေါ်လာ (၁၀) သန်းအရင်ပို့လိုက်မယ်”



သင်က ok 👌 ဆိုတာနဲ့ နောက်တစ်ရက်မှာ သူ့သားရန်ကုန်ရောက်နေပြီ Asia Plaza Hotel မှာသွားတွေ့ပါလို့ ဖုန်းနံပါတ်ပေးလိမ့်မယ်၊

သင်က ဖုန်းဆက်လိုက်တာနဲ့ (ဓါတ်ပုံထဲကအုပ်စုထဲက) လူငယ်တစ်ယောက်က သင့်ကို ဟိုတယ်ရှေ့ကစောင့်နေလိမ့်မယ်၊ သူတိုနိုင်ငံက ပြင်သစ်ကိုလိုနီဖြစ်ခဲ့လို့ ပြင်သစ်စကားပဲတတ်တယ် အင်္ဂလိပ်လို ဖြေးဖြေးပြောမှ နားလည်တယ်ဆိုပြီး မတောက်တစ်ခေါက်ပြောလိမ့်မယ်၊

အဲဒါက သင်က စေ့စေ့စပ်စပ်မေးရင် သူကနားမလည်သလိုလုပ်ပြလိမ့်မယ်၊ သူပြောမှာကတော့ သူ့အဖေက black money တွေ အများကြီးရှိတယ် သူ့အစိုးရက ဥပဒေတင်းကျပ်လို့ အာရှကိုပြောင်းပြီး စီးပွားရေးလုပ်ဖို့ သူ့ကိုအရင်လေ့လာခိုင်းလိုက်တာ သင်ကလုပ်ပေးနိုင်လား၊ သင့်မှာသူ့အဖေပို့ပေးလိုက်မယ့်ငွေတွေထားဖို့ လုံခြုံတဲ့အိမ်ရှိသလား?

သင်က bank to bank လွှဲဖို့ပြောရင် သူက black money ဖြစ်လို့ လွှဲလို့မရဘူး သူ့အဖေသူငယ်ချင်း diplomatic officer တစ်ယောက်နဲ့ မြန်မာပြည်ကို ထည့်ပေးလိမ့်မယ်၊ သူ့အဖေနဲ့ ဆက်သွယ်မေးကြည့်ပါဆိုပြီး ပြန်သွားလိမ့်မယ်၊



သူ့အဖေက “သူ့သားပြောလို့ သိပြီးပြီ နောက်တစ်ပါတ်ကျရင် သူ့မိတ်ဆွေ သံအရာရှိတစ်ယောက်နဲ့ ငွေတွေထည့်ပေးလိုက်မယ်၊ လုံခြုံအောင်ထားပေးပါ”

နောက်တစ်ပါတ်အကြာမှာ သူ့သားဆိုတဲ့သူက ဖုန်းဆက်ပြီး သူ့အဖေရဲ့မိတ်ဆွေရောက်လာပြီ ငွေတွေပါလာတယ်၊ ကျွန်တော့ကိုအရင်လာခေါ်ပါ သူကခင်ဗျားအိမ်ကိုလာလိမ့်မယ် လိပ်စာပေးလိုက်ပါ၊

သင်နဲ့ သူ့သားနဲ့အိမ်ကစောင့်နေချိန်မှာ သံအရာရှိဆိုသူကဖုန်းဆက်ပြီး သူလာနေပြီလို့ပြောလိမ့်မယ် တအောင့်အကြာမှာ (ဓါတ်ပုံထဲက ခပ်ဝဝ တစ်ယောက်,ကုတ်တွေတိုင်တွေဝတ်ပြီး)သံအရာရှိပုံစံနဲ့ သံရုံးကားမစီးပဲ၊ Taxi စီးပြီးရောက်လာလိမ့်မယ်၊

သင့်အိမ်ရောက်တာနဲ့ သူ့ရဲ့ဖုန်းထဲက video နဲ့ US Dollars တွေအပြည့်ထည့်ထားတဲ့ LV ငွေသေတ္တာကြီးထဲကငွေစက္ကူတွေကို မှုတ်ဆေးအမဲတွေဖြန်းပြီး ငွေတွေကို ရုပ်ဖျက်နေတာပြလိမ့်မယ်၊

ပြီးတော့မှ အဲဒီငွေတွေကို လေဆိပ်မှာမသိအောင် ရုပ်ဖျက်သယ်လာခဲ့တဲ့အကြောင်း၊ သင့်ရှေ့မှာ ဒေါ်လာတစ်ရာတန်တစ်ရွက်ကို ဆေးအမဲနဲ့မှုတ်ပြပြီး သူ့မှာပါလာတဲ့ချွတ်ဆေးပုလင်းထဲကအရည်နဲ့ ပြန်ချွတ်ပြလိမ့်မယ်၊

သင့်ဆီမှာသိမ်းထားမယ့် အဲဒီဒေါ်လာ ၁၀ သန်းကို ပြန်ချွတ်ဖို့အတွက် ချွတ်ဆေးဝယ်ဖို့ ဒေါ်လာ (၁၅၀၀) သင့်ဆီကတောင်းလိမ့်မယ် (သင်က ဒေါ်လာ ၁၀ သန်းမက်ပြီး) ဆေးဖိုး ဒေါ်လာ ၁၅၀၀ (မြန်မာငွေ သိန်း ၂၀) ပေးလိုက်တာနဲ့ နောက်နေ့သင့်အိမ်လာပို့မယ်ဆိုပြီး သင်ဘယ်ကိုဖုန်းဆက်ဆက် ဖုန်းမကိုင်တော့ဘူး။

လောဘကြီးသူ,အချောင်လိုချင်သူ,ယုံလွယ်သူ,နိုင်ငံခြားသားအထင်ကြီးပြီး ဘိုလိုမတောက်တခေါက်မှုတ်တတ်သူများကို Facebook မှာလိုက်ရှာ၍ ရန်ကုန်တွင်အုပ်စုခွဲ၍ လုပ်စားနေကြသည့် အာဖရိကတိုက်သားများ ညဖက်ဆိုလျှင် ၁၉ လမ်းမှာ လူစုံ၍ ဝေစုခွဲကြပါသည်။

နောက်ထပ်လူများအလိမ်မခံရစေဖို့ သတင်းကြိုပေးပါသည်၊

Credit-Tin Oo Facebook မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>