ကမာၻ႔အျမင့္ဆံုး ဗုဒၶဆင္းတုေတာ္ ၇ ဆူစာရင္းကို Asia Correspondent သတင္းဝက္ဘ္ဆိုဒ္မွာ ေဖာ္ျပရာမွာ ျမန္မာႏိုင္ငံ၊ မံုရြာမွာရွိတဲ့ ေလးကၽြန္းစၾကာ ဗုဒၶ႐ုပ္ပြားေတာ္လည္း ပါ၀င္ခဲ့ပါတယ္။
ကမာၻ႔အျမင့္ဆံုး ဆင္းတုေတာ္ေတြအားလံုးဟာ အာရွေဒသတြင္းမွာ တည္ရွိေနတာျဖစ္ၿပီး အျမင့္ေပအလိုက္ အစီအစဥ္အတိုင္း ေဖာ္ျပထားခဲ့တာ ျဖစ္ပါတယ္။ဆင္းတုေတာ္ ၇ ဆူထဲမွာ အျမင့္ဆံုးကေတာ့ တ႐ုတ္ႏိုင္ငံ၊ ဟီနန္းျပည္နယ္မွာ တည္ရွိတဲ့ Spring Temple ဗုဒၶ႐ုပ္ပြားေတာ္ျဖစ္ၿပီး အျမင့္ ၅၀၂ ေပ ရွိပါတယ္။မံုရြာၿမိဳ႕၊ ေဗာဓိတေထာင္မွာတည္ရွိတဲ့ အျမင့္ ၃၈၁ ေပရွိတဲ့ ေလးကၽြန္းစၾကာဗုဒၶ ႐ုပ္ပြားေတာ္ကေတာ့ ဒုတိယေနရာမွာ ရွိေနပါတယ္။တတိယေျမာက္ေနရာမွာ ရွိေနတဲ့ ဆင္းတုေတာ္ကေတာ့ အျမင့္ ၃၆၇ ေပရွိတဲ့ ဂ်ပန္ႏိုင္ငံမွ ယူရွီကို ဒိုင္ဘူဆူ ဗုဒၶ႐ုပ္ပြားေတာ္ ျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံမွ ဧကရာဇ္ ယန္နဲ႔ ဟန္႐ုပ္တုေတြကေတာ့ အျမင့္ ၃၄၈ ေပနဲ႔ စတုတၳ ေျမာက္ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။ပဥၥမေျမာက္ေနရာမွာ ရွိေနခဲ့တာကေတာ့ ဂ်ပန္ႏိုင္ငံ ဆင္ဒိုင္ ဒိုက္ကန္နိုဗုဒၶဘာ သာ ဘုန္းေတာ္ႀကီးေက်ာင္းမွ အျမင့္ေပ ၃၃၀ ရွိတဲ့ ဆင္းတုေတာ္ ျဖစ္ပါတယ္။ဆ႒မေျမာက္ေနရာမွာေတာ့ အျမင့္ ၃၂၅ ေပရွိ တ႐ုတ္ႏိုင္ငံ၊ ေ၀့က်န္းျပည္နယ္မွ ကြမ္ရင္မယ္ေတာ္႐ုပ္တုက ရပ္တည္ေနတာပါ။ထိုင္းႏိုင္ငံ၊ အန္ေထာင္းခ႐ုိင္ထဲက ဗုဒၶ႐ုပ္ပြားေတာ္ႀကီးကေတာ့ အျမင့္ ၃၀၂ ေပနဲ႔ သတၱမေျမာက္ေနရာမွာ ရပ္တည္ေနပါတယ္။
DVB TV News
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော် ၇ ဆူစာရင်းကို Asia Correspondent သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြရာမှာ မြန်မာနိုင်ငံ၊ မုံရွာမှာရှိတဲ့ လေးကျွန်းစကြာ ဗုဒ္ဓရုပ်ပွားတော်လည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဆင်းတုတော်တွေအားလုံးဟာ အာရှဒေသတွင်းမှာ တည်ရှိနေတာဖြစ်ပြီး အမြင့်ပေအလိုက် အစီအစဉ်အတိုင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ဆင်းတုတော် ၇ ဆူထဲမှာ အမြင့်ဆုံးကတော့ တရုတ်နိုင်ငံ၊ ဟီနန်းပြည်နယ်မှာ တည်ရှိတဲ့ Spring Temple ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပြီး အမြင့် ၅၀၂ ပေ ရှိပါတယ်။မုံရွာမြို့၊ ဗောဓိတထောင်မှာတည်ရှိတဲ့ အမြင့် ၃၈၁ ပေရှိတဲ့ လေးကျွန်းစကြာဗုဒ္ဓ ရုပ်ပွားတော်ကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။တတိယမြောက်နေရာမှာ ရှိနေတဲ့ ဆင်းတုတော်ကတော့ အမြင့် ၃၆၇ ပေရှိတဲ့ ဂျပန်နိုင်ငံမှ ယူရှီကို ဒိုင်ဘူဆူ ဗုဒ္ဓရုပ်ပွားတော် ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ ဧကရာဇ် ယန်နဲ့ ဟန်ရုပ်တုတွေကတော့ အမြင့် ၃၄၈ ပေနဲ့ စတုတ္ထ မြောက်နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ပဉ္စမမြောက်နေရာမှာ ရှိနေခဲ့တာကတော့ ဂျပန်နိုင်ငံ ဆင်ဒိုင် ဒိုက်ကန်နိုဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးကျောင်းမှ အမြင့်ပေ ၃၃၀ ရှိတဲ့ ဆင်းတုတော် ဖြစ်ပါတယ်။ဆဋ္ဌမမြောက်နေရာမှာတော့ အမြင့် ၃၂၅ ပေရှိ တရုတ်နိုင်ငံ၊ ဝေ့ကျန်းပြည်နယ်မှ ကွမ်ရင်မယ်တော်ရုပ်တုက ရပ်တည်နေတာပါ။ထိုင်းနိုင်ငံ၊ အန်ထောင်းခရိုင်ထဲက ဗုဒ္ဓရုပ်ပွားတော်ကြီးကတော့ အမြင့် ၃၀၂ ပေနဲ့ သတ္တမမြောက်နေရာမှာ ရပ်တည်နေပါတယ်။
DVB TV News