Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကျွန်တော်လည်း မခိုဘူး ၊ ခင်ဗျားတို့လည်း မကပ်ပါနဲ့ ၊ တာဝန်မဲ့ရင် တာဝန်က ရပ်စဲရပါလိမ့်မယ် ၊ ကျနော် ကြိုပြောထားပြီနော်

$
0
0

"မြို့နယ် (EO)တွေကို မှာချင်တာ .....
မြို့နယ်တွေက လူထုနဲ့အဓိက ထိတွေ့ရတာပါ ၊လူထုကို လေးလေးစားစားဆက်ဆံကြဖို့မှာချင်ပါတယ် ၊
လူထုကိုသတင်းအချက်အလက်တွေပေးပါ (ဥပမာ) လမ်းခင်းတယ်ဆိုပါစို့ ၊
ဘယ်နေ့ခင်းတယ် ၊ဘယ်နေ့ပြီးမလဲ ၊
ဘယ်လောက်ကြာမလဲ ဆိုတဲ့
information ပေးရပါမယ် ၊
ဆိုင်းဘုတ်ဖြစ်ဖြစ်
ထောင်ထားပြီး ကြော်ငြာပေးရမယ်
ငါလုပ်ချင်သလို လုပ်မယ် ၊ ပြီးချင်တဲ့ အချိန်ပြီးမယ် မရပါဘူး ၊ ဘတ်ဂျတ်မှာပါတဲ့လုပ်ငန်းတွေဆိုရင်လည်း ဘယ်တော့ ဘယ်နေရာ ဘာလုပ်ပါမယ် တစ်ခါတည်း လူထုကို ကြော်ငြာ အသိပေးထားလို့ရပါတယ် ၊
ပြောမှလုပ် မေးမှဖြေ တွန်းမှမြန်မြန်လုပ်တာမျိုးက မကောင်းပါဘူး ၊
တာဝန်ဆိုတာ အသိစိတ်ပါ ၊
YCDC ဟာ လမ်းလေးခင်းပြယုံ အမှိုက်လေး သိမ်းပေးရုံမဟုတ်ပါဘူး ၊
လူထုကို ဝန်ဆောင်မှုပေးတဲ့
အဖွဲ့အစည်းပါ ၊
Mindsets တွေ ပြင်ကြပါ ၊
ကိုယ်က ဦးဆောင်ရှေ့ကနေ လုပ်ပြမှ လူထုက ပါလာမှာပါ
ပြီးတော့ ကျနော် သည်းမခံနိုင်တာ
တစ်ခုရှိပါတယ် မပြောသင့် မပြောအပ်တဲ့
ပြောပိုင်ခွင့်မရှိတဲ့ စကားကို လက်လွတ်စပယ် မပြောပါနဲ့ ၊
တာဝန်မဲ့စကားမပြောပါနဲ့ ၊
တာဝန်မဲ့ရင် တာဝန်က ရပ်စဲရပါလိမ့်မယ် ကျနော် ကြိုပြောထားပြီနော် ၊
လူထုကို ဆင်ခြေမပေးပါနဲ့ ၊
အလုပ်နဲ့ သက်သေပြပါ ၊
ဆင်ခြေပေးချင်ရင် ကျွန်တော်တို့ကို လာပေးပါ ၊
ခင်ဗျားတို့လည်း Government staff ကျနော်လည်း Government Staff ပါ ၊
ပြည်သူ့အစေခံပါ
ပြည်သူနဲ့တွေ့တဲ့အခါ
သခင်လို မနေကြပါနဲ့ ဒါအရေးကြီးတဲ့ အချက်ပါ ၊

ကျွန်တော် (၂)နှစ်ကျော် ကာလအတွင်း
အားလုံးကို စည်းရုံးပြီး အလုပ်လုပ်ခဲ့ပါတယ်
ဒီနှစ်ကစပြီး လုပ်ရည်ကိုင်ရည်နဲ့အရည်အချင်းကို ကြည့်ပါမယ် ဝန်ထမ်းအနေနဲ့ ရသင့်ရထိုက်တဲ့
အခွင့်အရေးပေးပါမယ် အလုပ်ကို ကြိုးစားကြပါ
အများအတွက် လူထုအတွက် လုပ်ပါ ဒီအစည်း
အဝေးခေါ်တာ အခုကစပြီး သွေးသစ်အားသစ်လောင်း လုပ်ကြဖို့ ခေါ်ပြောတာပါ

ကျွန်တော် လည်း မခိုဘူး ခင်ဗျားတို့လည်း မကပ်ပါနဲ့ "

ဦးမောင်မောင်စိုး
(ရန်ကုန်မြို့တော်ဝန်)

(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ ၊ ခန်းမ(၄)တွင် ရန်ကုန်စည်ပင်သာယာရေးကော်မတီအောက်မှ '၃၃'မြို့နယ် တိုင်းစည်ပင် ညွှန်ကြားရေးမှူး '၁၁'မြို့နယ် ၊ အားလုံးပေါင်း ၄၄ မြို့နယ် ၏ ကော်မတီဝင်များ ၊ တိုင်းစည်ပင်သာယာညွှန်ကြားရေးမှူး၊ ဌာနမှူးများ ၊ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အစည်းအဝေး)
၀၅/၀၆/၂၀၁၈ ၊ နေ့လည် - ၁:၀၀

ဦးမောင်မောင်စိုး

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>