Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရခိုင်အစိုးရနဲ့ ပြည်နယ်လွှတ်တော် မာနတွေလျှော့ဖို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြော

$
0
0
၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ လွှတ်တော် နှစ်ဘက်စလုံးအနေနဲ့ ကိုယ်စီကိုင်စွဲထားကြတဲ့ မာနတွေကို မလျှော့ကြ ဘူးဆိုရင် ရခိုင်ပြည်သူတွေ နစ်နာမယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး နောက်ဆုံးနေ့မှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောဆိုလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း အစိုးရဘက်ကတင်ပြလာတဲ့ ဘဏ္ဍာငွေတွေအပေါ်မှာ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ဖြတ်တောက်တာတွေမလုပ်ဖို့ လိုအပ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရက ချထားပေးတဲ့ ဘဏ္ဍာငွေကျပ် ၇ဝ ဘီလီယံထဲက ၆ ဘီလီယံကျော်ကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်က ဖြတ်တောက်ခဲ့ပါတယ်။ အဲဒီ ၆ ဘီလီယံကျော် ဖြတ်တောက်ခံရတဲ့အထဲမှာ ကျောက်တော်၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်တွေက အဆင့်မြင့်ဈေးတွေ ပါသလို လမ်းပြင်ဆင်တဲ့စီမံကိန်း စတဲ့ခေါင်စဉ်တွေ ပါဝင်နေပြီး အဲဒါတွေဟာ မလိုအပ်တဲ့အတွက် ဖြတ်တောက်တာ လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ် အရအသုံးဆိုင်ရာ ခန့်မှန်းငွေစာရင်းအပေါ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေကို ပြည်နယ်အစိုးရအဖွဲ့က အလေးအနက်ထား ဆောင်ရွက်ဖို့ကိုလည်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>