Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အဆိုတော်အစ္စဏီအမှုမှ တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်အား ဆက်လက်စစ်ဆေး

$
0
0

ရန်ကုန် ဇွန် ၈

အလိုမတူ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော် အစ္စဏီ(ခ)ဟန်ထွန်းဇော်အား ယနေ့နံနက်ပိုင်းက ရန်ကုန် တာမွေမြို့နယ် တရားရုံးတွင် စတုတ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုမော်ဒယ် စူးရှထက်ကို ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုတော် အစ္စဏီက မော် ဒယ်စူးရှထက်(ခေါ်)မဇာခြည်ဌေး ကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့ တွင် တရားလိုမော်ဒယ် စူးရှထက် (ခ)မဇာခြည်ဌေးကိုဒုတိယအကြိမ် မြောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုလ ၁ ရက်ရုံးချိန်းတွင် တရားလိုမော်ဒယ်စူးရှထက် (ခေါ်) ဇင်ခြည်ဌေးက ပထမဆုံးအကြိမ် လာရောက်စစ်ဆေးခံခဲ့ပြီး အမှုနှင့် ပတ်သက်သူများ၏ဂုဏ်သိက္ခာအရ တရားရုံးက တံခါးပိတ်စစ်ဆေးခဲ့ သည်။

အစ္စဏီအနေဖြင့် ဧပြီ ၁၂ ရက်က တာမွေမြို့နယ်ရှိ မော်ဒယ် စူးရှထက် ငှားရမ်းနေထိုင်သည့် တိုက်ခန်းအတွင်း မော်ဒယ်စူးရှ ထက်ကို လက်သည်းခွံများ လှန် ချိုးခြင်း၊ သားမယားပြုကျင့်ခြင်း များ ပြုလုပ်ခဲ့သည်ဟုဆိုကာ အမှု ဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး တရား လိုပြသက်သေ ၁၁ ဦး တင်သွင်း ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ တာမွေမြို့နယ် ရဲစခန်းက (ပ) ၃၆၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄၊ မုဒိမ်းမှု၊ ဘေး ဖြစ်စေသောလက်နက်ဖြင့် နာကျင် စေမှုပုဒ်မတို့နှင့် အမှုဖွင့်ထားပြီး တာမွေမြို့နယ်တရားရုံးက ကြားနာ စစ်ဆေးနေခြင်းဖြစ်သည်။

The Union Daily
https://www.facebook.com/uniondaily.net

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>