Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လူငယ္ေတြၾကား ေခတ္စားလာတဲ့ အခ်ည္အေႏွာင္မဲ့ တစ္ညအိပ္ေပ်ာ္ပါးျခင္း

$
0
0
မႏိုင္ႏိုင္ေမာ္ ( အမည္လႊဲ) တစ္ေယာက္ ေသာၾကာေန႔ညေနပိုင္း ေစာေစာ ႐ုံးဆင္းႏိုင္ဖို႔ အတြက္ အလုပ္ေတြ လက္စ သတ္ေနပါတယ္။အဲ့ဒီအခ်ိန္မွာပဲ မက္ေဆ့ခ်္ဝင္လာတဲ့ အသံၾကားလို႔ ဖုန္း ဖြင့္ၾကည့္လိုက္ေတာ့ သူမရဲ႕ မိန္းကေလးသူငယ္ခ်င္း တစ္ေ ယာက္ျဖစ္သူက ” ဒီည TGIF ၾကမလား ” ဆိုတဲ့ မက္ေဆ့ခ်္ကို ေတြ႕လိုက္ရပါတယ္ .. ” အိုေက ဆုံေနၾက ဘားကို လာခဲ့မယ္” လို႔ အေၾကာင္းျပန္လိုက္ရင္း အလုပ္ေတြ အၿပီးသတ္ေနပါေတာ့တယ္။

“TGIF” ဆိုတာ “Thanks God It’s Friday” လို႔ ေခၚတဲ့ တစ္ပတ္လုံး အလုပ္လုပ္ၿပီး ေသာၾကာေန႔ညမွာ အပန္းေျဖ တဲ့ အေနနဲ႔ Nigh Out ထြက္ တဲ့ ယဥ္ေက်းမႈ တစ္ခုပါ။ ျမန္မာႏိုင္ငံရဲ႕ ရန္ကုန္လို႔ ၿမိဳ႕ႀကီးက လူလတ္တန္းလႊာ ၾကားမွာ ထြန္းကားေနတဲ့ အေလ့အထ တစ္ခုပါပဲ။” အမ်ားအားျဖင့္ေတာ့ ဘားေတြသြား ျဖစ္တာ မ်ားပါတယ္။”” အဲ့ဒီ့မွာ အပန္းေျဖ ဘီယာတို႔ ဝိုင္တို႔ ညနက္တဲ့အထိေ သာက္ေပါ့”
” ကိုယ့္ကိုယ္ လာခ်ဥ္းကပ္တဲ့ လူေတြလည္း ရွိပါတယ္၊ အဆင္ေျပေတာ့ လည္း ေျပသလိုေပါ့ .. ေျပာရ ဆိုရတာလည္း အဆင္မေျပဘူူး၊ ကိုယ့္ဘက္ကလည္း စိတ္သိပ္မပါဘူး ဆိုရင္ေတာ့ ေရွာင္ထြက္သြားလိုက္တယ္” လို႔ သူမက ေျပာျပပါတယ္။ယေန႔လို အရွိန္အဟုန္နဲ႔ ေျပာင္းလဲမႈ ျမန္ဆန္လွတဲ့ ေခတ္ႀကီးမွာ လူေနမႈပုံစံေတြလည္း အမ်ားႀကီး ေျပာင္းလဲလာေန ပါၿပီ။ အမ်ားအားျဖင့္ ပညာတတ္ လူလတ္တန္းစား အထက္လႊာနဲ႔ အထက္တန္း အလႊာက လူေတြရဲ႕ ေတြးေခၚမႈပုံစံဟာ အရင္နဲ႔ မတူ အမ်ားႀကီး ေျပာင္းလဲ သြားတာကို ေတြ႕ရွိရပါတယ္။

ေခတ္က living together ကို ရာဇဝင္ထဲမွာ ေခ်ာင္ထိုးထားလိုက္ပါၿပီလို႔ လူမႈကြန္ရက္ေဖ့ဘြတ္သုံးစြဲသူတစ္ဦးက သူ႔ စေတးတပ္မွာ ေရးသားထားပါတယ္။ သူအဲဒီလိုေ ရးသားတင္ထားတာဟာ ဘာေၾကာင့္ လဲဆိုတဲ့အေၾကာင္းအရင္းတစ္ ခုရွိေနပါတယ္။ အဲဒါကေတာ့ One Night Standing လို႔ေခၚၾကတဲ့ အခ်ည္ အေႏွာင္မဲ့ တစ္ညတာေပ်ာ္ပါးျခင္းပါပဲ။“Living Together ဆိုတာကေတာ့ တာဝန္ယူမႈေတြပါလာၿပီဗ်။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုမ်ိဳးကို သေဘာမေတြ႕ဘူး။ ONS မွာေတာ့ ကိုယ္လည္းဆႏၵရွိတယ္။ သူလည္း ဆႏၵရွိတယ္။ ႏွစ္ေယာက္ေက်နပ္ လို႔တစ္ညအတူေနၾကတာ ထူးဆန္း တဲ့ကိစၥေတာ့မဟုတ္ဘူး” လို႔ အသက္၂၆ႏွစ္ဝန္းက်င္ သာေကတ ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အမ်ိဳးသားတစ္ဦးကဆိုပါတယ္။

သူ႔အေနနဲ႔လည္း လက္ရွိမွာေတာ့ ႏိုင္ငံျခားသူအမ်ိဳးသမီးတစ္ဦးနဲ႔ One Night Stand ေနျဖစ္တယ္လို႔ ေျပာပါတယ္။One Night Stand ဆိုတာ ကေတာ့ ျပည္ပႏိုင္ငံေတြမွာ ၂၀၀၀ျပည့္ႏွစ္ေနာက္ပိုင္းမွာကတည္းက ေခတ္စားလာခဲ့ တာ လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံက ဖြံ႕ၿဖိဳးတဲ့ၿမိဳ႕ႀကီးတစ္ခ်ိဳ႕မွာလည္း အဲဒီလိုအေလ့အထျပန႔္ႏွံ႔လာခဲ့ပါၿပီ။

ျမန္မာႏိုင္ငံမွာေတာ့ ဟိုးအရင္ကတည္းက အဲဒီလိုမ်ိဳး တစ္ညအိပ္ယဥ္ေက်းမႈေတြရွိခဲ့ေပမယ့္လည္း အနည္းစုေလာက္ ပဲျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ ပိုၿပီးေတာ့ ျပန႔္ႏွံ႔လာခဲ့တယ္ဆိုေတာ့ လက္ရွိ ၿမိဳ႕ႀကီးေတြမွာ ေခတ္စားေနတဲ့ Bar ယဥ္ေက်းမႈ၊ Club ယဥ္ေက်းမႈတို႔နဲ႔လည္း ဆက္ႏြယ္ေန တယ္ လို႔ ONS ကိုစိတ္ဝင္စားသူတခ်ိဳ႕က သုံးသပ္ၾကပါတယ္။အဂၤလိပ္ဘာသာဧည့္လမ္းၫြန္တစ္ေယာက္ျဖစ္တဲ့ ကိုေဇာ္ေဇာ္ကေတာ့ “အရင္ကတည္းက ဒီလိုမ်ိဳးျဖစ္ရပ္ေတြေက တာ့ရွိေနတာပဲ။ ဒါေပမယ့္ တခ်ိဳ႕ လူေလာက္ ပဲေလ” လို႔ ေျပာပါတယ္။

one-night-stand နဲ႔ Living Together ကြာဟခ်က္ကေတာ့ သမီးရည္းစား၊ မၾကာခဏေတြ႕ဆုံၿပီး အတူေနထိုင္သူ၊ လက္မထပ္ဘဲ အတူူ ေနထိုင္ၾကတဲ့စုံတြဲေတြလိုမဟုတ္ဘဲနဲ႔ အမည္၊ ဖုန္းနံပါတ္၊ ေနရပ္လိပ္စာ၊ အိမ္ေထာင္ရွိရွိ၊ မရွိရွိ သိစရာမလိုဘဲနဲ႔ ေငြေၾကးေတြနဲ႔လည္းမပတ္သတ္ဘဲ လိင္ပိုင္း ဆိုင္ရာတစ္ခုတည္းအတြက္နဲ႔သာ သက္ဆိုင္တယ္လို႔ ဆိုၾကပါတယ္။ဒါကေတာ့ ျမန္မာ့ဓေလ့နဲ႔မကိုက္ညီတာ ျမန္မာ့လူမႈအသိုင္းအဝိုင္းနဲ႔ မအပ္စပ္တဲ့အတြက္ ျမန္မာ့လူမႈ အသိုင္းအဝန္းထဲမွာ လက္မခံၾကတဲ့ သူမ်ားေနေပ မယ့္လည္း လက္ခံႏိုင္တဲ့ သူေတြလည္း ရွိေနပါ တယ္။

“ဒါကေတာ့ လူတစ္ဦးခ်င္းရဲ႕ ေ႐ြးခ်ယ္ပိုင္ခြင့္ပဲေလ။ သူ႔စံႏႈန္းနဲ႔သူတို႔ေ႐ြးခ်ယ္ပိုင္ခြင့္ပဲေပါ့။ အဲဒီအ ေပၚမွာ ဘာမွေျပာစ ရာေတာ့သိပ္မရွိပါဘူး” လို႔ ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္တဲ့ အသက္၃၀ ဝန္းက်င္အ ႐ြယ္ မရည္မြန္က ဆိုပါတယ္။လိင္မႈဆိုင္ရာ သာယာ မႈသက္သက္အျဖစ္ ONS ကိုက်င့္သုံးေနၾကတာဟာ က်န္းမာေရးဆိုင္ရာ ျပႆနာအနည္း ငယ္ေ တာ့ရွိေနပါတယ္။ ((အခုမွ ေတြ႕ဖူး႐ုံနဲ႔ ေနာက္ေၾကာင္းရာဇဝင္ကို မသိဘဲ အတူေနလိုက္ျခင္းဟာ မလိုလားအပ္တဲ့ က်န္း မာေရးဆိုင္ရာျပႆနာေတြကို ဖိတ္ေခၚရာလည္း ေရာက္ႏိုင္သလို ျမန္မာ့လူမႈ ဓေလ့နဲ႔ကြဲလြဲေနတဲ့အတြက္ေၾကာင့္ လူမႈေ ရးျပႆနာတခ်ိဳ႕လည္း ရွိေနႏိုင္ပါေသးတယ္။))

“ညီမတို႔လည္း ကလပ္ေတြတက္တယ္။ ဘား ေတြသြားျဖစ္တယ္။ ေသာၾကာေန႔လိုညဆိုရင္ Night Out ထြက္ၾကတယ္။ အဲဒီလို ONS ေတြပိုမ်ားလာတာ ကိုေတြ႕ရတယ္။ ဘာလို႔လဲဆိုေတာ့ ကလပ္ေတြ မွာလည္း အဲလိုမ်ိဳးေတြ ႀကဳံေတြ႕ရ တ ယ္။ေနာက္တစ္ခုက ညီမတို႔သူငယ္ခ်င္းေတြေတာင္ အဲဒီလိုမ်ိဳး ေတြ ကိစၥေတြလုပ္ေနၿပီးေတာ့ စကားဝိုင္းေတြမွာေတာင္ ေပၚ တင္ေျပာလာၾကတယ္။ ဒါကလည္း လူတစ္ဦးခ်င္းစီနဲ႔ ဆိုင္ပါတယ္။ ကလပ္တက္တဲ့ သူတိုင္းေတာ့မဟုတ္ဘူး။ ကိုယ့္ထိ န္းသိမ္းမႈနဲ႔ ကိုယ္ ပါပဲ” လို႔ေျပာလာသူကေတာ့ တာေမြမွာေနထိုင္တဲ့ အသက္၂၅ႏွစ္ဝန္းက်င္ အ႐ြယ္ မျဖဴျဖဴပဲ ျဖစ္ပါ တ ယ္။

မျဖဴျဖဴအေနနဲ႔ ဆိုရွယ္က်သူလို႔ ဆိုလို႔ရသလို Night Club နဲ႔ Bar ေတြကို မၾကာခဏသြားေရာက္ အပန္းေျဖေလ့ရွိၿပီးေ တာ့ လူငယ္ေတြပီပီ ပြင့္လင္းလြတ္လပ္မႈလည္းရွိၾကပါတယ္။ONS ကိစၥရပ္တစ္ခုမွာ လူငယ္ေတြသာမက လူလတ္ပိုင္းေတြမွာလည္း ပါဝင္ေနၿပီး ေငြေၾကးဆိုင္ရာ ကုန္က်မႈ အတြက္ ကိုေတာ့ မ်ားေသာအားျဖင့္ အမ်ိဳးသားေတြကသာ က်ခံၾကတာမ်ားတယ္လို႔ သိရပါတယ္။

လူအမ်ားစုကေတာ့ ကတိကဝတ္ေတြကိုႀကိဳက္ၾကေပမယ့္လည္း ကတိကဝတ္ေတြကို မႀကိဳက္သူေတြ လြတ္လ ပ္ေ ပါ့ေပါ့စြာ အခ်ည္အေႏွာင္ကင္းကင္း ေနခ်င္သူေတြအတြက္ေတာ့ ONS ကေတာ့ မက္ေမာ စရာ ျဖစ္ေနပါတယ္။One Night Stand အစျပဳတာကေတာ့ မ်ားေသာအားျဖင့္ အြန္လိုင္း လူမႈကြန္ရက္မီဒီယာေတြနဲ႔ ႏိုက္ကလပ္၊ ဘားေ တြအသုံးျပဳတဲ့သူေတြအၾကားမွာ ျဖစ္ေပၚတာမ်ားတယ္လို႔ သိရပါတယ္။

အဲဒီအေလ့အထနဲ႔ပတ္သတ္ၿပီးေတာ့ မြန္ျပည္နယ္က လႊတ္ေတာ္ကိုယ္စားလွယ္အမ်ိဳးသမီးတစ္ဦးရဲ႕ အျမင္ကို ေမးၾကည့္ တဲ့အခါမွာေတာ့ “အမတို႔ေတာ့ မၾကားဖူးဘူး။ ဒါေပမယ့္ ဒီကိစၥက လက္ခံစရာ မရွိဘူးေလ” လို႔ သူရဲ႕အျမင္ကိုေျပာျပ ခဲ့ပါ တယ္။“ကလပ္ေတြမွာက အဲဒီလိုေတြမ်ားတယ္။ မူးေနၿပီးေတာ့ သူတို႔ႀကိဳက္တဲ့ ႐ုပ္ရည္နဲ႔ဆိုရင္ အခ်င္းခ်င္း ခ်ိတ္ဆက္မိၾက တယ္။ ၿပီးေတာ့ တစ္ေနရာရာ ကိုသြားၿပီးေတာ့ သြားအိပ္လိုက္ၾကတယ္။ အဲဒီလို လုပ္ေနတဲ့သူေတြကလည္း ဆရာႀကီးေ တြမ်ားတယ္ေလ။ ျပည့္တန္ဆာေဈးကြက္ေတာင္ ပ်က္ႏိုင္ တယ္” လို႔ဆိုရွယ္က်က် ေနတတ္သူ တစ္ဦးကဆိုပါတယ္။

အဲဒီကိစၥဟာ ျမန္မာ့လူမႈအသိုင္းအဝန္းနဲ႔ ဆန႔္က်င္ေနၿပီးေတာ့ တားျမစ္ဖို႔ရာလည္း ခက္ခဲတဲ့ကိစၥ တစ္ခုပဲျဖစ္ပါတယ္။ အဲ ဒီလိုမ်ိဳးေနထိုင္သူေတြထဲမွာ အိမ္ေထာင္ရွင္ တခ်ိဳ႕လည္း ပါဝင္ေနတဲ့အ တြက္ေၾကာင့္ မိသားစုထိကိုပါ ၿခိမ္းေျခာက္ေန တဲ့ ျပႆနာ တစ္ရပ္လည္း ျဖစ္ပါတယ္။အဲဒီကိစၥရပ္ ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုရင္ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈေတြနဲ႔ မိမိကိုယ္ကိုယ္ ထိန္းသိမ္း တန္ဖိုးထားမႈေတြကို ငယ္႐ြယ္စဥ္ကတည္းက သင္ၾကားေပးထား ရမွာပဲျဖစ္ပါတယ္။

“ဒါဟာ ယဥ္ေက်းမႈကူးေျပာင္းလာတယ္။တိုးတက္ေျပာင္းလဲၿပီး အသိပညာေတြ ပြင့္လင္းျမင္သာလာ တာနဲ႔အမွ်ဒါေတြ ကပါ လာမွာ ပဲ။ လိင္တူခ်စ္သူ ေတြကိုေတာင္အရင္ကလက္မခံလာရာကေနအခု အေတာ္မ်ားမ်ားလ က္ခံလာေနသလိုေ ပါ့။ ႐ိုင္း႐ိုင္းေျပာရမယ္ဆိုရင္ေတာ့ ဒါလူ႔သဘာဝ ပဲ။က်ေနာ္ကေတာ့ မဆန္းဘူးလို႔ထင္ပါတယ္ ေကာင္းသလားဆိုရင္ေတာ့ မေကာင္းဘူးေပါ့ သစၥာ တရားကၾကည့္ရင္။ ဒါေ ပမဲ့ ဒါကို ထိန္းခ်ဳပ္လို႔မွမရတာဒါကလူ႔အခြင္အေရး ပဲေလ။မင္းတို႔ဒီလိုလုပ္လို႔မရဘူးဖမ္းမယ္ဆို ရယ္စရာႀကီးျဖစ္ေန မွာေ ပါ့ေနာ္။ ကိုယ္ေက်နပ္လို႔ ျဖစ္တာနင္တို႔နဲ႔ဘာဆိုင္လည္းေပါ့ေနာ္။

ေကာင္းတာ ေတာ့မဟုတ္ဘူး ဒါေပမယ့္ လက္မခံလို႔မရဘူး။ တိုးတက္ေျပာင္းလဲပြင့္လင္းလာတာနဲ႔ အမွ် ဒါေတြကျဖစ္ လာမယ္။ေနာက္ဆို အေနာက္ႏိုင္ငံေတြလို တြဲမယ္ ကေလးေတြဘာေတြရရင္ေတာင္မွ လက္ထပ္ခ်င္မွ လက္ထပ္မ ယ္ ။အဲဒီလိုေတြျဖစ္ လာႏိုင္ တယ္” လို႔ အသက္၂၆ ႏွစ္အ႐ြယ္ PR ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ကိုင္ေနသူ ကိုထက္က ဆိုပါတယ္။

လူတိုင္းဟာ သူ႔ရဲ႕ ေ႐ြးခ်ယ္မႈနဲ႔သူတို႔ရဲ႕ ဘဝလမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနၾကရတာျဖစ္တဲ့ အတြက္ေၾကာင့္ အခုလို မ်ိဳး ကူးစက္ျပန႔္ႏွံ႔လာတဲ့ အေလ့အထ အေပၚမွာလည္း ပါဝင္ခြင့္ရွိေနပါတယ္။ ဒါေပမယ့္လည္း အဲဒါနဲ႔ မရင္းႏွီးေသး တဲ့ သူေတြအတြက္ေတာ့ နားဝင္ရခက္တဲ့ကိစၥတစ္ခုပါပဲ။ ေနာက္ဆက္တြဲ ျပႆနာေတြအျဖစ္လည္း လိင္ပိုင္းဆိုင္ရာကေန တဆင့္ကူးစက္ေရာဂါေတြ ၊ လူမႈ ေရးျပႆနာေတြ ျဖစ္ေပၚႏိုင္ပါေသးတယ္။

ကိုယ့္ဇာတ္ကို ကိုယ္ႏိုင္ေအာင္ကၾကရင္ ၿပီးတာပဲလို႔ ဆိုသူေတြလည္းရွိသလို ျမန္မာ့ယဥ္ေက်းမႈကို ေသြဖယ္ေနတယ္လို႔ ဆန႔္က်င္သူေတြလည္း ရွိေနပါတယ္။ လူငယ္ေတြကိုယ္တိုင္လည္း လက္ခံသူေတြရွိသလို လက္မခံသူေတြ၊ မဆိုးပါဘူးလို႔ ဆိုသူေတြနဲ႔ အေႏွာင္အတြယ္မဲ့ျခင္းအေပၚ တြယ္တာေနသူ ေတြလည္းရွိေနပါတယ္။

One Night Stand အေလ့အထက တျဖည္းျဖည္းနဲ႔ လူငယ္၊ လူလတ္ပိုင္းေတြအၾကားမွာ စိမ့္ဝင္လာ ေပမယ့္လည္း က် ယ္ျပန႔္လာရင္ေတာ့ ေကာင္းတဲ့ လကၡဏာတစ္ခုေတာ့ မဟုတ္ေလေတာ့ အစြန္းမေရာက္သြားၾကဖို႔နဲ႔ ကိုယ္ေ႐ြးခ်ယ္တဲ့ လမ္းကို မွန္မွန္ကန္ကန္ေလွ်ာက္တတ္ၾကဖို႔ မိမိကိုယ္ကို မိမိရဲ႕ ဂုဏ္သိကၡာကို ထိန္းသိမ္းၾကဖို႔အတြက္ လူတ စ္ေယာက္ခ်င္းစီတိုင္း ကိုယ့္ရဲ႕စံႏႈန္းနဲ႔ ကိုယ္ေနဖို႔ လိုအပ္ပါလိမ့္မယ္။

Myanmar Platform
# Unicode Version ျဖင့္ ဖတ္ပါ #
မနိုင်နိုင်မော် ( အမည်လွှဲ) တစ်ယောက် သောကြာနေ့ညနေပိုင်း စောစော ရုံးဆင်းနိုင်ဖို့ အတွက် အလုပ်တွေ လက်စ သတ်နေပါတယ်။အဲ့ဒီအချိန်မှာပဲ မက်ဆေ့ချ်ဝင်လာတဲ့ အသံကြားလို့ ဖုန်း ဖွင့်ကြည့်လိုက်တော့ သူမရဲ့ မိန်းကလေးသူငယ်ချင်း တစ်ေ ယာက်ဖြစ်သူက ” ဒီည TGIF ကြမလား ” ဆိုတဲ့ မက်ဆေ့ချ်ကို တွေ့လိုက်ရပါတယ် .. ” အိုကေ ဆုံနေကြ ဘားကို လာခဲ့မယ်” လို့ အကြောင်းပြန်လိုက်ရင်း အလုပ်တွေ အပြီးသတ်နေပါတော့တယ်။

“TGIF” ဆိုတာ “Thanks God It’s Friday” လို့ ခေါ်တဲ့ တစ်ပတ်လုံး အလုပ်လုပ်ပြီး သောကြာနေ့ညမှာ အပန်းဖြေ တဲ့ အနေနဲ့ Nigh Out ထွက် တဲ့ ယဉ်ကျေးမှု တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ ရန်ကုန်လို့ မြို့ကြီးက လူလတ်တန်းလွှာ ကြားမှာ ထွန်းကားနေတဲ့ အလေ့အထ တစ်ခုပါပဲ။” အများအားဖြင့်တော့ ဘားတွေသွား ဖြစ်တာ များပါတယ်။”” အဲ့ဒီ့မှာ အပန်းဖြေ ဘီယာတို့ ဝိုင်တို့ ညနက်တဲ့အထိေ သာက်ပေါ့”
” ကိုယ့်ကိုယ် လာချဉ်းကပ်တဲ့ လူတွေလည်း ရှိပါတယ်၊ အဆင်ပြေတော့ လည်း ပြေသလိုပေါ့ .. ပြောရ ဆိုရတာလည်း အဆင်မပြေဘူူး၊ ကိုယ့်ဘက်ကလည်း စိတ်သိပ်မပါဘူး ဆိုရင်တော့ ရှောင်ထွက်သွားလိုက်တယ်” လို့ သူမက ပြောပြပါတယ်။ယနေ့လို အရှိန်အဟုန်နဲ့ ပြောင်းလဲမှု မြန်ဆန်လှတဲ့ ခေတ်ကြီးမှာ လူနေမှုပုံစံတွေလည်း အများကြီး ပြောင်းလဲလာနေ ပါပြီ။ အများအားဖြင့် ပညာတတ် လူလတ်တန်းစား အထက်လွှာနဲ့ အထက်တန်း အလွှာက လူတွေရဲ့ တွေးခေါ်မှုပုံစံဟာ အရင်နဲ့ မတူ အများကြီး ပြောင်းလဲ သွားတာကို တွေ့ရှိရပါတယ်။

ခေတ်က living together ကို ရာဇဝင်ထဲမှာ ချောင်ထိုးထားလိုက်ပါပြီလို့ လူမှုကွန်ရက်ဖေ့ဘွတ်သုံးစွဲသူတစ်ဦးက သူ့ စတေးတပ်မှာ ရေးသားထားပါတယ်။ သူအဲဒီလိုေ ရးသားတင်ထားတာဟာ ဘာကြောင့် လဲဆိုတဲ့အကြောင်းအရင်းတစ် ခုရှိနေပါတယ်။ အဲဒါကတော့ One Night Standing လို့ခေါ်ကြတဲ့ အချည် အနှောင်မဲ့ တစ်ညတာပျော်ပါးခြင်းပါပဲ။“Living Together ဆိုတာကတော့ တာဝန်ယူမှုတွေပါလာပြီဗျ။ ကျွန်တော်ကတော့ အဲဒီလိုမျိုးကို သဘောမတွေ့ဘူး။ ONS မှာတော့ ကိုယ်လည်းဆန္ဒရှိတယ်။ သူလည်း ဆန္ဒရှိတယ်။ နှစ်ယောက်ကျေနပ် လို့တစ်ညအတူနေကြတာ ထူးဆန်း တဲ့ကိစ္စတော့မဟုတ်ဘူး” လို့ အသက်၂၆နှစ်ဝန်းကျင် သာကေတ မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကဆိုပါတယ်။

သူ့အနေနဲ့လည်း လက်ရှိမှာတော့ နိုင်ငံခြားသူအမျိုးသမီးတစ်ဦးနဲ့ One Night Stand နေဖြစ်တယ်လို့ ပြောပါတယ်။One Night Stand ဆိုတာ ကတော့ ပြည်ပနိုင်ငံတွေမှာ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာကတည်းက ခေတ်စားလာခဲ့ တာ လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုးတဲ့မြို့ကြီးတစ်ချို့မှာလည်း အဲဒီလိုအလေ့အထပြန့်နှံ့လာခဲ့ပါပြီ။

မြန်မာနိုင်ငံမှာတော့ ဟိုးအရင်ကတည်းက အဲဒီလိုမျိုး တစ်ညအိပ်ယဉ်ကျေးမှုတွေရှိခဲ့ပေမယ့်လည်း အနည်းစုလောက် ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပိုပြီးတော့ ပြန့်နှံ့လာခဲ့တယ်ဆိုတော့ လက်ရှိ မြို့ကြီးတွေမှာ ခေတ်စားနေတဲ့ Bar ယဉ်ကျေးမှု၊ Club ယဉ်ကျေးမှုတို့နဲ့လည်း ဆက်နွယ်နေ တယ် လို့ ONS ကိုစိတ်ဝင်စားသူတချို့က သုံးသပ်ကြပါတယ်။အင်္ဂလိပ်ဘာသာဧည့်လမ်းညွန်တစ်ယောက်ဖြစ်တဲ့ ကိုဇော်ဇော်ကတော့ “အရင်ကတည်းက ဒီလိုမျိုးဖြစ်ရပ်တွေကေ တာ့ရှိနေတာပဲ။ ဒါပေမယ့် တချို့ လူလောက် ပဲလေ” လို့ ပြောပါတယ်။

one-night-stand နဲ့ Living Together ကွာဟချက်ကတော့ သမီးရည်းစား၊ မကြာခဏတွေ့ဆုံပြီး အတူနေထိုင်သူ၊ လက်မထပ်ဘဲ အတူူ နေထိုင်ကြတဲ့စုံတွဲတွေလိုမဟုတ်ဘဲနဲ့ အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အိမ်ထောင်ရှိရှိ၊ မရှိရှိ သိစရာမလိုဘဲနဲ့ ငွေကြေးတွေနဲ့လည်းမပတ်သတ်ဘဲ လိင်ပိုင်း ဆိုင်ရာတစ်ခုတည်းအတွက်နဲ့သာ သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။ဒါကတော့ မြန်မာ့ဓလေ့နဲ့မကိုက်ညီတာ မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ မအပ်စပ်တဲ့အတွက် မြန်မာ့လူမှု အသိုင်းအဝန်းထဲမှာ လက်မခံကြတဲ့ သူများနေပေ မယ့်လည်း လက်ခံနိုင်တဲ့ သူတွေလည်း ရှိနေပါ တယ်။

“ဒါကတော့ လူတစ်ဦးချင်းရဲ့ ရွေးချယ်ပိုင်ခွင့်ပဲလေ။ သူ့စံနှုန်းနဲ့သူတို့ရွေးချယ်ပိုင်ခွင့်ပဲပေါ့။ အဲဒီအ ပေါ်မှာ ဘာမှပြောစ ရာတော့သိပ်မရှိပါဘူး” လို့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်တဲ့ အသက်၃၀ ဝန်းကျင်အ ရွယ် မရည်မွန်က ဆိုပါတယ်။လိင်မှုဆိုင်ရာ သာယာ မှုသက်သက်အဖြစ် ONS ကိုကျင့်သုံးနေကြတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာအနည်း ငယ်ေ တာ့ရှိနေပါတယ်။ ((အခုမှ တွေ့ဖူးရုံနဲ့ နောက်ကြောင်းရာဇဝင်ကို မသိဘဲ အတူနေလိုက်ခြင်းဟာ မလိုလားအပ်တဲ့ ကျန်း မာရေးဆိုင်ရာပြဿနာတွေကို ဖိတ်ခေါ်ရာလည်း ရောက်နိုင်သလို မြန်မာ့လူမှု ဓလေ့နဲ့ကွဲလွဲနေတဲ့အတွက်ကြောင့် လူမှုေ ရးပြဿနာတချို့လည်း ရှိနေနိုင်ပါသေးတယ်။))

“ညီမတို့လည်း ကလပ်တွေတက်တယ်။ ဘား တွေသွားဖြစ်တယ်။ သောကြာနေ့လိုညဆိုရင် Night Out ထွက်ကြတယ်။ အဲဒီလို ONS တွေပိုများလာတာ ကိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ကလပ်တွေ မှာလည်း အဲလိုမျိုးတွေ ကြုံတွေ့ရ တ ယ်။နောက်တစ်ခုက ညီမတို့သူငယ်ချင်းတွေတောင် အဲဒီလိုမျိုး တွေ ကိစ္စတွေလုပ်နေပြီးတော့ စကားဝိုင်းတွေမှာတောင် ပေါ် တင်ပြောလာကြတယ်။ ဒါကလည်း လူတစ်ဦးချင်းစီနဲ့ ဆိုင်ပါတယ်။ ကလပ်တက်တဲ့ သူတိုင်းတော့မဟုတ်ဘူး။ ကိုယ့်ထိ န်းသိမ်းမှုနဲ့ ကိုယ် ပါပဲ” လို့ပြောလာသူကတော့ တာမွေမှာနေထိုင်တဲ့ အသက်၂၅နှစ်ဝန်းကျင် အရွယ် မဖြူဖြူပဲ ဖြစ်ပါ တ ယ်။

မဖြူဖြူအနေနဲ့ ဆိုရှယ်ကျသူလို့ ဆိုလို့ရသလို Night Club နဲ့ Bar တွေကို မကြာခဏသွားရောက် အပန်းဖြေလေ့ရှိပြီးေ တာ့ လူငယ်တွေပီပီ ပွင့်လင်းလွတ်လပ်မှုလည်းရှိကြပါတယ်။ONS ကိစ္စရပ်တစ်ခုမှာ လူငယ်တွေသာမက လူလတ်ပိုင်းတွေမှာလည်း ပါဝင်နေပြီး ငွေကြေးဆိုင်ရာ ကုန်ကျမှု အတွက် ကိုတော့ များသောအားဖြင့် အမျိုးသားတွေကသာ ကျခံကြတာများတယ်လို့ သိရပါတယ်။

လူအများစုကတော့ ကတိကဝတ်တွေကိုကြိုက်ကြပေမယ့်လည်း ကတိကဝတ်တွေကို မကြိုက်သူတွေ လွတ်လ ပ်ေ ပါ့ပေါ့စွာ အချည်အနှောင်ကင်းကင်း နေချင်သူတွေအတွက်တော့ ONS ကတော့ မက်မော စရာ ဖြစ်နေပါတယ်။One Night Stand အစပြုတာကတော့ များသောအားဖြင့် အွန်လိုင်း လူမှုကွန်ရက်မီဒီယာတွေနဲ့ နိုက်ကလပ်၊ ဘားေ တွအသုံးပြုတဲ့သူတွေအကြားမှာ ဖြစ်ပေါ်တာများတယ်လို့ သိရပါတယ်။

အဲဒီအလေ့အထနဲ့ပတ်သတ်ပြီးတော့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးရဲ့ အမြင်ကို မေးကြည့် တဲ့အခါမှာတော့ “အမတို့တော့ မကြားဖူးဘူး။ ဒါပေမယ့် ဒီကိစ္စက လက်ခံစရာ မရှိဘူးလေ” လို့ သူရဲ့အမြင်ကိုပြောပြ ခဲ့ပါ တယ်။“ကလပ်တွေမှာက အဲဒီလိုတွေများတယ်။ မူးနေပြီးတော့ သူတို့ကြိုက်တဲ့ ရုပ်ရည်နဲ့ဆိုရင် အချင်းချင်း ချိတ်ဆက်မိကြ တယ်။ ပြီးတော့ တစ်နေရာရာ ကိုသွားပြီးတော့ သွားအိပ်လိုက်ကြတယ်။ အဲဒီလို လုပ်နေတဲ့သူတွေကလည်း ဆရာကြီးေ တွများတယ်လေ။ ပြည့်တန်ဆာဈေးကွက်တောင် ပျက်နိုင် တယ်” လို့ဆိုရှယ်ကျကျ နေတတ်သူ တစ်ဦးကဆိုပါတယ်။

အဲဒီကိစ္စဟာ မြန်မာ့လူမှုအသိုင်းအဝန်းနဲ့ ဆန့်ကျင်နေပြီးတော့ တားမြစ်ဖို့ရာလည်း ခက်ခဲတဲ့ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ အဲ ဒီလိုမျိုးနေထိုင်သူတွေထဲမှာ အိမ်ထောင်ရှင် တချို့လည်း ပါဝင်နေတဲ့အ တွက်ကြောင့် မိသားစုထိကိုပါ ခြိမ်းခြောက်နေ တဲ့ ပြဿနာ တစ်ရပ်လည်း ဖြစ်ပါတယ်။အဲဒီကိစ္စရပ် ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေနဲ့ မိမိကိုယ်ကိုယ် ထိန်းသိမ်း တန်ဖိုးထားမှုတွေကို ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးထား ရမှာပဲဖြစ်ပါတယ်။

“ဒါဟာ ယဉ်ကျေးမှုကူးပြောင်းလာတယ်။တိုးတက်ပြောင်းလဲပြီး အသိပညာတွေ ပွင့်လင်းမြင်သာလာ တာနဲ့အမျှဒါတွေ ကပါ လာမှာ ပဲ။ လိင်တူချစ်သူ တွေကိုတောင်အရင်ကလက်မခံလာရာကနေအခု အတော်များများလ က်ခံလာနေသလိုေ ပါ့။ ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့ ဒါလူ့သဘာဝ ပဲ။ကျနော်ကတော့ မဆန်းဘူးလို့ထင်ပါတယ် ကောင်းသလားဆိုရင်တော့ မကောင်းဘူးပေါ့ သစ္စာ တရားကကြည့်ရင်။ ဒါေ ပမဲ့ ဒါကို ထိန်းချုပ်လို့မှမရတာဒါကလူ့အခွင်အရေး ပဲလေ။မင်းတို့ဒီလိုလုပ်လို့မရဘူးဖမ်းမယ်ဆို ရယ်စရာကြီးဖြစ်နေ မှာေ ပါ့နော်။ ကိုယ်ကျေနပ်လို့ ဖြစ်တာနင်တို့နဲ့ဘာဆိုင်လည်းပေါ့နော်။

ကောင်းတာ တော့မဟုတ်ဘူး ဒါပေမယ့် လက်မခံလို့မရဘူး။ တိုးတက်ပြောင်းလဲပွင့်လင်းလာတာနဲ့ အမျှ ဒါတွေကဖြစ် လာမယ်။နောက်ဆို အနောက်နိုင်ငံတွေလို တွဲမယ် ကလေးတွေဘာတွေရရင်တောင်မှ လက်ထပ်ချင်မှ လက်ထပ်မ ယ် ။အဲဒီလိုတွေဖြစ် လာနိုင် တယ်” လို့ အသက်၂၆ နှစ်အရွယ် PR ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ ကိုထက်က ဆိုပါတယ်။

လူတိုင်းဟာ သူ့ရဲ့ ရွေးချယ်မှုနဲ့သူတို့ရဲ့ ဘဝလမ်းကြောင်းကို လျှောက်လှမ်းနေကြရတာဖြစ်တဲ့ အတွက်ကြောင့် အခုလို မျိုး ကူးစက်ပြန့်နှံ့လာတဲ့ အလေ့အထ အပေါ်မှာလည်း ပါဝင်ခွင့်ရှိနေပါတယ်။ ဒါပေမယ့်လည်း အဲဒါနဲ့ မရင်းနှီးသေး တဲ့ သူတွေအတွက်တော့ နားဝင်ရခက်တဲ့ကိစ္စတစ်ခုပါပဲ။ နောက်ဆက်တွဲ ပြဿနာတွေအဖြစ်လည်း လိင်ပိုင်းဆိုင်ရာကနေ တဆင့်ကူးစက်ရောဂါတွေ ၊ လူမှု ရေးပြဿနာတွေ ဖြစ်ပေါ်နိုင်ပါသေးတယ်။

ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင်ကကြရင် ပြီးတာပဲလို့ ဆိုသူတွေလည်းရှိသလို မြန်မာ့ယဉ်ကျေးမှုကို သွေဖယ်နေတယ်လို့ ဆန့်ကျင်သူတွေလည်း ရှိနေပါတယ်။ လူငယ်တွေကိုယ်တိုင်လည်း လက်ခံသူတွေရှိသလို လက်မခံသူတွေ၊ မဆိုးပါဘူးလို့ ဆိုသူတွေနဲ့ အနှောင်အတွယ်မဲ့ခြင်းအပေါ် တွယ်တာနေသူ တွေလည်းရှိနေပါတယ်။

One Night Stand အလေ့အထက တဖြည်းဖြည်းနဲ့ လူငယ်၊ လူလတ်ပိုင်းတွေအကြားမှာ စိမ့်ဝင်လာ ပေမယ့်လည်း ကျ ယ်ပြန့်လာရင်တော့ ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်လေတော့ အစွန်းမရောက်သွားကြဖို့နဲ့ ကိုယ်ရွေးချယ်တဲ့ လမ်းကို မှန်မှန်ကန်ကန်လျှောက်တတ်ကြဖို့ မိမိကိုယ်ကို မိမိရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့အတွက် လူတ စ်ယော က် ချင်းစီတိုင်း ကိုယ့်ရဲ့စံနှုန်းနဲ့ ကိုယ်နေဖို့ လိုအပ်ပါလိမ့်မယ်။
Myanmar Platform

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>