Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မိန်းမတွေရဲ့အချစ်

$
0
0

ကျွန်တော့်အတွေ့အကြုံအရတော့ မိန်းမတွေက ကိုယ့်ထက်သာတဲ့ ယောကျာ်းကိုပဲ ရွေးချယ်ကြတယ်ဆရာ။ သူတို့ထက် ငွေကြေး၊ ပညာ၊ ဂုဏ်​အဆင့်​အတန်း… စတဲ့ အရာတွေပေါ်မူတည်ပြီး ရွေးချယ်ကြတယ်။ ယုတ်စွအဆုံး သူတို့ထက် ခေါင်းတစ်လုံးပိုအရပ်မြင့်တာကိုပဲ ရွေးချင်ကြတယ်။ အချက်အားလုံးမဟုတ်တောင် သူတို့ထက် တစ်ခုခုတော့ သာနေရမယ်။

အခုနေ မိန်းကလေးတစ်ယောက်မှာ ယောကျာ်းလေးမိတ်ဆွေ ၅ယောက်ရှိတယ်ဆိုပါတော့။ ဒီယောကျာ်းတွေထဲက တစ်ယောက်ယောက်က သူ့ကိုရည်းစားစကားလာပြောရင် အဲ့လူကိုပဲ အဖြေပြန်ပေးလိုက်တာများတယ်ဆရာ။ မိန်းကလေးဆိုတာက ကိုယ်ဘယ်သူ့ကိုတကယ်ချစ်တာလဲလို့ သိပ်မစဉ်းစားဘူး။ သူတို့ကို ဘယ်သူက ချစ်တာလဲဆိုတာပဲ စဉ်းစားတယ်။ သူတို့ကိုချစ်ရင် ပြန်ချစ်ဖို့ စဉ်းစားတော့တာပဲ။ သူတို့အချစ်က ဦးနှောက်လား၊ နှလုံးသားလားဆိုတာ မသဲကွဲဘူးဆရာ။

ပြီးတော့ မိန်းမတွေက အသင့်စားသုံးတာကို ပိုကြိုက်တယ်ဆရာ။ ကျွန်တော်တပ်မှာနေတုန်းက ကောင်မလေးက ကျောင်းဆင်းဒုဗိုလ်နဲ့ ကြိုက်သလို တစ်ဖက်မှာလည်း ဗိုလ်မှူးတစ်ယောက်နဲ့ ကြိုက်သေးတယ်။ တကယ်တမ်း သူလက်ထပ်တော့ ဗိုလ်မှူးနဲ့ပဲ ညားသွားတယ်ဆရာ။ ဒုဗိုလ်လည်း အချိန်တန်ဗိုလ်မှူုးဖြစ်လာမှာ မှန်ပေမယ့် သူတို့က အချိန်အဲ့လောက် မစောင့်နိုင်ဘူး။ လက်ရှိမှာ သာနေတာကိုပဲ အသင့်စားသုံးချင်ကြတယ်ဆရာ။

နောက်ပြီး မိန်းမတွေက သူတို့အပေါ် ဂရုစိုက်ပေးပြီး ကြင်နာပြတဲ့ ယောကျာ်းကိုမှ အကောင်းထင်ကြတယ်ဆရာ။ ယောကျာ်းတစ်ယောက်က သူ့ဟာသူ ဘယ်လိုပဲနေနေ၊ သူတို့အပေါ် ဂရုမစိုက်တတ်ရင် သူတို့ကို မချစ်ဘူးပဲထင်ကြတာ။ တကယ့်ယောကျာ်းကောင်းတော်တော်များများကလည်း အားချိန်တောင်သိပ်မရှိဘူး၊ အလုပ်တွေကြိုးစားပြီး အဆင့်အတန်းမြင့်မားလာဖို့ပဲ အချိန်ပေးနေကြရတာ။ ဒီတော့ တကယ်ချစ်ပေမယ့် ဂရုစိုက်မှုတွေ မလုပ်တတ်ရင်တော့ အဲ့ယောကျာ်းနောက်ကောက်ကျန်ခဲ့တာချည်းပဲ။ ဒီအချိန်သူတို့အနားကို ဘယ်လိုကောင်ပဲဖြစ်ဖြစ်… ဂရုစိုက်ပေးနိုင်တယ်ဆိုတာနဲ့ပဲ ပါသွားကြတာပဲလေ။ ချစ်ခြင်းနဲ့ ဂရုစိုက်ပြမှုတွေက ဆက်စပ်မှုရှိပေမယ့် တူမှမတူဘဲ ဆရာရယ်။

ကျွန်တော်တွေ့ရသလောက် ယောကျာ်းတွေဟာ ရည်းစားများများထားဖူးလေ မိန်းမတွေအကြောင်းကို ပိုသိလာလေပဲဆရာ။ ဒီအခါ သူတို့က မိန်းမအမျိုးအစားအလိုက် ဘယ်လိုမိန်းကလေးမျိုးကို ဘယ်လိုချုပ်ရမလဲ၊ ဘယ်လိုစကားနဲ့ ဝင်ရောရမလဲဆိုတာ အထာနပ်တယ်ဆရာ။ မိန်းမတွေကလည်း ဒီအပေါ်မှာ သိပ်သာယာတာပဲ။ တစ်ဖက်မှာကြည့်ရင်လည်း တကယ်ချစ်ပြီး အပြောအဆိုမတတ်ရင် (အပြောအဆိုမပိုင်ရင်) ကျန်ရစ်ကြီးဖြစ်ရတာပဲ ဆရာ။ တစ်ယောက်တည်း ပြိုင်ဖက်မရှိရင်တော့ ပြဿနာမရှိပေမယ့် ရွေးစရာပေါ်လာရင် အပေါက်အလမ်းမတည့်တဲ့လူက Cancel ပဲဆရာ။

တစ်ချို့မိန်းမတွေက ယောကျာ်းယူတော့မယ်ဆိုရင် သူတို့ဘဝအတွက် အာမခံချက် ဘယ်လောက်ရှိသလဲ၊ ဒီလူက ငါ့ရဲ့ဘဝကို လုံခြုံမှုပေးနိုင်မှာလား၊ တင့်တောင်းတင့်တယ်ထားနိုင်မှာလား ဆိုတာတွေကို တွက်သေးတယ်ဆရာ။ အတူတူပေါင်းဖက်ပြီးမှ ကောင်းအတူ၊ ဆိုးအတူကြိုးစားကြမယ်ဆိုတာက ခပ်ရှားရှားရယ်။ ဒါမျိုးတွေလည်း ရှိသေးတယ်နော်ဆရာ။

ကျွန်တော် ဗိုလ်လောင်းဘဝတုန်းက ကြုံဖူးတာတစ်ခုရှိသေးတယ်။ အဲ့ခေတ်တုန်းကတော့ အခုလို ဖုန်းတွေဘာတွေတော့ သုံးခွင့်မရှိသေးဘူးဆရာ၊ တစ်ယောက်နဲ့တစ်ယောက် စာတွေအပြန်အလှန်ရေးပြီး ဆက်သွယ်ကြရတယ်။ တစ်နေ့တော့ ပဲခူးက ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို အသေအလဲချစ်တဲ့အကြောင်းတွေ စာရေးပို့လိုက်တယ်ဆရာ။ ကျွန်တော်သာ သူ့ဘဝ… ကျွန်တော်မရှိရင် သူသေနိုင်လောက်တယ်လို့တောင် ရေးထားတယ်။

ဒီတော့ကျွန်တော်စဉ်းစားတယ်… ကျွန်တော်က အခုဗိုလ်လောင်း၊ နောင်တစ်ချိန်အရာရှိဖြစ်ပြီး ရာထူးတွေကြီးလာမှာ။ ဒါတွေကို ဒီကောင်မလေးသိလို့ ဒီလိုစကားတွေလာပြောရဲတာ။ ကျွန်တော်သာ ၁၀တန်းကျပြီး အခုနေ ဆိုက္ကားနင်းနေကြည့်… အဲ့ကောင်မလေး ဒီလိုစကားလာပြောမယ်လို့ မထင်ဘူး။ နောက်ပြီး ကျွန်တော်သာ လမ်းဘေးနေတဲ့ ပန်းရံသမားသာဖြစ်ကြည့်… ကျွန်တော်သူ့ကို ရည်းစားစကားပြောလည်း ပြန်တောင်လှည့်ကြည့်မှာ မဟုတ်ဘူး။ ဒီတော့ မိန်းကလေးတွေက ဘာကိုချစ်တာလဲဆိုတာ တွေးရခက်လှတယ်ဆရာ။

ကျွန်တော်အနှစ်ချုပ်ပြောရရင် မိန်းမတွေရဲ့အချစ်မှာ မျက်လုံးရှိတယ်ဆရာ။ မျက်လုံးမှ အကြီးကြီးကိုရှိနေတာ။ သူတို့အတွက် မကျန်ရင် လှည့်တောင်မကြည့်ဘူး၊ အချစ်ကို ဦးနှောက်နဲ့ပဲ ရွေးချယ်တာများတယ်ဆရာ။ ဒီတော့ ကျွန်တော်က ဘယ်မိန်းကလေးကိုမှ မယုံရဲတာပါ။ ကျွန်တော်တို့လည်း ယောကျာ်းလေးသိက္ခာနဲ့ပဲလေ ဆရာ… မဟုတ်ဘူးလား။

#Credit Zin_Ko_Oo

ကျူပ်ရေးတာဟုတ်ဖူးနော် ဖြည်းဖြည်းသက်သာတော့ဝုန်းကြ
မိန်းမတွေ ကောင်းကြောင်းပဲ တင်တင်နေတယ်ဆိုပြီး
ပြောပြောနေကြလို့ ဟားဟား

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>