------------------------------------
ရေတာရှည် ဇွန် ၂၀
တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့မြောက်ပိုင်း
ရှမ်းရွာ၌ ၂၀၁၈ ခုနှစ် ၄ လပိုင်း နေ့ရက်မမှတ်မိ ည ၈ နာရီအချိန် မ.....တစ် ယောက်တည်း နေအိမ်တွင်ရှိနေစဉ် ဖခင်ဖြစ်သူ သိန်းဇော်ဝင်း ၃၇ နှစ်ဆွာမြို့မှ အရက်မူး လျက်ပြန်ရောက်လာခဲ့ကြောင်း အိမ်ပေါ်အရောက် သမီးဖြစ်သူအား ထမင်းစားမည်ပြော၍ ထမင်းခူးပေးခဲ့ ပြီး အိမ်အောက်သို့ ဆင်းမယ်ပြုစဉ် မ..... လက်ကိုဆွဲ နေအိမ်အိပ်ခန်း အတွင်းကိုခေါ်ကာ သားမယားအဖြစ် ၁၅ မိနစ်ခန့်ပြုကျင့်ခဲ့ကြောင်း ယခုကိစ္စကိုဘယ်သူကိုမှမပြောရန် ပြော သည့်အတွက် ပြန်မပြောရဲခဲ့ကြောင်း ထိုကဲ့သို့ သားမယားအဖြစ် (၃) ကြိမ်ပြုကျင့်ခံရပြီးနောက် မ....၏ နေထိုင်မှုပုံသဏ္ဍာန် ပျက်ယွင်းနေသည့် အတွက် အိမ်နီးချင်းနေသူတို့က မိန်းကလေး၏ ဖခင်မရှိခိုက် ဆီးစစ်ကြည့်ရာမှ ကိုယ်ဝန်ရှိကြောင်းသိရှိရပြီး
ကျေးရွာ ရာအိမ်မှူးက တရားလိုပြုလုပ်၍ ဆွာနယ်မြေ ရဲစခန်းတွင် ဇွန် ၁၉ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကိုလွင် - ဆွာ
Zin Moe