Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကန့်ဘလူ၊ ကောလင်းနယ်များတွင် မိုးကြီး၍ ရထားများရပ်တန့်နေ

$
0
0
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် မနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ချောင်း ဘူတာနှင့် ကံကြီးဘူတာအကြားတွင် ရထားသံလမ်းသို့ တပေခန့် ရေကျော်သည့်အတွက် မန္တလေးမှလာသည့် ၅၅ အဆန် အမြန်ရထားနှင့် ကောလင်းမှလာသည့် ၄၅ အဆန်ရထားတို့ ချပ်သင်းဘူတာတွင် ရပ်တန့်ထားရပြီး မိုးညှင်းလူစီးရထားနှင့် ကုန်ရထားတို့လည်း ချပ်ကြီး ဘူတာတွင် ရပ်တန့်ထားရသည်။
ထို့အပြင် ကောလင်း- ကျွန်းလှ- ကန့်ဘလူ နတလလမ်း ကောလင်း မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ဒေါင်းမြူးချောင်း တံတားတောင်ဘက် ကားလမ်းပေါ်တွင် အကျယ် ၁ ဖာလုံ ခန့် အနက် ၄ ပေခန့် ရေကျော်နေပြီး၊ ကောလင်း-ကျွန်းလှ-ကန့်ဘလူ နတလလမ်း မိုင်တိုင်အမှတ် (၂၄/ ၃) နှင့် (၄)အကြား ကိုးတောင်ဘို့ ကျေးရွာ နှင့် သင်တောကျေးရွာ အကြားရှိ ဇော်ချောင်း တံတား၏ မြောက်ဘက် မြေသားလမ်းမှာ အကျယ် ၁ဝ ပေခန့်၊ အရှည် ပေ ၂ဝ ခန့် ရေတိုက်စားခဲ့ပြီး ချောင်းခြား ကျေးရွာနှင့် ပေကုန်း (တ) ကျေးရွာအကြားရှိ ချောင်းကြားရေမှာ အနက် ၁၃ပေခန့် ရှိသဖြင့် ယာဉ်များ သွားလာ၍ မရကြောင်း၊ ပြီးခဲ့သည့် ကြာသာပတေးနေ့ ကောလင်းမြို့နယ်တွင် မိုးရေချိန် ၅ ဒသမ ၁၆ လက်မ ရွာသွန်းခဲ့ခြင်းကြောင့် စိုက်ပျိုးပြီး ကျေးရွာအုပ်စု ၂၄ အုပ်စုရှိ စပါးစိုက် ဧက ၉၃၂၇ ခန့်ရေလွှမ်းခဲ့ပြီး၊ ကောလင်း- ဥမှင်ကုန်း-ကျောက်ပြင်သာ လမ်းပေါ် ရှိ တံတား ငါးစင်းပျက်စီးခဲ့ရသည်ဟု အစိုးရသတင်းက ဆိုသည်။
ကန့်ဘလူမြို့နယ် မင်းပြင်ဆည်အောက်ရှိ ကျေးရွာများဖြစ်သည့် ရှမ်းကုန်း၊ ဟင်းဖြူတော၊ အင်းမ စသည့်ကျေးရွာများမှ လူများကို ဘေးလွတ်ရာပြောင်းရွေ့ရန် သက်ဆိုင်ရာမှ ဆော်သြထားကြောင်း ကန့်ဘလူသတင်းတွင် ရေးသားထားသည်။
ဓာတ်ပုံ- ကန့်ဘလူ သတင်းစုံနှင့် တမန်း
ဧရာဝတီ






Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>