Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၆လ အတွင်း သေမယ်ဆိုလို့ ငွေ အကုန်သုံး၊ ၁၀ နှစ်ကြာလည်း အသက်ရှင်

$
0
0
အသက် ၆၅ နှစ်အရွယ်ရှိတဲ့ Bryan Baldwin အမည်ရ အမေရိကန် နိုင်ငံသား တစ်ဦးဟာ ၂၀၀၆ ခုနှစ် မေလမှာ အသက် ၆လပဲ နေရတော့မယ်လို့ ဆရာဝန်က ပြောဆို အသိပေးခြင်းကို ခံရပါတယ်။ ကင်ဆာ ရောဂါ ဖြစ်နေပြီး ကင်ဆာက အသည်း အထိပါ တိုက်စားနေပြီ ဖြစ်ကြောင်း အသက်ရှင်ရန် အလားအလာ နည်းကြောင့် ၆လသာ နေရတော့မှာ ဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ Bryan ဟာ အသက် ၅၃ နှစ်အရွယ် ဇနီး Susan နဲ့အတူ အမေရိကကို ပတ်ပါတယ်။ အမေရိကန် ဒေါ်လာ ၃ သောင်းကျော်တန် အိမ်နဲ့ ပန်းခြံကို ဝယ်ပါတယ်။ ယင်းအတွက် ငွေတွေကို ပင်စင် လစာ ခံစားခွင့်ထဲကနေ ယူသုံးတာပါ။ အမေရိကန်လို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ အသက်ကြီးသွားတဲ့ နိုင်ငံသားများ အနေနဲ့ အလုပ် မလုပ်နိုင်တော့တဲ့ အခါ အစိုးရ ထောက်ပံ့ ငွေကြေးကို ရရှိပါတယ်။ အမှန်တော့ ယင်းငွေကြေးဆိုတာကလည်း အခွန်အခ ဆောင်ပြီးတော့ ပေးထားရတဲ့ငွေပါ။ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ဥပဒေ မတူပါဘူး။ Byran ကတော့ သူခံစားခွင့် ရရန်ရှိတဲ့ ငွေကို ရောဂါနဲ့ ဆရာဝန် ထောက်ခံချက်ကြောင့် အကုန် ထုတ်ခွင့် ရခဲ့ပါတယ်။

ရတဲ့ငွေနဲ့ ကျန်တဲ့ ၆လကို အကောင်းဆုံး နေမယ်ဆိုပြီးတော့ အမေရိကတိုက် တစ်တိုက်လုံး နှံ့အောင်ပတ် ပါတယ်။ အကောင်းစား ဟိုတယ်တွေ တည်းပါတယ်။ အကောင်းဆုံး အစားအစာတွေ စားပြီး ဈေးကြီး အိမ်တွေ၊ ကားတွေ ဝယ်ပါတယ်။ ဘယ်နေ့ သေမလဲ သေမလဲနဲ့ စောင့်ကြည့်နေလိုက်တာ မသေပဲ ဆယ်နှစ်သာ ကျော်လာ ပါတယ်။ အသက်ရှင်လျက် ရှိနေပါတယ်။

လောလောဆယ် သူခံစားခွင့် ရတဲ့ ငွေတွေကတော့ အကုန်သုံးပြီးသလောက် ဖြစ်နေပါပြီ။ ဒီတော့ ယခု ကိစ္စမှာ သူ့ဘက်ကလည်း မမှားသလို မမှားသော ဆေးသမားလည်း မရှိတာကြောင့် ဆရာဝန်ကိုလည်း အပြတင်လို့ မရပါဘူး။ Byran က ကံကောင်းတယ်ပဲလားတော့ မသိ အမေရိကန် အစိုးရအနေနဲ့ Senior Citizenship ဖြစ်ပြီးသား Byran ကို ဆက်ပြီးတော့ လူအိုစာ ထောက်ပံ့နေပါလိမ့်မယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>