Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စဥ့်ကူးမြို့နယ်၊ ရုံးပင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်​ အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ်အား လက်ပြန်ကြိုးတုပ်ကာ အိမ်သာထဲတွင် (၃)ရက်ခန့် ပိတ်လှောင်ထားမှုဖြစ်ပွား

$
0
0


မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းပင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခု၌ ဇွန်လ ၁၆ရက်နေ့ ည ၁၁နာရီခန့်မှစ၍ ကျောင်းထိုင်ဆရာတော်နှင့် ဦးဇင်းတစ်ပါးတို့မှ အသက်(၁၃)နှစ်အရွယ် (၇)တန်းကျောင်းသူတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ အိမ်သာထဲတွင် (၃)ရက်ခန့် ပိတ်လှောင်ထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆နာရီခွဲ အချိန်ခန့်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုရှိ အိမ်သာထဲတွင် ကျောင်းသူတစ်ဦးကို ပိတ်လှောင်ထားကြောင်း ကျေးရွာနေပြည်သူတစ်ဦး၏ သတင်းပေး ပို့ချက်အရ လက်ပန်လှကျေးရွာရဲကင်းစခန်း ခေတ္တ ရဲကင်းစခန်းမှူး ရဲအုပ် သိန်းအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်သံဃနာယကအဖွဲ့မှ အဖွဲ့ဝင်ဆရာတော်များ၊ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးစဉ် ကျောင်းဝင်းအတွင်းရှိ အိမ်သာတစ်ခုအတွင်း အပြင်မှ သော့ခတ်ထားပြီး အတွင်းမှ မိန်းကလေးငယ်တစ်ဦး အော်ဟစ်အကူအညီတောင်းနေသည့် အသံကို ကြားရသဖြင့် ဖွင့်ခိုင်းခဲ့ရာ အိမ်သာထဲတွင် အသက်(၁၃)နှစ်ခန့် အမျိုးသမီးငယ်အား လက်နှစ်ဖက်တွင် နိုင်လွန် ကြိုးအဖြူရောင်ဖြင့် နောက်ပြန်ကြိုးတုပ်လျက်တွေ့ရှိခဲ့ရပြီး အမျိုးသမီးငယ်အား အပြင်သို့ခေါ်ထုတ်ကာ ကြိုးဖြေပေးခဲ့ပြီး လိုအပ်သည်များ စစ်ဆေးမေးမြန်းခဲ့သည်။

 ဇွန်လ ၁၆ ရက်နေ့ ညနေ ၅နာရီခန့်တွင် ကျောင်းမှ ဆရာမတစ်ဦး၏ အခန်းထဲ သေတ္တာအတွင်းထည့်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ ငွေ ၅၀၀ဝကျပ် ပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ ယခင် ဒေါင်းရိုးရပ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ဇာတိ၊ လက်ရှိ ရုံးပင်ကုန်းကျေးရွာနေ အသက်(၁၃)နှစ်အရွယ် (၇)တန်းကျောင်းသူ မ---အား ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒ (ခ)ဦးမြင့်သူ၊ အသက် ၄၆ နှစ်၊ ဝါတော် ၂၇ ဝါ၊ (ဘ)ဦးချစ်သိန်းမှ သစ်သားတုံးအားကြိုးဖြင့်ချည်ကာ လက်မြှောက်ကိုင်ခိုင်းပြီး ကျောင်းသူ ကျောင်းသားများရှေ့တွင် လမ်းလျှောက်ခိုင်းခဲ့ကြောင်း၊ ထို့ပြင် ဦးဇင်း ဦးအဂ္ဂဉာဏ(ခ)ဦးအောင်ကျော်ကျော်၊ အသက် ၂၁နှစ်၊ ဝါတော်-မရှိ၊ (ဘ)ဦးမွန်ရွှေ၊ စာသင်ကြားရေးဦးဇင်းမှလည်း ငွေအားခိုးယူသည်ဟုပြောဆိုကာ ပါးအား(၁)ချက်ရိုက်ခဲ့ကြောင်း၊ ၄င်းနောက် ဇွန် ၁၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် လက်ပြန်ကြိုးတုပ်ခိုင်းပြီး ကျောင်းဝင်းအတွင်းရှိ မစင်များဖြင့်ပြည့်နေ၍ အသုံးမပြုတော့သည့် အိမ်သာအဟောင်းထဲတွင် ပိတ်လှောင်ထားခဲ့ပြီး တစ်ရက်လျင် ထမင်း တစ်နပ်ခန့်သာကျွေးပြီး (၃)ရက်ခန့် ရေမတိုက်ဘဲ ပိတ်လှောင်ချုပ်နှောင်ထားခဲ့သည်ကို ကာယကံရှင်မိန်းကလေး၏ ပြောပြချက်အရ သိရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးပညာနန္ဒ (ခ)ဦးမြင့်သူနှင့် ဦးအဂ္ဂဉာဏ (ခ)ဦးအောင်ကျော်ကျော်တို့အား ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀း၄၀ အချိန်တွင် လက်ပန်လှကျေးရွာရဲကင်းစခန်းမှ (ပ)၁၃၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပပုဒ်မ ၃၄၃/၃၂၄/၁၁၄ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်းသိရသည်။

( ရာမ - မှုခင်း )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>