Quantcast
Channel: MP4 YoU
Viewing all articles

အမျိုးသားတစ်ဦးနဲ့ တစ်ညတာပျော်မြူးပြီး ကိုယ်ဝန်ရှိသွားတဲ့အမျိုးသမီးက သူမရင်သွေးရဲ့ဖခင်ကို Facebook နဲ့ YouTube မှတစ်ဆင့် ရှာဖွေနေ

$
0
0



 ဗဟုသုတ
# Unicode Version ဖြင့် ဖတ်ပါ #
ပြင်သစ်နိုင်ငံသူ အမျိုးသမီး နာတာလီအမ်ယော့ဟာ သြစတြေးလျမှာ တစ်ညတာဆုံတွေ့ခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ ကိုယ်ဝန်ရှိတဲ့အကြောင်း အဲ့ဒီအမျိုးသားနဲ့ပျော်မြူးခဲ့တဲ့ညနောက်ပိုင်း သီတင်းပတ်ခြောက်ပတ်အကြာမှာ သိရှိခဲ့ပါတော့တယ်။

သူမဟာ သုံးလကြာသြစတြေးလျခရီးစဉ်ရဲ့ နောက်ဆုံးညက မူလူလာဘာခရီးသွားဆွဲဆောင်ရာအရပ်ရှိ ဟိုတယ်တစ်ခုမှာ အပြာရောင်မျက်လုံးပိုင်ရှင်အမျိုးသားတစ်ဦးနဲ့ ဆုံဆည်းခဲ့ပြီး တစ်ညတာပျော်မြူးခဲ့ကြတယ်လို့ သိရပါတယ်။

ယခုအခါ သူမမှာ ကိုယ်ဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့အခါ ရင်သွေးရဲ့ ဖခင်ကို အဆက်အသွယ်ပြန်လည်ရရှိဖို့အတွက် ဖေ့စ်ဘွတ်နဲ့ ယူကျုဘ်တို့မှာ ပို့စ်တွေ တင်ပြီး ရှာဖွေနေပါတယ်။

သက်ဆိုင်သူအမျိုးသားက ကလေးနဲ့ပတ်သက်လို့ မသိချင်ဘူးဆိုရင်လည်း ရပါတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကိုယ်ကအချစ်ခံရတာပဲဖြစ်ဖြစ်၊ ကိုယ်ကချစ်နေရတာပဲဖြစ်ဖြစ် ဘဝရဲ့ပျော်ရွှင်မှုအရသာပဲလို့လည်း သူမက ဖေ့စ်ဘွတ်မှာ ပြောကြားခဲ့ပါသေးတယ်။
ဗဟုသုတ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>