Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပြည်ထောင်စု အစိုးရအဖွဲ့နှင့်ကချင်ပြည်နယ် အစိုးရအဖွဲ့သိစေရန်

$
0
0

_______________________
မတင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် တင်လိုက်ပါပြီ ။ နိုင်ငံတော် သယံဇာတတွေ အဖွဲ့အစည်းမျိုးစုံကနေ နည်းလမ်းပေါင်းစုံ/ထွက်ပေါက် ပေါင်းစုံကနေ အရင်းအမြစ်ပါမကျန် တရုတ်နိုင်ငံသို့ တရားမဝင်ခိုးထုတ်နေကြတာကို သိစေချင်လို့ပါ။ ပုံပါ ကျောက်တွေက ဒေသအခေါ် ရေခဲတုံးလို့ခေါ်ပါတယ် ။ သက်နု ကျောက်စိမ်းတွေပါ။ ရေနဲ့ထိရင် ကျောက်ကြောတွေက စိမ်းတက် လာပါတယ် ။ ဒါတွေကို နယ်ခြားစောင့်တပ်က တရုတ်နဲ့ပေါင်းပြီး တောင်လုံးဖြိုပြီးရောင်းစားနေတာပါ ။ တရုတ်ကနေ UAE ၊ ဘရူနိုင်း နိုင်ငံတွေကို ကုန်ချောအဖြစ် သွားပါတယ် ။ မြန်မညပြည်ကချင်ဒေသကနေတော့ ပေါပေါပဲပဲဈေးနဲ့ပေါ့ ။ အာရပ်ကမ္ဘာ ရောက်သွားရင်တော့ အပူပိုင်းနိုင်ငံတွေမှာ ဒီကျောက်တွေက မီလျံနာ ဘီလျံနာ တွေမှ ဝယ်ပြီး အဆောက်အဦတွေမှာ ဆင်နိုင်တာပါ ။ ထုတ်တာကတော့ ဟုတ်ပါပြီ ... ကတ်တာပီလာ ဂေါ်ထက်ကြီးတဲ့ ဒီကျောက်တုံးကြီးတွေ ဒီကားကြီးတွေ ဘယ်ဂိတ်တွေက ထွက်သွားကြပါသလဲ ၊ နယ်စပ် ကုန်စည် စီးဆင်းမှုစောင့်ကြည့်ထိန်းချုပ်တဲ့အဖွဲ့တွေက မသိကြသလား ။ တရုတ်တွေလွပ်လပ်စွာ ထင်တိုင်းကြဲ တောင်တွေဖြို (စက်ယန္တယားကြီးတွေပါတယ် ၊ကားလမ်းတွေဖောက်ရတယ် ၊ ကားတွေ ဥဒဟို ဝင်ထွက်နေတယ် ) လုပ်နေကြတာ ခွင့်ပြုချက်တွေဘယ်သူပေးလည်း ??? ***သေချာတာက အခွန်မရှိဘူး တရားဝင် လုပ်နေတာမဟုတ်ဘူး ***
ဒါ့အပြင် ပုံနဲ့မဖော်ပြနိုင်တဲ့ Rare Earth အမည်ပေးထားတဲ့ သတ္တုလည်း ထိုနည်းလည်းကောင်းပါပဲ ၊ သာမန် သံတစ်ပိဿာအလေးချိန်အရွယ် ဆိုရင် အဆိုပါ Rare Earth အမည်ရ သတ္တုခဲဟာ သံအလေးချိန်ထက် ၇ ဆ ၈ ဆ ခန့် အလေးချိန်များပါတယ် ၊ လက်နက်ထုတ်လုပ်ရေးမှာ အရေးပါတဲ့ အသုံးပြုမှုတွေရှိတယ် သိရပါတယ် ။ ၎င်း သတ္တုများလည်း ကချင်ဒေသကနေ တရုတ်တွေ ပေါချောင်ကောင်းထုတ်ယူနေကြပါတယ် ၊ အဝင်အထွက် နည်းလမ်းတွေ စဉ်းစားကြပါကုန် ၊ သယံဇာတတွေပေါသလောက် တိုင်းပြည်တိုးတက်မှုနှေးရတဲ့အကြောင်းထဲမှာ ဒီလိုဖြစ်ရပ်တွေက အဓိကပါပါကြောင်း အထက်ပါကိစ္စ ရပ်ကိုကချင်ပြည်နယ်
အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပါပြီ သို့ဖြစ်ပါသောကြောင့်အမြန်ဆုံးလုပ်ဆောင်ရန်
တိုက်တွန်း အပ်ပါသည်။
ZNM






Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>