Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နိုင်ငံခြားသား လင်မယားထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသူကို ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိ

$
0
0

မန္တလေးမြို့တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား လင်မယားထံမှ စလင်းဘက် ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသွားသူအား ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၅ရက်နေ့ ည ၁၁နာရီအချိန့်တွင် ကျုံးဘေး၌ လေညှင်းခံ လမ်းလျှောက်ပြီး တည်းခိုရာ ဟိုတယ်သို့ ပြန်လာသည့် တရုတ်နိုင်ငံသား လင်မယားသည် ချမ်းအေးသာစံမြို့နယ်၊ ၂၈×၂၉လမ်းကြား၊ ၇၃လမ်းအရောက်၌ ၎င်းတို့အနောက်ဖက်မှ မျက်နှာအား Mask ဖြင့် တပ်ဆင်ဖုံးအုပ်ထားပြီး ဆိုင်ကယ်မောင်းနှင်လာသူမှ တရုတ်နိုင်ငံသား အမျိုးသမီးလွယ်ထားသည့် စလင်းဘက် ပိုက်ဆံအိတ်ကို လုယူခဲ့ရာ တရုတ်အမျိုးသမီးမှာ ဒရွတ်တိုက်ပါသွားခဲ့ပြီး လုယူသူ၏ ဆိုင်ကယ်မှာလည်း လဲကျသွားခဲ့သည်။

 ထိုသို့ လဲကျစဉ် အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိပြည်သူများနှင့်လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းဖမ်းဆီးခဲ့သဖြင့်စလင်းဘက်အိတ်အား လုယူရန်ကြံစည်အားထုတ်သူ မင်းဆက်သာ(ခ)ဆက်လင်းမောင်၊ ၂၁နှစ်၊ (ဘ)ဦးသိန်းမြင့်၊ ကျပန်းလုပ်၊ ၂၆×၅၇လမ်း နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား အမှတ်(၈)မြို့မရဲစခန်းမှ (ပ)၄၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၃ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>