Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လယ္တီဆရာေတာ္ဘုရားႀကီးမွ မိုးညွင္းဆရာေတာ္ဘုရားေလာင္းလ်ာ ကို ေပးေသာ ၾသဝါဒ

$
0
0
ရွင္သုမန အားထုတ္ရမည့္တရားကား မခက္၊ ဝီရိယသာလိုသည္။

ယေန႔ေခတ္တြင္ မဂ္ဖိုလ္ရႏိုင္စြမ္းေသာ ဝီရိယကို မထူေထာင္ၾကဘူးကြယ္႔။

အ႒ကထာဆရာတို႔ ဆုံးမတဲ႔အတိုင္း ပန္းဝတ္ရည္ယူအံ႔ဟု ပ်ံသြားေသာ ပ်ား၊ ေရအျပင္ ၾကာရြက္၌ ေသြးေၾကာျဖတ္ သင္ေသာ ေဆးသမား၊

အသျပာေလးေထာင္ကို လို၍ ပင္႔ကူခ်ည္မွ်င္ ေလးလံရေအာင္ တုတ္တံျဖင္႔ ရစ္ယူေသာေယာက္်ား၊

ေလၾကမ္းလွ်င္ ခါးလည္ကိုစည္း၍ ေလညံ႔လွ်င္ ရြက္ကိုျဖန္႔၍ ရြက္တိုက္ေသာ ေလွသမား၊

အေပါက္က်ဥ္းလွေသာ က်ည္ေတာက္၌ မဖိတ္ရေအာင္ ဆီသြတ္ေသာ ေယာက္်ားကဲ႔သို႔ မဆုတ္မနစ္ မတက္ၾကြားေစရေအာင္ စိတ္ကို စဥ္းစားဆင္ျခင္၍

သမုဒၵရာ၏ ဟိုမွာဘက္ကမ္းသို႔ ကူးသန္းအ႔ံေသာေယာက္်ား၏ အာသာဆႏၵကဲ႔သို႔ လည္းေကာင္း သက္စြန္႔ႀကိဳးစားၿပီး အားထုတ္ရမယ္ကြယ္႔။”

“ေရွးအခါက ေယာက္်ားႏွစ္ဦးတို႔ ေတာၾကမ္းခရီး၌ ရွားႏွစ္ကိုေတြ႕၍ “ရွားႏွစ္ကို မီးပြတ္ေသာ္ မီးရမည္ေလာ” ဟု တစ္ေယာက္ကဆိုလွ်င္

တစ္ေယာက္က “မစင္ပါေအာင္ ပြတ္ေသာ္လည္း မီးမရႏိုင္” ဟု ဆိုသည္ကို မခံခ်င္လွ၍ “ငါ မစင္ပါေအာင္ ပြတ္မည္” ဟု ႀကိဳးစားအားထုတ္ ပြတ္ရာတြင္

အခိုးထေလေလ ႏွိပ္ၿပီးပြတ္ေလေလျဖင္႔ မစင္လည္း ဗ်စ္ကနဲပါ၊

မီလည္းရလွာသည္ဟူေသာ ဥဒါန္းစကားအတိုင္း မီးပြတ္ေယာက္်ား၏ အာသာဆႏၵ လုံ႔လပေယာဂ ေလာက္မွ် မရွိၾက။”

“တရားထူးရမည္ကို သကၤန္းတစ္စုံ သပိတ္တစ္လုံး ရမည္ေလာက္မွ် ဝမ္းမေျမာက္။

ဆြမ္းတစ္အုပ္ ရသေလာက္မွ် မခင္မင္။ ပုထုဇဥ္ေပတုံး ပိတ္ဖ်င္ကိုသာ ျဖဳန္းၾကေသာ ကတုံးေတြမွာ ေျမႀကီးႏွင္႔ေကာင္းကင္အလား

ဤတရားျမတ္ႏွင္႔ ေဝးလိမ္႔မယ္ကြယ္႔။ ‘အေရ၊ အေၾကာ၊ အသား၊ အေသြး အကုန္ေျခာက္ပါေစ၊

ရထိုက္ေသာ တရားမ်ဳိးသာ မွန္ပါလွ်င္ မရသမွ် ငါ မေန။ မေပါက္ေရာက္သမွ် ငါ မေန’ ဟု ဝီရိယမေလွ်ာ့ဘဲ အားထုတ္ရမယ္ကြယ္႔။”

“ဤသို႔ သက္စြန္႔ႀကိဳးစား အားထုတ္ပါလွ်င္ ခေပါင္းေရၾကည္ေစ႔ခပ္ေသာ ေရသည္ တခဏခ်င္း စိမ္းျမျဖဴစင္ ၾကည္လင္သန္႔ရွင္းသကဲ႔သို႔ တစ္ခုတည္းေသာ တရားအာရံုကိုသာ

စူးစိုက္စြဲၿမဲေသာ သမာဓိႏွင္႔ ယွဥ္ရသျဖင္႔ တရားအားထုတ္သူ၏ စိတ္အစဥ္သည္ လြန္စြာ ၾကည္လင္ေတာက္ပၿပီး အဆင္႔ဆင္႔ျမတ္ေသာ တရားျမတ္ကို ရႏိုင္တယ္ကြယ္႔” ဟု မိန္႔ေတာ္မူသည္။

ထိုအခါ ဦးသုမနသည္

“ဆရာ႔ၾသဝါဒမ်ားကို သံမွဳိႏွက္သကဲ႔သို႔ ဦးထိပ္ရြက္ပန္ဆင္ပါသည္။ သပၸာယျဖစ္ေသာ

ဌာနကို ညႊန္ၾကားက ဘုရားတပည့္ေတာ္ သြားေရာက္ အားထုတ္လိုပါသည္ဘုရား” ဟု ေလွ်ာက္ထားရာ သာဓုေခၚေတာ္မူ၏။ ။

[ဓမၼာစရိယဦးေဌးလွဳိင္၏ ‘ရဟႏၲာႏွင္႔ပုဂၢိဳလ္ထူးမ်ား’ စာအုပ္မွ ထုတ္ႏုတ္ေဖာ္ျပပါသည္။]
အပၸမာ​ေဒန သမၼာ​ေဒထ

#Unicode Version#
့ရှင်သုမန အားထုတ်ရမည့်တရားကား မခက်၊ ဝီရိယသာလိုသည်။

ယနေ့ခေတ်တွင် မဂ်ဖိုလ်ရနိုင်စွမ်းသော ဝီရိယကို မထူထောင်ကြဘူးကွယ့်။

အဋ္ဌကထာဆရာတို့ ဆုံးမတဲ့အတိုင်း ပန်းဝတ်ရည်ယူအံ့ဟု ပျံသွားသော ပျား၊ ရေအပြင် ကြာရွက်၌ သွေးကြောဖြတ် သင်သော ဆေးသမား၊

အသပြာလေးထောင်ကို လို၍ ပင့်ကူချည်မျှင် လေးလံရအောင် တုတ်တံဖြင့် ရစ်ယူသောယောက်ျား၊

လေကြမ်းလျှင် ခါးလည်ကိုစည်း၍ လေညံ့လျှင် ရွက်ကိုဖြန့်၍ ရွက်တိုက်သော လှေသမား၊

အပေါက်ကျဉ်းလှသော ကျည်တောက်၌ မဖိတ်ရအောင် ဆီသွတ်သော ယောက်ျားကဲ့သို့ မဆုတ်မနစ် မတက်ကြွားစေရအောင် စိတ်ကို စဉ်းစားဆင်ခြင်၍

သမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းသို့ ကူးသန်းအ့ံသောယောက်ျား၏ အာသာဆန္ဒကဲ့သို့ လည်းကောင်း သက်စွန့်ကြိုးစားပြီး အားထုတ်ရမယ်ကွယ့်။”

“ရှေးအခါက ယောက်ျားနှစ်ဦးတို့ တောကြမ်းခရီး၌ ရှားနှစ်ကိုတွေ့၍ “ရှားနှစ်ကို မီးပွတ်သော် မီးရမည်လော” ဟု တစ်ယောက်ကဆိုလျှင်

တစ်ယောက်က “မစင်ပါအောင် ပွတ်သော်လည်း မီးမရနိုင်” ဟု ဆိုသည်ကို မခံချင်လှ၍ “ငါ မစင်ပါအောင် ပွတ်မည်” ဟု ကြိုးစားအားထုတ် ပွတ်ရာတွင်

အခိုးထလေလေ နှိပ်ပြီးပွတ်လေလေဖြင့် မစင်လည်း ဗျစ်ကနဲပါ၊

မီလည်းရလှာသည်ဟူသော ဥဒါန်းစကားအတိုင်း မီးပွတ်ယောက်ျား၏ အာသာဆန္ဒ လုံ့လပယောဂ လောက်မျှ မရှိကြ။”

“တရားထူးရမည်ကို သင်္ကန်းတစ်စုံ သပိတ်တစ်လုံး ရမည်လောက်မျှ ဝမ်းမမြောက်။

ဆွမ်းတစ်အုပ် ရသလောက်မျှ မခင်မင်။ ပုထုဇဉ်ပေတုံး ပိတ်ဖျင်ကိုသာ ဖြုန်းကြသော ကတုံးတွေမှာ မြေကြီးနှင့်ကောင်းကင်အလား

ဤတရားမြတ်နှင့် ဝေးလိမ့်မယ်ကွယ့်။ ‘အရေ၊ အကြော၊ အသား၊ အသွေး အကုန်ခြောက်ပါစေ၊

ရထိုက်သော တရားမျိုးသာ မှန်ပါလျှင် မရသမျှ ငါ မနေ။ မပေါက်ရောက်သမျှ ငါ မနေ’ ဟု ဝီရိယမလျှော့ဘဲ အားထုတ်ရမယ်ကွယ့်။”

“ဤသို့ သက်စွန့်ကြိုးစား အားထုတ်ပါလျှင် ခပေါင်းရေကြည်စေ့ခပ်သော ရေသည် တခဏချင်း စိမ်းမြဖြူစင် ကြည်လင်သန့်ရှင်းသကဲ့သို့ တစ်ခုတည်းသော တရားအာရုံကိုသာ

စူးစိုက်စွဲမြဲသော သမာဓိနှင့် ယှဉ်ရသဖြင့် တရားအားထုတ်သူ၏ စိတ်အစဉ်သည် လွန်စွာ ကြည်လင်တောက်ပပြီး အဆင့်ဆင့်မြတ်သော တရားမြတ်ကို ရနိုင်တယ်ကွယ့်” ဟု မိန့်တော်မူသည်။

ထိုအခါ ဦးသုမနသည်

“ဆရာ့သြဝါဒများကို သံမှိုနှက်သကဲ့သို့ ဦးထိပ်ရွက်ပန်ဆင်ပါသည်။ သပ္ပာယဖြစ်သော

ဌာနကို ညွှန်ကြားက ဘုရားတပည့်တော် သွားရောက် အားထုတ်လိုပါသည်ဘုရား” ဟု လျှောက်ထားရာ သာဓုခေါ်တော်မူ၏။ ။

[ဓမ္မာစရိယဦးဌေးလှိုင်၏ ‘ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ’ စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။]

အပ္ပမာ​ဒေန သမ္မာ​ဒေထ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>