၁) လြန္ခဲ့ေသာနွစ္ေပါင္း ကိုးဆယ္ေက်ာ္ ကာလက ကသာခရိုင္ ေ႐ႊလီေခ်ာင္းနဲ႔ ကခ်င္ျပည္နယ္ ေက်းေတာအရပ္ေဒသမ်ားတြင္ သူေဌး ယူစိန္အပိုင္ ဆင္မည္းႀကီးတစ္ေကာင္ရိွခဲ့ပါသည္။ ဆင္မည္းႀကီးဆိုရာတြင္ အျခားေသာဆင္မ်ားထက္ မည္းနက္ၿပီး အလိမ္မာပိုသည္။ လူစကားကို ပို၍နားလည္ၿပီး မဟုတ္မခံ စြယ္စုံဆင္ႀကီးတစ္ေကာင္ျဖစ္သည္။ထိုဆင္ႀကီး၏နာမည္ကို ‘ဟန္ပု’ ဟု ေခၚသည္။
ဟန္ပုသည္ အဟိတိရစၦာန္ျဖစ္ေသာ္လည္း သူ႔ကိုလိမ္ညာခိုင္း၍မရပါ။ မွန္မွန္ကန္ကန္ခိုင္းမွရသည္။လိမ္မာသည့္ေနရာတြင္ နွစ္ေကာင္မရိွဘဲ မိုက္သည့္ေနရာတြင္လည္း နွစ္ေကာင္မရိွေပ။
ဟန္ပု၏ ဆင္ဦးစီးမွာ ဟန္ပုငယ္ကတည္းက ညႇပ္ထုတ္သင္ေပးခဲ့ရေသာ ဘိုးၿငိမ္းျဖစ္ေပသည္။ ဟန္ပု၏ ပဲ့ခ်ိတ္မွာ ဘိုးၿငိမ္း၏ဇနီးသည္ ေဒၚအိ ျဖစ္သည္။ဟန္ပုသည္ သန္မာေတာင့္တင္း၍ သတိၲ ဗ်တၱိ နွင့္ ျပည့္စုံေသာ ျမန္မာ့ဆင္လိမ္မာႀကီးျဖစ္သည္။ သူသန္မာထြားႀကိဳင္းသေလာက္ သူ၏ဦးစီးနွင့္ ပဲ့ခ်ိတ္မွာ အဘိုးအိုတစ္ဦးနွင့္ အဘြားအိုတစ္ဦးျဖစ္ေနသည္က ပိုမိုထူးဆန္းလ်က္ရိွသည္။
ဟန္ပုသည္ ဆင္ဦးစီးအသစ္ ငါးေယာက္တိတိကို ထိုးသတ္ခဲ့ဖူးသည္။ ဆင္ဦးစီးငါးေယာက္ကို သတ္ခဲ့ေသာ ဆင္ဆိုးႀကီးကို အဘိုးအို အဘြားအိုကိုင္သည္ဆိုက မယုံနိုင္စရာပင္ ျဖစ္ေပသည္။ သို႔ရာတြင္ ဟန္ပုသည္ မိုက္သေလာက္၊ လိမ္မာပုံကလည္း ထူးျခားလွေပေတာ့သည္။
ထိုအခါက ဆင္ဦးစီးဘိုးၿငိမ္းမွာ ဆင္ဆိုးကို ကိုင္ရသျဖင့္ လခတစ္လ နွစ္ဆယ့္ငါးက်ပ္ ရရိွေပသည္။ ဘိုးၿငိမ္း၏ဇနီးသည္ ပဲ့ခ်ိတ္မွာ တစ္လခုနွစ္က်ပ္ခဲြသာ ရရိွေပသည္။ဘိုးၿငိမ္းနွင့္ အဘြားအိ အသက္ႀကီးၿပီၾထစ္၍ ဆင္ဦးစီးတစ္ေယာက္ကို လဲႊအပ္လိုက္လွ်င္ ထိုဆင္ဦးစီးအသစ္ကို တစ္လအၾကာတြင္ ဟန္ပုက ထိုးသတ္လိုက္ေပေတာ့သည္။ဟန္ပု၏ အက်င့္ဆိုး ဥာဥ္ဆိုးတစ္ခုမွာ ဘိုးၿငိမ္းနွင့္ အဘြားအိ လက္မွလြတ္၍ ဆင္ဦးစီးတစ္ေယက္ေျပာင္းၿပီး တစ္လခန္႔ၾကာလွ်င္ ဆင္ဦးစီးအသစ္ကို ထိုးသတ္လိုက္ျပန္သည္။ထိုသို႔ထိုးသတ္ၿပီးလွ်င္ ေတာထဲဝင္၍ ပုန္းေအာင္းေနေတာ့သည္။
” ဟန္ပုက သူ႔ဦးစီးအသစ္ကို ထိုးသတ္လိုက္ျပန္ၿပီတဲ့။ ”၎င္းသတင္းနွင့္တစ္ဆက္တည္း ” အဂၤလိပ္အစိုးရက ဟန္ပုကို သတ္မိန္႔ေပးေတာ့မယ္တဲ့ ” ဟူေသာ သတင္းပါ ထြက္ေပၚလာေတာ့သည္။
ဤသတင္းၾကားရလွ်င္ ဘိုးၿငိမ္းနွင့္ အဘြားအိတို႔ ဟန္ပုအတြက္ ရင္ထုမနာ ျဖစ္ၾကရသည္။ အသည္းကို အပ္ႏွင့္ဆြသလို ခံစားလိုက္ၾကရသည္။ ထိုေၾကာင့္ဟန္ပုေနာက္သို႔ ငွက္ေပ်ာသီးမ်ား သယ္ေဆာင္လ်က္ အလ်င္အျမန္လိုက္ၾကရပါေလေတာ့သည္။
ဟန္ပုေနေသာ ေတာသို႔ ေရာက္ေသာအခါ အျမင့္ဆုံး သစ္ငုတ္တိုေပၚသို႔ ဘိုးၿငိမ္ကတက္ၿပီး အသံက်ယ္က်ယ္ျဖင့္ ” ေဟ့ ဟန္ပု ၊ ဟန္ပု ” ဟု သုံးေလးႀကိမ္ ဆက္တိုက္ ေအာ္ေခၚလိုက္သည္။
ထိုသို႔ ဘိုးၿငိမ္းေခၚေသာအသံကို ဟန္ပုၾကာေသာအခါ နား႐ြက္မခတ္ဘဲနားေထာင္သည္။ ဘိုးၿငိမ္းအသံမွန္း သိေသာအခါ ကဆုန္ေပါက္၍ ဒုန္းစို္င္းကာ ေျပးလာပါေတာ့သည္။ ဖခင္ကေအာ္ေခၚလိုက္ေသာအခါ သားငယ္ေျပးလာသက့ဲသို႔ ပံု ျဖစ္ေလသည္။ 🐘
သိရိွသူမ်ားရဲ႕ မန္႔မ်ားကို ဆက္လက္ဖတ္ရႈ သိရိွလိုပါသျဖင့္ တင္ေပးျခင္းျဖစ္ပါ၍ Copy ကူးယူေဖာ္ျပခြင့္မျပဳပါ။
ေက်ာ္နိုင္ဝင္း (ေရႊကူ)
K_N_W_Sgu
#အ့ံဖြယ္ေက်ာင္းဒါယကာ
(သို႔မဟုတ္) ေ႐ႊကူၿမိဳ႕နယ္ မံဝိန္း႐ြာမွ
ေက်ာင္းဒါယကာ ဆင္တစ္ေကာင္ အေၾကာင္း 🐘 ( ၂ )
ထိုသို႔ေျပးလာၿပီး ဘိုးၿငိမ္းရပ္ေနေသာ သစ္ငုတ္တိုနား ေရာက္ေသာအခါ ေျခစံုရပ္လိုက္ၿပီး နား႐ြက္မခတ္ဘဲ ၿငိမ္ေနလိုက္သည္။ ေရွ႕တြင္ေပကပ္၍ရပ္ေနေသာ သားဆိုးကို ဘိုးၿငိမ္းက ျမည္တြန္ေတာက္တီး၍ ဆုံးမပါေတာ့သည္။
” ဟန္ပု၊ မင္းငါ့ကိုေတာ္ေတာ္ဒုကၡေပးတယ္။ ငါ့ကိုအရင္သတ္လိုက္စမ္း။ ငါ့ကိုသတ္ၿပီးမွ မင္းသြားခ်င္ရာကိုသြား။ မင္း ဟာ ေတာ္ေတာ္မိုက္တယ္။ မင္းရင္လည္းေသမွ၊ ငါရင္လည္းေသမွ ေအးမွာပါ။ သတ္လိုက္စမ္းပါဟန္ပု။ ငါ့ကို အစြယ္နဲ႔ထိုးသတ္လိုက္စမ္းပါ။ ”
ဘိုးၿငိမ္းက ဂရုဏာေဒါေသာျဖင့္ ဟန္ပုအားေျပာသလို အဘြားအိကလည္း ” သားရယ္၊ မင္းျပန္မလာရင္ မင္းကို သတ္ၾကလိမ့္မယ္။ မင္းေသရင္ တို႔လည္း ေသမွာဘဲ။ မမိုက္ပါနဲ႔သားရယ္။ အေမတို႔နဲ႔အတူ ျပန္လိုက္ခဲ့ပါ။ ငါ့သားကို မသတ္ေအာင္ အေမတို႔ တာဝန္ယူပါတယ္ ” ဟု ငိုလိုက္ ေျပာလိုက္ျဖင့္ သားဆိုးႀကီးတစ္ေယာက္ပမာ ဟန္ပုအား ဆူပူႀကိမ္းေမာင္းၾကပါသည္။
အဘိုးႀကီး၊ အဘြားႀကီး မည္မွ်ပင္ ဆူပူ ႀကိမ္းေမာင္းၾကပါေစ ဟန္ပုက တုတ္တုတ္မွ်မလႈပ္။ ၿငိမ္၍သာ နားေထာင္သည္။ ဟန္ပုအားဆူပူႀကိမ္းေမာင္းၿပီးေသာအခါ ပါလာေသာ ငွက္ေပ်ာသီးမ်ားကို ေကြၽးသည္။ 🐘
ဟန္ပုသည္ငွက္ေပ်ာသီးမ်ားကို အားရပါးရ စားေသာက္ၿပီးေသာအခါ ေရွ႕တြင္ရပ္ေနေသာ ဘိုးၿငိမ္းအား နွာေမာင္းျဖင့္ ရစ္ပတ္လိုက္ၿပီး ဦးေခါင္းေပၚတင္လိုက္သည္။ ဟန္ပုသည္ အဘြားအိကိုလည္း ဘိုးၿငိမ္းကဲ့သို႔ပင္ နွာေမာင္းျဖင့္ေပြ႕၍ သူ၏ေက်ာေပၚသို႔တင္လိုက္သည္။ အဘိုးႀကီး အဘြားႀကီးလင္မယား ေက်ာေပၚသို႔ ေရာက္သြားၿပီးေသာအခါ မေမာင္းမနွင္ရဘဲ ႐ြာသို႔ ဦးတည္ျပန္ခဲ့ပါေတာ့သည္။🐘
ဘိုးၿငိမ္းတို႔က အာမခံသျဖင့္ ဟန္ပုကို ရန္မျပဳၾကေတာ့ေပ။
ထိုသို႔ ဘိုးၿငိမ္းနွင့္ အဘြားအိလက္ထဲ ဟန္ပုေရာက္လာျပန္ေသာအခါ ဆင္ဦးစီးသတ္ခဲ့ေသာ လူသတ္သမား ဟန္ပုဟူ၍ ေျပာမယုံနိုင္ေအာင္ပင္ လိမၼာလွေပေတာ့သည္။ 🐘
ဟန္ပုသည္ ဆင္ဦးစီးအသစ္မ်ားကိုသတ္လိုက္၊ ဘိုးၿငိမ္းတို႔ဇနီးေမာင္နွံလက္ထဲ ျပန္ေရာက္လိုက္။ ဘိုးၿငိမ္းနွင့္ အဘြားအိတို႔ လစာတိုးသြားလိုက္နွင့္။ တစ္လနွစ္ဆယ့္ငါးက်ပ္မွ တစ္လနွစ္ေယာက္ေပါင္း သုံးရာေက်ာ္သြားသည္အထိ လစာတိုးခံရေတာ့သည္။
ဆင္ပိုင္ရွင္သည္ ဆင္ဦးစီး အသစ္ကို မခန္႔ဝံ့ေတာ့။ ” ခင္ဗ်ားတို႔ဘဲ ထိန္းၾကပါေတာ့ဗ်ာ ” ဟုဆို၍ ဟန္ပုကို ဘိုးၿငိမ္းနွင့္ အဘြားအိတို႔ လက္သို႔ အပ္လိုက္သည္။ 🐘တစ္ေန႔တြင္ ဘိုးၿငိမ္းက ဟန္ပုအနားကပ္၍ သူ၏စိတ္မိုက္၊ စိတ္ရိုင္းကို ေပ်ာက္ပ်က္သြားေအာင္ ” ဟန္ပုေရ ၊ ေနာက္ကို မမိုက္ပါနဲ႔ေတာ့ကြယ္။ တို႔အဘိုးႀကီး အဘြားႀကီး အသက္လည္းႀကီးၿပီ။ လစာလည္း နွစ္ေယာက္ေပါင္း သုံးရာေက်ာ္ပါၿပီကြယ္ “ဟု ေျပာထားလိုက္သည္။ သူေဌး ယူစိန္ကလည္း ဟန္ပုသည္ သူ၏အေဖအေမမ်ား လစာတိုးေအာင္လုပ္သည္ဟုပင္ ယူဆျခင္း၊ စြပ္စဲြျခင္း ျပဳေပသည္။
ဟန္ပုအေပၚ ထားအပ္ေသာ ဘိုးၿငိမ္းနွင့္ အဘြားအိတို႔၏ ေမတၲာ ထုထည္မွာ ႀကီးမားလွပါသည္။ သားသမီးတစ္ေယာက္မွ မထြန္းကားသည့္ အဘိုးနွင့္အဘြားမွာ တိရိစၦာန္ ဆင္လိမ္မာကိုသာ သားသမီးကဲ့သို႔ သံေယာဇဥ္တြယ္ေနၾကရသည္။ 🐘
ဟန္ပုကိုထိေတာ့မည္ဆိုလ်ွင္ အသည္းခိုက္ေအာင္နာက်င္ၾကရသည္။ ဟန္ပုကလည္း အဘိုးအိုနွင့္ အဘြားအိုတို႔စကားမွလဲြ၍ မည္သူ႔စကားကိုမွ နားမေထာင္ခ်င္။ လူသားနွင့္ တိရိစၦာန္တို႔၏ ဘာသာ စကား နားလည္ျခင္းနွင့္ လူစကားနားေထာင္ျခင္းသည္ အ့ံၾသဘြယ္ရာပင္ ျဖစ္သည္။ 🐘
ဆင္လိမ္မာ ဟန္ပုအား ဘိုးၿငိမ္းနွင့္ အဘြားအိတို႔ ေနာက္ဆုံးအႀကိမ္ ကယ္တင္ဆုံးမၿပီး လုပ္ငန္းတာဝန္မ်ား ၿပီးဆုံးေသာအခါ သူေဌးယူစိန္က ” ဟန္ပုကို ခင္ဗ်ားတို႔ အပိုင္ယူေပေတာ့။ က်ဳပ္လည္း ၿမိဳ႕ကို ေျပာင္းရမယ္။ ဟန္ပုကို သူမ်ားကိုင္လည္း ျပႆနာျဖစ္မွာဘဲ။ ခင္ဗ်ားတို႔ အတြက္ေတာ့ သားအရင္းလို ျဖစ္ေနတာဘဲ မဟုတ္လား ” ဟု ဆုိၿပီး ဟန္ပိုအား ဘိုးၿငိမ္းနွင္ အဘြားအိတို႔အား ကိုယ္ပိုင္ဆင္အျဖစ္ ေပးထားခဲ့ေတာ့သည္။ 🐘
ဟန္ပုသည္ ဘိုးၿငိမ္းနွင႔္ အဘြားအိတို႔၏ ကိုယ္ပိုင္ဆင္ျဖစ္လာေသာအခါ ပို၍ လိမ္မာလာပါေတာ့သည္။ ဘိုးၿငိမ္းနွင့္ အဘြားအိတို႔လည္း ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္စပ္တြင္မေနဘဲ ေရၾကည္ရာ ျမက္ႏုရာ ေ႐ႊလီျမစ္ကမ္းတြင္ ဟန္ပုကိုေက်ာင္းရင္း ေျပာင္းေ႐ႊ့ေနထိုင္လာၾကေတာ့သည္။ 🐘
ဟန္ပုသည္တစ္ခါတစ္ရံ လူသြားလမ္းေဘးတြင္ အစာစားေနတတ္သည္။ ခရီးသြားမ်ား ႐ြာသူ႐ြာသားမ်ားနွင့္ဆုံလွ်င္ ” ဟန္ပုႀကီး၊ တို႔ေၾကာက္လို႔ ေရွ႕တိုးေပးပါအုံး ” ဆိုလွ်င္ လမ္းဖယ္ေပးတတ္သည္။ လူစကားကို နားလည္သည္။ လက္ေဆာ့ ေျခေဆာ့ျဖင့္ ဟန္ပုအား အေဝးမွ ေလးခြျဖင့္ ပစ္ျခင္း၊ ခဲျဖင့္ေပါက္ျခင္းျပဳလွ်င္ ေတြ႕တိုင္း လိုက္တတ္သည္။ အၿငိဳးထားသည္။ သူ႔အားရန္မူသူကို မွတ္မိသည္။ ဤသည္ကား ဟန္ပု၏ ေမြးရာပါ အက်င့္ျဖစ္သည္။ 🐘
ဟန္ပုသည္လိမ္မာ၏။ လူစကားကို နားလည္၏။ ဘိုးၿငိမ္းနွင့္ အဘြားအိတို႔ အထူးအားကိုးရေသာ သားႀကီး ၾသရသကဲ့သို႔ပင္ ျဖစ္၏။ ဘိုးၿငိမ္းနွင့္ အဘြားအိတို႔၏ ကိုယ္ပိုင္ဆင္ျဖစ္လာေသာ္လည္း အလုပ္မလုပ္ဘဲ ေန၍မျဖစ္။ ပုဂၢလိက သစ္ကုန္သည္တို႔၏ သစ္မ်ားကို အခစားဆဲြေပးရသည္။ 🐘
ပုဂၢလိက သစ္ကုန္သည္မ်ားေရာက္လာ ၍ သစ္ကြက္တြင္ သစ္ဆဲြရန္ ေစ်းဆိုင္ေသာအခါ ဘိုးၿငိမ္းက ” ကြၽန္ေတာ့္သားနဲ႔သာ ေစ်းဆိုင္ၾကပါခင္ဗ်ာ ” ဟု ေျပာ၍ ဟန္ပုရိွရာသို႔ ေခၚသြားသည္။ သစ္ကုန္သည္မ်ားက ေအာင့္အည္းသည္းခံ၍ ဟန္ပုရိွရာသို႔ သြားၾကရသည္။
ေစ်းႀကိဳက္လွ်င္ ဟန္ပုလက္ခံသည္။ လက္ခံပုံမွာ ပထမသစ္ကုန္သည္မ်ားက သစ္ဆဲြရန္ေစ်းကို ဟန္ပုေရွ႕တြင္ ေပးသည္။ ဟန္ပုမႀကိက္ေသးလ်ွင္ ၿငိမ္၍နားေထာင္ေနသည္။ ဤသို႔ျဖင့္တစ္ဆင့္ထက္ တစ္ဆင့္ ေစ်းတက္ေပး၍ ဟန္ပုေစ်းႀကိဳက္ၿပီဆိုလွ်င္ နွာေမာင္းကေလးကို လႈပ္ကစားၿပီး ပိုက္ဆံေတာင္းေတာ့သည္။ သည္လိုဆိုလွ်င္ သစ္ကုန္သည္မ်ားေပးေသာေစ်းကို ဟန္ပုႀကိဳက္ၿပီ၊ ခ်က္ခ်င္းေငြေပးေခ်ရသည္။ အေႂကြးထား၍ မရပါ။ ထိုသို႔ ေငြေခ်လိုက္ေသာအခါ ပထမက ဟန္ပုအား ဘိုးၿငိမ္း စကားတစ္ခြန္းေျပာထားဖူးသည္။ 🐘
မၾကာခဏပင္ ” ဟန္ပုေရ ၊ တို႔ေက်ာင္းေဆာက္ဖို႔ ေငြစုရေအာင္ ” ဟု ေျပာထားခ်က္ ရိွျခင္းေၾကာင့္ ေငြထက္ဝက္ကို ဘိုးၿငိမ္းအားေပးသည္။ က်န္တစ္ဝက္ကို ဟန္ပု ႏွာေမာင္းျဖင့္ေပြ႕ပိုက္၍ ေတာတြင္းဝင္ကာ ဝွက္ထားသည္။ ထိုေခတ္က သုံးေသာေငြမွာ ေငြသားစစ္စစ္မ်ား ျဖစ္ပါသည္။ ထိုေၾကာင့္လည္း ဆင္နွာေမာင္းျဖင့္ေပြ႕ပိုက္၍ လြယ္ကူျခင္းျဖစ္ပါသည္။
Share ေပးပါမိတ္ေဆြ
Kyaw Naing Win
# Unicode Version ျဖင့္ ဖတ္ပါ #
၁)
လွန်ခဲ့သောနှစ်ပေါင်း ကိုးဆယ်ကျော် ကာလက ကသာခရိုင် ရွှေလီချောင်းနဲ့ ကချင်ပြည်နယ် ကျေးတောအရပ်ဒေသများတွင် သူဌေး ယူစိန်အပိုင် ဆင်မည်းကြီးတစ်ကောင်ရှိခဲ့ပါသည်။ ဆင်မည်းကြီးဆိုရာတွင် အခြားသောဆင်များထက် မည်းနက်ပြီး အလိမ်မာပိုသည်။ လူစကားကို ပို၍နားလည်ပြီး မဟုတ်မခံ စွယ်စုံဆင်ကြီးတစ်ကောင်ဖြစ်သည်။ထိုဆင်ကြီး၏နာမည်ကို ‘ဟန်ပု’ ဟု ခေါ်သည်။
ဟန်ပုသည် အဟိတိရစ္ဆာန်ဖြစ်သော်လည်း သူ့ကိုလိမ်ညာခိုင်း၍မရပါ။ မှန်မှန်ကန်ကန်ခိုင်းမှရသည်။လိမ်မာသည့်နေရာတွင် နှစ်ကောင်မရှိဘဲ မိုက်သည့်နေရာတွင်လည်း နှစ်ကောင်မရှိပေ။
ဟန်ပု၏ ဆင်ဦးစီးမှာ ဟန်ပုငယ်ကတည်းက ညှပ်ထုတ်သင်ပေးခဲ့ရသော ဘိုးငြိမ်းဖြစ်ပေသည်။ ဟန်ပု၏ ပဲ့ချိတ်မှာ ဘိုးငြိမ်း၏ဇနီးသည် ဒေါ်အိ ဖြစ်သည်။ဟန်ပုသည် သန်မာတောင့်တင်း၍ သတ္တိ ဗျတ္တိ နှင့် ပြည့်စုံသော မြန်မာ့ဆင်လိမ်မာကြီးဖြစ်သည်။ သူသန်မာထွားကြိုင်းသလောက် သူ၏ဦးစီးနှင့် ပဲ့ချိတ်မှာ အဘိုးအိုတစ်ဦးနှင့် အဘွားအိုတစ်ဦးဖြစ်နေသည်က ပိုမိုထူးဆန်းလျက်ရှိသည်။
ဟန်ပုသည် ဆင်ဦးစီးအသစ် ငါးယောက်တိတိကို ထိုးသတ်ခဲ့ဖူးသည်။ ဆင်ဦးစီးငါးယောက်ကို သတ်ခဲ့သော ဆင်ဆိုးကြီးကို အဘိုးအို အဘွားအိုကိုင်သည်ဆိုက မယုံနိုင်စရာပင် ဖြစ်ပေသည်။ သို့ရာတွင် ဟန်ပုသည် မိုက်သလောက်၊ လိမ်မာပုံကလည်း ထူးခြားလှပေတော့သည်။
ထိုအခါက ဆင်ဦးစီးဘိုးငြိမ်းမှာ ဆင်ဆိုးကို ကိုင်ရသဖြင့် လခတစ်လ နှစ်ဆယ့်ငါးကျပ် ရရှိပေသည်။ ဘိုးငြိမ်း၏ဇနီးသည် ပဲ့ချိတ်မှာ တစ်လခုနှစ်ကျပ်ခွဲသာ ရရှိပေသည်။ဘိုးငြိမ်းနှင့် အဘွားအိ အသက်ကြီးပြီထြစ်၍ ဆင်ဦးစီးတစ်ယောက်ကို လွဲှအပ်လိုက်လျှင် ထိုဆင်ဦးစီးအသစ်ကို တစ်လအကြာတွင် ဟန်ပုက ထိုးသတ်လိုက်ပေတော့သည်။ဟန်ပု၏ အကျင့်ဆိုး ဉာဉ်ဆိုးတစ်ခုမှာ ဘိုးငြိမ်းနှင့် အဘွားအိ လက်မှလွတ်၍ ဆင်ဦးစီးတစ်ယေက်ပြောင်းပြီး တစ်လခန့်ကြာလျှင် ဆင်ဦးစီးအသစ်ကို ထိုးသတ်လိုက်ပြန်သည်။ထိုသို့ထိုးသတ်ပြီးလျှင် တောထဲဝင်၍ ပုန်းအောင်းနေတော့သည်။
” ဟန်ပုက သူ့ဦးစီးအသစ်ကို ထိုးသတ်လိုက်ပြန်ပြီတဲ့။ ”၎င်းင်းသတင်းနှင့်တစ်ဆက်တည်း ” အင်္ဂလိပ်အစိုးရက ဟန်ပုကို သတ်မိန့်ပေးတော့မယ်တဲ့ ” ဟူသော သတင်းပါ ထွက်ပေါ်လာတော့သည်။
ဤသတင်းကြားရလျှင် ဘိုးငြိမ်းနှင့် အဘွားအိတို့ ဟန်ပုအတွက် ရင်ထုမနာ ဖြစ်ကြရသည်။ အသည်းကို အပ်နှင့်ဆွသလို ခံစားလိုက်ကြရသည်။ ထိုကြောင့်ဟန်ပုနောက်သို့ ငှက်ပျောသီးများ သယ်ဆောင်လျက် အလျင်အမြန်လိုက်ကြရပါလေတော့သည်။
ဟန်ပုနေသော တောသို့ ရောက်သောအခါ အမြင့်ဆုံး သစ်ငုတ်တိုပေါ်သို့ ဘိုးငြိမ်ကတက်ပြီး အသံကျယ်ကျယ်ဖြင့် ” ဟေ့ ဟန်ပု ၊ ဟန်ပု ” ဟု သုံးလေးကြိမ် ဆက်တိုက် အော်ခေါ်လိုက်သည်။
ထိုသို့ ဘိုးငြိမ်းခေါ်သောအသံကို ဟန်ပုကြာသောအခါ နားရွက်မခတ်ဘဲနားထောင်သည်။ ဘိုးငြိမ်းအသံမှန်း သိသောအခါ ကဆုန်ပေါက်၍ ဒုန်းစိုင်းကာ ပြေးလာပါတော့သည်။ ဖခင်ကအော်ခေါ်လိုက်သောအခါ သားငယ်ပြေးလာသကဲ့သို့ ပုံ ဖြစ်လေသည်။ 🐘
သိရှိသူများရဲ့ မန့်များကို ဆက်လက်ဖတ်ရှု သိရှိလိုပါသဖြင့် တင်ပေးခြင်းဖြစ်ပါ၍ Copy ကူးယူဖော်ပြခွင့်မပြုပါ။
ကျော်နိုင်ဝင်း (ရွှေကူ)
K_N_W_Sgu
#အံ့ဖွယ်ကျောင်းဒါယကာ
(သို့မဟုတ်) ရွှေကူမြို့နယ် မံဝိန်းရွာမှ
ကျောင်းဒါယကာ ဆင်တစ်ကောင် အကြောင်း 🐘 ( ၂ )
ထိုသို့ပြေးလာပြီး ဘိုးငြိမ်းရပ်နေသော သစ်ငုတ်တိုနား ရောက်သောအခါ ခြေစုံရပ်လိုက်ပြီး နားရွက်မခတ်ဘဲ ငြိမ်နေလိုက်သည်။ ရှေ့တွင်ပေကပ်၍ရပ်နေသော သားဆိုးကို ဘိုးငြိမ်းက မြည်တွန်တောက်တီး၍ ဆုံးမပါတော့သည်။
” ဟန်ပု၊ မင်းငါ့ကိုတော်တော်ဒုက္ခပေးတယ်။ ငါ့ကိုအရင်သတ်လိုက်စမ်း။ ငါ့ကိုသတ်ပြီးမှ မင်းသွားချင်ရာကိုသွား။ မင်း ဟာ တော်တော်မိုက်တယ်။ မင်းရင်လည်းသေမှ၊ ငါရင်လည်းသေမှ အေးမှာပါ။ သတ်လိုက်စမ်းပါဟန်ပု။ ငါ့ကို အစွယ်နဲ့ထိုးသတ်လိုက်စမ်းပါ။ ”
ဘိုးငြိမ်းက ဂရုဏာဒေါသောဖြင့် ဟန်ပုအားပြောသလို အဘွားအိကလည်း ” သားရယ်၊ မင်းပြန်မလာရင် မင်းကို သတ်ကြလိမ့်မယ်။ မင်းသေရင် တို့လည်း သေမှာဘဲ။ မမိုက်ပါနဲ့သားရယ်။ အမေတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ။ ငါ့သားကို မသတ်အောင် အမေတို့ တာဝန်ယူပါတယ် ” ဟု ငိုလိုက် ပြောလိုက်ဖြင့် သားဆိုးကြီးတစ်ယောက်ပမာ ဟန်ပုအား ဆူပူကြိမ်းမောင်းကြပါသည်။
အဘိုးကြီး၊ အဘွားကြီး မည်မျှပင် ဆူပူ ကြိမ်းမောင်းကြပါစေ ဟန်ပုက တုတ်တုတ်မျှမလှုပ်။ ငြိမ်၍သာ နားထောင်သည်။ ဟန်ပုအားဆူပူကြိမ်းမောင်းပြီးသောအခါ ပါလာသော ငှက်ပျောသီးများကို ကျွေးသည်။ 🐘
ဟန်ပုသည်ငှက်ပျောသီးများကို အားရပါးရ စားသောက်ပြီးသောအခါ ရှေ့တွင်ရပ်နေသော ဘိုးငြိမ်းအား နှာမောင်းဖြင့် ရစ်ပတ်လိုက်ပြီး ဦးခေါင်းပေါ်တင်လိုက်သည်။ ဟန်ပုသည် အဘွားအိကိုလည်း ဘိုးငြိမ်းကဲ့သို့ပင် နှာမောင်းဖြင့်ပွေ့၍ သူ၏ကျောပေါ်သို့တင်လိုက်သည်။ အဘိုးကြီး အဘွားကြီးလင်မယား ကျောပေါ်သို့ ရောက်သွားပြီးသောအခါ မမောင်းမနှင်ရဘဲ ရွာသို့ ဦးတည်ပြန်ခဲ့ပါတော့သည်။🐘
ဘိုးငြိမ်းတို့က အာမခံသဖြင့် ဟန်ပုကို ရန်မပြုကြတော့ပေ။
ထိုသို့ ဘိုးငြိမ်းနှင့် အဘွားအိလက်ထဲ ဟန်ပုရောက်လာပြန်သောအခါ ဆင်ဦးစီးသတ်ခဲ့သော လူသတ်သမား ဟန်ပုဟူ၍ ပြောမယုံနိုင်အောင်ပင် လိမ္မာလှပေတော့သည်။ 🐘
ဟန်ပုသည် ဆင်ဦးစီးအသစ်များကိုသတ်လိုက်၊ ဘိုးငြိမ်းတို့ဇနီးမောင်နှံလက်ထဲ ပြန်ရောက်လိုက်။ ဘိုးငြိမ်းနှင့် အဘွားအိတို့ လစာတိုးသွားလိုက်နှင့်။ တစ်လနှစ်ဆယ့်ငါးကျပ်မှ တစ်လနှစ်ယောက်ပေါင်း သုံးရာကျော်သွားသည်အထိ လစာတိုးခံရတော့သည်။
ဆင်ပိုင်ရှင်သည် ဆင်ဦးစီး အသစ်ကို မခန့်ဝံ့တော့။ ” ခင်ဗျားတို့ဘဲ ထိန်းကြပါတော့ဗျာ ” ဟုဆို၍ ဟန်ပုကို ဘိုးငြိမ်းနှင့် အဘွားအိတို့ လက်သို့ အပ်လိုက်သည်။ 🐘တစ်နေ့တွင် ဘိုးငြိမ်းက ဟန်ပုအနားကပ်၍ သူ၏စိတ်မိုက်၊ စိတ်ရိုင်းကို ပျောက်ပျက်သွားအောင် ” ဟန်ပုရေ ၊ နောက်ကို မမိုက်ပါနဲ့တော့ကွယ်။ တို့အဘိုးကြီး အဘွားကြီး အသက်လည်းကြီးပြီ။ လစာလည်း နှစ်ယောက်ပေါင်း သုံးရာကျော်ပါပြီကွယ် “ဟု ပြောထားလိုက်သည်။ သူဌေး ယူစိန်ကလည်း ဟန်ပုသည် သူ၏အဖေအမေများ လစာတိုးအောင်လုပ်သည်ဟုပင် ယူဆခြင်း၊ စွပ်စွဲခြင်း ပြုပေသည်။
ဟန်ပုအပေါ် ထားအပ်သော ဘိုးငြိမ်းနှင့် အဘွားအိတို့၏ မေတ္တာ ထုထည်မှာ ကြီးမားလှပါသည်။ သားသမီးတစ်ယောက်မှ မထွန်းကားသည့် အဘိုးနှင့်အဘွားမှာ တိရိစ္ဆာန် ဆင်လိမ်မာကိုသာ သားသမီးကဲ့သို့ သံယောဇဉ်တွယ်နေကြရသည်။ 🐘
ဟန်ပုကိုထိတော့မည်ဆိုလျှင် အသည်းခိုက်အောင်နာကျင်ကြရသည်။ ဟန်ပုကလည်း အဘိုးအိုနှင့် အဘွားအိုတို့စကားမှလွဲ၍ မည်သူ့စကားကိုမှ နားမထောင်ချင်။ လူသားနှင့် တိရိစ္ဆာန်တို့၏ ဘာသာ စကား နားလည်ခြင်းနှင့် လူစကားနားထောင်ခြင်းသည် အံ့သြဘွယ်ရာပင် ဖြစ်သည်။ 🐘
ဆင်လိမ်မာ ဟန်ပုအား ဘိုးငြိမ်းနှင့် အဘွားအိတို့ နောက်ဆုံးအကြိမ် ကယ်တင်ဆုံးမပြီး လုပ်ငန်းတာဝန်များ ပြီးဆုံးသောအခါ သူဌေးယူစိန်က ” ဟန်ပုကို ခင်ဗျားတို့ အပိုင်ယူပေတော့။ ကျုပ်လည်း မြို့ကို ပြောင်းရမယ်။ ဟန်ပုကို သူများကိုင်လည်း ပြဿနာဖြစ်မှာဘဲ။ ခင်ဗျားတို့ အတွက်တော့ သားအရင်းလို ဖြစ်နေတာဘဲ မဟုတ်လား ” ဟု ဆိုပြီး ဟန်ပိုအား ဘိုးငြိမ်းနှင် အဘွားအိတို့အား ကိုယ်ပိုင်ဆင်အဖြစ် ပေးထားခဲ့တော့သည်။ 🐘
ဟန်ပုသည် ဘိုးငြိမ်းနှင့် အဘွားအိတို့၏ ကိုယ်ပိုင်ဆင်ဖြစ်လာသောအခါ ပို၍ လိမ်မာလာပါတော့သည်။ ဘိုးငြိမ်းနှင့် အဘွားအိတို့လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စပ်တွင်မနေဘဲ ရေကြည်ရာ မြက်နုရာ ရွှေလီမြစ်ကမ်းတွင် ဟန်ပုကိုကျောင်းရင်း ပြောင်းရွှေ့နေထိုင်လာကြတော့သည်။ 🐘
ဟန်ပုသည်တစ်ခါတစ်ရံ လူသွားလမ်းဘေးတွင် အစာစားနေတတ်သည်။ ခရီးသွားများ ရွာသူရွာသားများနှင့်ဆုံလျှင် ” ဟန်ပုကြီး၊ တို့ကြောက်လို့ ရှေ့တိုးပေးပါအုံး ” ဆိုလျှင် လမ်းဖယ်ပေးတတ်သည်။ လူစကားကို နားလည်သည်။ လက်ဆော့ ခြေဆော့ဖြင့် ဟန်ပုအား အဝေးမှ လေးခွဖြင့် ပစ်ခြင်း၊ ခဲဖြင့်ပေါက်ခြင်းပြုလျှင် တွေ့တိုင်း လိုက်တတ်သည်။ အငြိုးထားသည်။ သူ့အားရန်မူသူကို မှတ်မိသည်။ ဤသည်ကား ဟန်ပု၏ မွေးရာပါ အကျင့်ဖြစ်သည်။ 🐘
ဟန်ပုသည်လိမ်မာ၏။ လူစကားကို နားလည်၏။ ဘိုးငြိမ်းနှင့် အဘွားအိတို့ အထူးအားကိုးရသော သားကြီး သြရသကဲ့သို့ပင် ဖြစ်၏။ ဘိုးငြိမ်းနှင့် အဘွားအိတို့၏ ကိုယ်ပိုင်ဆင်ဖြစ်လာသော်လည်း အလုပ်မလုပ်ဘဲ နေ၍မဖြစ်။ ပုဂ္ဂလိက သစ်ကုန်သည်တို့၏ သစ်များကို အခစားဆွဲပေးရသည်။ 🐘
ပုဂ္ဂလိက သစ်ကုန်သည်များရောက်လာ ၍ သစ်ကွက်တွင် သစ်ဆွဲရန် ဈေးဆိုင်သောအခါ ဘိုးငြိမ်းက ” ကျွန်တော့်သားနဲ့သာ ဈေးဆိုင်ကြပါခင်ဗျာ ” ဟု ပြော၍ ဟန်ပုရှိရာသို့ ခေါ်သွားသည်။ သစ်ကုန်သည်များက အောင့်အည်းသည်းခံ၍ ဟန်ပုရှိရာသို့ သွားကြရသည်။
ဈေးကြိုက်လျှင် ဟန်ပုလက်ခံသည်။ လက်ခံပုံမှာ ပထမသစ်ကုန်သည်များက သစ်ဆွဲရန်ဈေးကို ဟန်ပုရှေ့တွင် ပေးသည်။ ဟန်ပုမကြိက်သေးလျှင် ငြိမ်၍နားထောင်နေသည်။ ဤသို့ဖြင့်တစ်ဆင့်ထက် တစ်ဆင့် ဈေးတက်ပေး၍ ဟန်ပုဈေးကြိုက်ပြီဆိုလျှင် နှာမောင်းကလေးကို လှုပ်ကစားပြီး ပိုက်ဆံတောင်းတော့သည်။ သည်လိုဆိုလျှင် သစ်ကုန်သည်များပေးသောဈေးကို ဟန်ပုကြိုက်ပြီ၊ ချက်ချင်းငွေပေးချေရသည်။ အကြွေးထား၍ မရပါ။ ထိုသို့ ငွေချေလိုက်သောအခါ ပထမက ဟန်ပုအား ဘိုးငြိမ်း စကားတစ်ခွန်းပြောထားဖူးသည်။ 🐘
မကြာခဏပင် ” ဟန်ပုရေ ၊ တို့ကျောင်းဆောက်ဖို့ ငွေစုရအောင် ” ဟု ပြောထားချက် ရှိခြင်းကြောင့် ငွေထက်ဝက်ကို ဘိုးငြိမ်းအားပေးသည်။ ကျန်တစ်ဝက်ကို ဟန်ပု နှာမောင်းဖြင့်ပွေ့ပိုက်၍ တောတွင်းဝင်ကာ ဝှက်ထားသည်။ ထိုခေတ်က သုံးသောငွေမှာ ငွေသားစစ်စစ်များ ဖြစ်ပါသည်။ ထိုကြောင့်လည်း ဆင်နှာမောင်းဖြင့်ပွေ့ပိုက်၍ လွယ်ကူခြင်းဖြစ်ပါသည်။
Share ပေးပါမိတ်ဆွေ