Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

“အရွယ်ကလဲ အသက် ၄၀ ရိုးရိုးအအ ပုံစံဆိုတော့ ခေါ်လာလိုက်တယ်။ အိမ်မှာလုပ်တာ ရှစ်ရက်ပဲရှိသေးတယ်။ မုဒိမ်းကျင့်ခံရပါတယ်ဆိုပြီး ထွက်ပြေးသွားရော”

$
0
0

“အရွယ်ကလဲ အသက် ၄၀ ရိုးရိုးအအ ပုံစံဆိုတော့ ခေါ်လာလိုက်တယ်။ အိမ်မှာလုပ်တာ ရှစ်ရက်ပဲရှိသေးတယ်။ မုဒိမ်းကျင့်ခံရပါတယ်ဆိုပြီး ထွက်ပြေးသွားရော”သီဟတင်စိုးအမှုJ

ပဲခူးမြို့ခံ ပွဲရုံလုပ်ငန်းရှင် ကိုဝင်းမင်းတို့ ဇနီးမောင်နှံနှင့်တွေ့ဆုံခြင်း

အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုပုဒ်မဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော မခင်မာမြင့် (ခ) မခင်မာညိုမှာ လွန်ခဲ့သည့် သုံးလကျော်က ပဲခူးမြို့ အမှတ် (၃) ရဲစခန်းတွင်လည်း ပွဲရုံပိုင်ရှင်တစ်ဦး၏ လူယုံတပည့် အမျိုးသားတစ်ဦးကို မုဒိမ်းမှုဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး ၎င်းအိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သည့် ပွဲရုံပိုင်ရှင် ကိုဝင်းမင်းတို့ဇနီးမောင်နှံကို The Voice Daily သတင်းစာမှ သွားရောက်တွေ့ဆုံမေးမြန်းမှုများမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ပဲခူးမြို့ခံ ပွဲရုံလုပ်ငန်းရှင် ကိုဝင်းမင်းတို့ ဇနီးမောင်နှံနှင့်တွေ့ဆုံခြင်း

The Voice : အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုပုဒ်မနဲ့ တရားလိုပြု အမှုဖွင့်ထားတဲ့အမျိုးသမီးက အရင်က အစ်ကို့အိမ်မှာ အိမ်အကူ လုပ်ခဲ့ဖူးတယ်လို့သိရပြီး အစ်ကို့တပည့်လေးကိုလည်း မုဒိမ်းမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကြားမိတယ်။ အဲဒါ ဟုတ် မဟုတ် အတည်ပြုပေးပါခင်ဗျား။
ကိုဝင်းမင်း : မင်းသား သီဟတင်စိုး မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းတွေမှာ ဖတ်မိတယ်။ အိမ်ဖော် မခင်မာမြင့်က သူ မုဒိမ်းကျင့်ခံရပါတယ်။ အဒေါ်ဖြစ်သူ ဒေါ်ညိုရှိရာကို ထွက်ပြေးခဲ့တယ်လို့ သတင်းတွေမှာပါတယ်။ ကျွန်တော့်အိမ်မှာ အိမ်အကူ လုပ်သွားတုန်းက သူ့နာမည်က မခင်မာညို နောက်ဆုံးပိတ်နာမည်မှာ မြင့် နဲ့ ညို လွဲနေတာကြောင့် သူ (အိမ်အကူ) ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ မနေ့က The Voice ဖေ့စ်ဘွတ်ခ်မှာ သူ့ကို အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင် တက်လာတယ်။ မျက်နှာဝါးထားပေမယ့် အသံနဲ့ ကိုယ်နေဟန်ထားကြည့်ပြီး သူမှန်း သိလိုက်တယ်။ ခဏကြာတော့ မျက်နှာမဖျက်ထားတဲ့ပုံတွေ ထပ်တက်လာတယ်။ သူက ကျွန်တော့်တပည့်ကိုလဲ မုဒိမ်းမှုနဲ့ လက်ရှိ တရားစွဲဆိုထားတယ်။

The Voice : သိန်းတစ်ရာပေးရင် အမှုမဖွင့်ဘူးလို့ အိမ်လာပြောသူတွေက ဘယ်သူတွေလဲ ခင်ဗျာ။
ကိုဝင်းမင်း : အိမ်အကူ မခင်မာညို ရယ် သူ့ခေါ်လာတဲ့ ထွန်းတောက် အကျိုးဆောင်က ဦးဌေးဝင်းရယ် အိမ်ဖော်ပွဲစား ဒေါ်ညိုရယ်နဲ့ နောက်နှစ်ယောက် ပါလာသေးတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။ စုစုပေါင်း ငါးယောက်ပေါ့။ အမှုမဖွင့်စေချင်ရင် သိန်းတစ်ရာ ပေးရမယ်လို့ ပြောတယ်။

The Voice : ရဲစခန်းရောက်တော့ သူတို့ဘာတွေ ဆက်ဖြစ်ကြလဲခင်ဗျ။
ကိုဝင်းမင်း : ကျွန်တော့်တပည့်က သူ့ကို မုဒိမ်းကျင့်ပါတယ်။ သူက အပျိုကြီးပါတဲ့။ မနေ့က ဖေ့စ်ဘွတ်ခ်မှာ တက်လာတဲ့ အင်တာဗျူးထဲမှာကျ သူက အိမ်ထောင်နဲ့ပါ။ အသက် ၇၀ သူ့ယောက်ျားက လေဖြတ်နေတယ်။ ၁၈ နှစ်အရွယ်သားတစ်ယောက်က အိမ်ထောင်ကျသွားပြီ။ ခုလို စော်ကားခံရတာမျိုး တစ်ခါမှမကြုံဖူးဘူးလို့ ပြောသွားတယ်။ ………………………………………။

The Voice : ဒီအမျိုးသမီးက အစ်ကိုတို့ အိမ်မှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်ခဲ့သလဲ။ ဘယ်သူ့အဆက်အသွယ်နဲ့ ခေါ်ခဲ့တာလဲဆိုတာ ပြောပြပေးပါ။
ကိုဝင်းမင်း၏ဇနီး : ရန်ကုန်တက်ပြီး သူ့ကို ကျွန်မ ကိုယ်တိုင် သွားခေါ်ခဲ့တာ။ တာမွေ ၁၅၃ လမ်းက ထွန်းတောက် အကျိုးဆောင်လုပ်ငန်းကနေ။ အဲဒီက အကျိုးဆောင် ဦးဌေးဝင်းက အပျိုကြီး မခင်မာညိုကို ခေါ်သွား အဆင်ပြေမယ်ဆို သူက နင့်အိမ်မှာ တစ်သက်လုံးနေမှာ။ ကလေးတွေရဲ့ ဝေယျာဝစ္စတွေအကုန် သူကောင်းကောင်း လုပ်တတ်တယ်တဲ့။ အရွယ်ကလဲ အသက် ၄၀ ရိုးရိုးအအ ပုံစံဆိုတော့ ခေါ်လာလိုက်တယ်။ အိမ်မှာ လုပ်တာ ရှစ်ရက်ပဲ ရှိသေးတယ်။ မုဒိမ်းကျင့်ခံရပါတယ်ဆိုပြီး ထွက်ပြေးသွားရော။ ဒီမိန်းမပုံစံက ထူးတော့ ထူးခြားတယ်။ ဒီအတိုင်းဆို သူ့ပုံစံက မထုံတတ်သေး။ ယောက်ျားလေးတွေနဲ့ဆို ………………..။

တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကို မနက်ဖြန် ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာတွင် ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးပါသည်။

The Voice

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>