Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မကွေးမြသလွန် ဘုရားရှိသောကြာထောင့်မှ ပန်းရံဆရာ တွေ အကြိမ်ကြိမ်ပြုပြင်ခဲ့သော်လည်း ရီနေတဲ့ပုံသာဖြစ်နေရသောဘီလူး၏ သမိုင်းကြောင်း

$
0
0






ခရီးသည်
# Unicode Version ဖြင့် ဖတ်ပါ #
မကွေးမြသလွန် ဘီလူး ရီနေတဲ့ပုံရဲ့ သမိုင်းကြောင်း ကတော့ ဒီလိုတော့သိတယ် ဘီလူး က ၆ကောင်ပါ ဘီလူးမနှစ်ကောင် ကိုချန်လှပ်ထားတယ် သမိုင်း မှာ ဘောသော ဘောကျော် ဘောသူရာ ဘောရသ ဘီးလူး လေးကောင် တို့သည် ဘုရားထံမှရတဲ့ မြသပိတ် နဲ့ မြသလွန် ဘုရား ဗျာဒိတ်ပေးတဲ့နေရာမှမတည်ပဲ ဘုရားပြိုအရပ်မှာတည်တာကို သိကြားမင်းသိတော့ ဝရဇိန်လက်နက်နဲ့ဖြိုခွင်းပြီး မြသလွန် နဲ့ မြသိပိတ် ကိုယူကာ ဘုရား သုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံအပ်တယ် .ဘီလူး ဘောကျော် လူဝင်စားဖြစ်မှ ဘုရား တည်ခွင့်ပေးဖို့ မှာကြာလေတယ်

ဘီလူး ဘဝမှ စုတေကြပြီး ဘောကျော်လူဝင်စားဖြစ်လာတဲ့အချိန် မဂ္ဂရမြို့(မြစ်ကွေးမြို့ နောက်ကြာလာတော့ မကွေးမြို့ဖြစ်) မှာ ကုန်သည်အဖြစ်နဲ့ ရောက်ရှိပြီး မကွေး မြို့ သူဌေးကြီးဦးဘောဂရဲ့သမီး ပုဏ္ဏဝတီ မင်းသမီးလေး နဲ့ လက်ထပ် ယူပြီး ရှေးထုံးကံ ပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိသွားတယ်..ရသေ့ညီနောင် သုံးပါးကလဲ ဒိဗ္ဗစက္ကုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်းသိလေသည်။

သိကြားမင်းမှာကြားခဲ့တဲ့အတိုင်း ဘောကျော်လူဝင်စားကို မြသလွန်နဲ့မြသပိတ် ပြန်လည်ပေးအပ်လိုက်ပြီး နာဂုတ္တမ တောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့်ပေးလိုက်သည်။

ဘုရားတည်နေစဉ်အချိန်အတွင်းမှာ ဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီးတည်ပေးကြတယ်။ ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဒါကြည်နူး ပီတိထောပနာဖြစ်ပြီး သောတပန်တည်သွားခဲ့တယ်။

သောတပန်ပြီးနောက် ၇ ဘဝ မြောက်ရင် အမှန်ဧကန်နိဗ္ဗာန်စံဝင်ရမယ်ဆိုတာကိုသိရှိသွားပြီး ဝမ်းသာလွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ် .ထိုသို့ပြုံးရယ်ခြင်းသည် မြသလွန် စေတီတော်ကြီး ၏ အလယ်ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်း ထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူး ခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ်။

ပန်းရံဆရာ တွေ အကြိမ်ကြိမ်ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှပြင်၍မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။
ထို့ကြောင့် နိဗ္ဗာန် ဝင်ရမယ့် ဘီလူး ပြုံးရယ်နေပုံဖြစ်သည်။
ခရီးသည်

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>