Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေနာ္လြီဇာ ဘင္ဆင္

$
0
0

ကရင္တိုင္းရင္းသူ ေနာ္လြီဇာ ဘင္ဆင္
ျမန္မာ့ ဒီမိုကေရစီ အေရးႏွင့္ တိုင္းရင္းသားမ်ား အေရးကို တက္ႂကြစြာ ေဆာင္ရြက္ခဲ့သည့္ ကရင္တိုင္းရင္းသူ ေနာ္လြီဇာ ဘင္ဆင္သည္ ရန္ကုန္ဇာတိ ျဖစ္ၿပီး ၁၉၅၆ ခုႏွစ္မွ စတင္၍ မယ္ဗမာဘြဲ႕ ႏွစ္ႀကိမ္ ရခဲ့ၿပီး ႐ုပ္ရွင္ ေလာကသို႔ ဝင္ေရာက္ခဲ့သည္။ ၁၉၅၈-ခုႏွစ္ ၀ဏၰေက်ာ္ထင္ဦးမင္းဒင္ဇာတ္ကား၊ ပိေတာက္ေတြပြင့္ျပန္ေပါ့ ဇာတ္ကားမ်ားတြင္ သ႐ုပ္ေဆာင္ခဲ့သည္။ ရန္ကုန္ တကၠသိုလ္မွ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ အေမရိကန္ ျပည္ေထာင္စု ေဘာ္စတြန္ တကၠသိုလ္တြင္ ပညာ ဆက္လက္ ဆည္းပူးခဲ့သည္။
ဖခင္သည္ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္း ၿမိဳ႕နယ္ ရွစ္မိုင္ သမိုင္းလမ္းဆုံတြင္ ေနထိုင္ခဲ့သည့္ ေပၚတူဂီ ဂ်ဴးလူမ်ိဳး မစၥတာ ဘင္ဆင္ ျဖစ္ၿပီး၊ မိခင္မွာ ပဲခူးတိုင္း သာယာ၀တီခရိုင္မွ ကရင္ အမ်ိဳးသမီးတဦး ျဖစ္သည္။ ေနာ္လြီဇာ ဘင္ဆင္တြင္ ညီမ ၂ ဦး ရွိေၾကာင္း၊ ရန္ကုန္တြင္ ၎ေနထိုင္သည့္ ၿခံႀကီးသည္ ေစာဘင္ဆင္ၿခံဟု ျပည္တြင္းစစ္ ကာလတြင္ နာမည္ႀကီး ခဲ့ေၾကာင္း၊ ဂြတၱလစ္တြင္လည္း ၿခံေၿမ အမ်ားအျပား ပိုင္ဆိုင္ေၾကာင္း သိရသည္။

ေနာ္လြီဇာဘင္ဆင္သည္ ကရင္ အမ်ိဳးသား အစည္းအ႐ုံး (KNU)၏ အမွတ္ ၅ တပ္မဟာမွူး ဗိုလ္လင္းထင္ ႏွင့္ လက္ထပ္ခဲ့သည္။ ၁၉၆၁ ခုႏွစ္က ထိုင္းနိုင္ငံ မဲေဆာက္ၿမိဳ႕ကို ဝင္ေရာက္တိုက္ခိုက္ခဲ့သူ ခင္ပြန္းသည္ ဗိုလ္လင္းထင္သည္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ အၿပီး ၁၉၆၄ ခုႏွစ္တြင္ လက္နက္ခ်ခဲ့ၿပီး ျပန္လည္ လက္နက္ကိုင္ ေတာခိုရန္ ႀကိဳးစားမွုျဖင့္ သတ္ျဖတ္ခံခဲ့ရသည္။

ျမန္မာ့ ဒီမိုကေရစီ အေရးႏွင့္ တိုင္းရင္းသားမ်ား အေရးကို တက္ႂကြစြာ ေဆာင္ရြက္ခဲ့သည့္ ကရင္တိုင္းရင္းသူ ေနာ္လြီဇာ ဘင္ဆင္သည္ ဦးေႏွာက္ ကင္ဆာ ေရာဂါျဖင့္ အေမရိကန္ နိုင္ငံ၊ ကယ္လီဖိုးနီးယား ျပည္နယ္တြင္ ၂၀၁၀-ခု၊ ေဖေဖၚဝါရီလ၊ (၂)ရက္၊ အဂၤါေန႔တြင္ ကြယ္လြန္သြားသည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၉ ႏွစ္ ရွိၿပီ ျဖစ္သည္။ ေနာ္လြီဇာဘင္ဆင္တြင္ သားသမီးသုံးဦး က်န္ရစ္ခဲ့ေၾကာင္း သိရသည္။ ေနာ္လြီဇာဘင္ဆင္သည္ မကြယ္လြန္မီက ဝါရွင္တန္အေျခစိုက္ ျမန္မာ့အေရး လွုပ္ရွားေနသည့္ US Campaign for Burma ၏ အဖြဲ႕ဝင္တဦး အျဖစ္ ေဆာင္ရြက္ခဲ့ျခင္း၊ ကရင္လူမ်ိဳးမ်ား အေရးကိုလည္း တက္ႂကြစြာ ေဆာင္ရြက္သူျဖစ္ျခင္း၊ အေမရိကန္တြင္ အေျခခ်သည့္ ကရင္လူမ်ိဳးမ်ားကို ကူညီသူ ဂုဏ္ယူဖြယ္ အမ်ိဳးသမီးႀကီးတဦး ျဖစ္သည္။
wikipedia















ကရင်တိုင်းရင်းသူ နော်လွီဇာ ဘင်ဆင်
ဖခင်သည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် ရှစ်မိုင် သမိုင်းလမ်းဆုံတွင် နေထိုင်ခဲ့သည့် ပေါ်တူဂီ ဂျူးလူမျိုး မစ္စတာ ဘင်ဆင် ဖြစ်ပြီး၊ မိခင်မှာ ပဲခူးတိုင်း သာယာ၀တီခရိုင်မှ ကရင် အမျိုးသမီးတဦး ဖြစ်သည်။ နော်လွီဇာ ဘင်ဆင်တွင် ညီမ ၂ ဦး ရှိကြောင်း၊ ရန်ကုန်တွင် ၎င်းနေထိုင်သည့် ခြံကြီးသည် စောဘင်ဆင်ခြံဟု ပြည်တွင်းစစ် ကာလတွင် နာမည်ကြီး ခဲ့ကြောင်း၊ ဂွတ္တလစ်တွင်လည်း ခြံမြေ အများအပြား ပိုင်ဆိုင်ကြောင်း သိရသည်။

နော်လွီဇာဘင်ဆင်သည် ကရင် အမျိုးသား အစည်းအရုံး (KNU)၏ အမှတ် ၅ တပ်မဟာမှူး ဗိုလ်လင်းထင် နှင့် လက်ထပ်ခဲ့သည်။ ၁၉၆၁ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သူ ခင်ပွန်းသည် ဗိုလ်လင်းထင်သည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး ၁၉၆၄ ခုနှစ်တွင် လက်နက်ချခဲ့ပြီး ပြန်လည် လက်နက်ကိုင် တောခိုရန် ကြိုးစားမှုဖြင့် သတ်ဖြတ်ခံခဲ့ရသည်။

မြန်မာ့ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားများ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည့် ကရင်တိုင်းရင်းသူ နော်လွီဇာ ဘင်ဆင်သည် ဦးနှောက် ကင်ဆာ ရောဂါဖြင့် အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ၂၀၁၀-ခု၊ ဖေဖေါ်ဝါရီလ၊ (၂)ရက်၊ အင်္ဂါနေ့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် ရှိပြီ ဖြစ်သည်။ နော်လွီဇာဘင်ဆင်တွင် သားသမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ နော်လွီဇာဘင်ဆင်သည် မကွယ်လွန်မီက ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသည့် US Campaign for Burma ၏ အဖွဲ့ဝင်တဦး အဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ကရင်လူမျိုးများ အရေးကိုလည်း တက်ကြွစွာ ဆောင်ရွက်သူဖြစ်ခြင်း၊ အမေရိကန်တွင် အခြေချသည့် ကရင်လူမျိုးများကို ကူညီသူ ဂုဏ်ယူဖွယ် အမျိုးသမီးကြီးတဦး ဖြစ်သည်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>