တႏိုင္ငံလံုး မိုးႀကီးၿပီး ေရႀကီးေနတာေၾကာင့္ အစိုးရအေနနဲ႔ အေရးေပၚအေျခအေန ေၾကညာၿပီး ေစာင့္ေရွာက္ဖို႔သင့္ၿပီလို႔ မိုးေလ၀သပညာရွင္ ဦးထြန္းလြင္က ေျပာပါတယ္။
အထူးသျဖင့္ ဆည္ေျမာင္းေတြကို အေလးထား ေစာင့္ေရွာက္သင့္တယ္လို႔လည္း သူက ေျပာပါတယ္။
ဘဂၤလားပင္လယ္ေအာ္မွာ ဆက္လက္တည္ရွိေနတဲ့ မုန္တိုင္းေၾကာင့္ ခ်င္း၊ ရခိုင္၊ မေကြး အေနာက္ျခမ္းနဲ႔ ဧရာ၀တီတိုင္းတို႔မွာ မိုးႀကီးၿပီး ေရႀကီးေရလွ်ံမႈေတြ ဆက္လက္ ျဖစ္ပြားႏိုင္တယ္လို႔ ေျပာပါတယ္။
ဒီေန႔ကစၿပီး ေနာက္ ၄-၅ ရက္အတြင္း ဧရာ၀တီ ျမစ္၀ကၽြန္းေပၚေဒသမွာ ေရႀကီးေရလွ်ံမႈေတြ အႀကီးအက်ယ္ ျဖစ္ပြားႏိုင္တာေၾကာင့္ သတိျပဳ ေနထိုင္ၾကဖို႔လည္း မိုးေလ၀သပညာရွင္က တိုက္တြန္းႏႈိးေဆာ္လိုက္ပါတယ္။
မိုးေလ၀သပညာရွင္ ဦးထြန္းလြင္ကို ဒီဗီြဘီက ဆက္သြယ္ေမးျမန္းထားပါတယ္။
မုန္တိုင္း ေနာက္ဆံုးအေျခအေန ေျပာျပေပးပါ။
“ေနရာက ေထြေထြထူးထူးေတာ့ မေျပာင္းဘူး၊ ဘဂၤလားေဒ့ရွ္ ေတာင္ဘက္ကမ္းစပ္မွာပဲ၊ ဒါေပမယ့္ ေမာင္ေတာနဲ႔ေတာ့ သိပ္မေ၀းဘူးေပါ့။ မုန္တိုင္းအရွိန္ တိမ္စြယ္တန္းေတြက ရခိုင္ကို ျဖတ္ေနတယ္။ အဲ့ဒီေတာ့ ရခိုင္မွာ မိုးရြာတာ၊ ေလတိုက္တာ၊ လႈိင္းႀကီးတာတို႔ေတာ့ ေနာက္ထပ္ အနည္းဆံုး ၄၈ နာရီေလာက္ ဆက္ျဖစ္ေနဦးမယ္၊ မုန္တိုင္းက ရပ္ေနတာ တရက္ေက်ာ္သြားၿပီ၊ နည္းနည္း အားပိုလာတာေတာ့ ရွိတာေပါ့။”
ဆရာ ေစာေစာကေျပာတဲ့ တိမ္စြယ္တန္းႀကီးေၾကာင့္ ဘယ္ေဒသေတြမွာ ဘာျဖစ္ႏိုင္လဲဗ်။
“အဓိကကေတာ့ ခ်င္းရယ္၊ ရခိုင္ရယ္၊ မေကြး အေနာက္ျခမ္းရယ္၊ မေန႔ကအထိေတာ့ အကုန္လံုးပဲဗ်။ ဧရာ၀တီ၊ ပဲခူး၊ အဲ့ဒီေဒသေတြ မိုးႀကီးတယ္၊ ေရလည္းတက္ေနတယ္။”
အခုရက္ပိုင္း တႏိုင္ငံလံုးလိုလို မိုးႀကီး ေရႀကီးေနတာ ဘယ္လို အေၾကာင္းအခ်က္ေတြေၾကာင့္လဲဗ်ာ။
“နံပါတ္တစ္က မုတ္သုံ အားေကာင္းတာ အဓိက အခ်က္ေပါ့။ မုန္တိုင္းျဖစ္တာလည္း ပါတာေပါ့။ မုတ္သုံေလဦးက အညႇာ သြားကိုင္လိုက္သလိုေပါ့ဗ်ာ။ ျမန္မာျပည္ေျမာက္ပိုင္းေပၚ သြားထိုင္လိုက္တာ။ ျမန္မာျပည္ေျမာက္ပိုင္းေပၚ သြားထိုင္လိုက္ေတာ့ ကခ်င္နဲ႔ စစ္ကိုင္းအထက္မွာ မိုးက တအား ေကာင္းလိုက္တာ၊ မိုး တအားေကာင္းလိုက္ေတာ့ ကခ်င္ဆိုတာက ဧရာ၀တီျမစ္ဖ်ားပိုင္း၊ စစ္ကိုင္းအထက္ပိုင္းက ခ်င္းတြင္းျမစ္ဖ်ားပိုင္းဆိုေတာ့ အဲ့ဒီဘက္ ရြာသမွ်မိုးက ေအာက္ဘက္ကို ဆင္းလာတာေပါ့။ တခါ ေအာက္ဘက္က မုတ္သုံေလ အားေကာင္းၿပီး မိုးက ရြာလိုက္ေတာ့ အေပၚမိုး ေအာက္မိုး ညပ္သြားတာပဲဗ်ာ။”
မိုးက ဘယ္ႏွရက္ေလာက္ ဆက္ၿပီး ရြာႏိုင္ေသးလဲဗ်။
“ေနာက္ထပ္ ၂ ရက္ေလာက္ေတာ့ ရြာႏိုင္ေသးတယ္ဗ်။”
အဲ့ဒီေတာ့ ဆရာ ခုနကေျပာသလို ျမစ္ဖ်ားပိုင္း မိုးေကာင္းေတာ့ ျမစ္၀ကၽြန္းေပၚဘက္က ေနာက္ ဘယ္ႏွရက္ေလာက္ဆို ဘာေတြျဖစ္ႏိုင္ၿပီး ဘာေတြ ျပင္ဆင္ထားဖို႔ လိုမလဲ။
“ျမစ္၀ကၽြန္းေပၚက ေျပးမလြတ္ဘဲ၊ ရွိသမွ်ေရက ျမစ္၀ကၽြန္းေပၚ လာစုမွာပဲေလ။ ခ်င္းတြင္းျမစ္ဖ်ား ရြာလည္း ေနာက္ဆံုး ဧရာ၀တီျမစ္ထဲပဲ ေရာက္တာပဲေလ။ ျမစ္၀ကၽြန္းေပၚက က်ေနာ္ အၿမဲသတိေပးေနတဲ့ ေဒသပဲ။ ေနာက္ သူကိုယ္ႏႈိက္ကိုကလည္း မိုးေကာင္းေနတယ္။ ဆိုးတာက မုတ္သုံေကာင္းရင္ ေအာက္က ေရက ေတာင့္တယ္၊ အဲ့ဒီမွာ အေပၚက ေရကဆင္းလာၿပီး ဒီေရႏွစ္ခုသာ ဆံုတဲ့ရက္ကိုေရာက္ရင္ ေရႀကီးတာ ႐ုတ္တရက္ ျမင့္တက္လာဖို႔ အေၾကာင္းရွိတယ္။”
အဲ့ဒါ ဘယ္ရက္ပိုင္းျဖစ္ႏိုင္လဲ။
“သိပ္မၾကာဘူးဗ်၊ ဒီ တပတ္အတြင္းပဲ၊ တပတ္ဆိုတာေတာင္ မ်ားေနပါတယ္၊ အလြန္ဆံုး ၄-၅ ရက္ေပါ့။ ႀကိဳတင္ကာကြယ္မႈကေတာ့ ကိုယ္ေနတဲ့ေဒသ သိရမွာေပါ့ဗ်ာ။
ဘယ္လို ျဖစ္ႏိုင္လဲ၊ ေရႀကီးမႈအႏၱရာယ္ ရွိလာနိုင္သလား၊ ရွိႏိုင္ရင္ ေဘးကင္းရာ ေျပာင္းၿပီး ေနတာ ေကာင္းတယ္။ အထူးသျဖင့္ ေတာင္က်ေခ်ာင္းေရ ၀င္ႏိုင္တဲ့ အရပ္မ်ဳိးဆို ပိုၿပီး သတိထားေနရမယ္။ အခု အဲ့ဒါနဲ႔ ေသတာကို ေတာ္ေတာ္မ်ားေနၿပီ။ ေတာင္က်ေခ်ာင္းေရ ၀င္ႏိုင္တဲ့ေဒသ၊ ေျမနိမ့္ပိုင္းေဒသ၊ ေျမၿပိဳႏိုင္တဲ့ ေဒသမ်ိဳးေတြဆို ေဘးကင္းရာ ေျပာင္းေနတာ အေကာင္းဆံုးပဲ။”
ဟုတ္ကဲ့၊ ေနာက္ဆံုး ေမးခြန္းပါ။ မိုးႀကီး ေရႀကီးၿပီး တနိုင္ငံလံုးအႏွ႔ံ ေရႀကီးေနၿပီ၊ အစိုးရအေနနဲ႔ အေရးေပၚ အေျခအေန ေၾကညာၿပီး လုပ္ေဆာင္ဖို႔ သင့္ၿပီလား။
“က်ေနာ့္အျမင္ကေတာ့ လုပ္သင့္တာေပါ့ဗ်ာ။ ဒီေလာက္ မိုးႀကီးတာ ထူးထူးျခားျခား ျဖစ္ေနတာပဲ။ နည္းနည္းေနာေနာ ျပည္နယ္တိုင္းလည္း မဟုတ္ဘူးေလ။ တပ္လွန္႔ဖို႔သင့္ၿပီလို႔ က်ေနာ္ျမင္တယ္၊ အထူးသျဖင့္ ေစာင့္ေရွာက္သင့္တာကေတာ့ ေရကာတာေတြပဲဗ်။ ဆည္ကာတာက ေရကိုေတာ့ ျဖစ္ေပၚေနတဲ့ ရာသီဥတုနဲ႔အညီ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေရျပင္ကို ထိန္းဖို႔ေပါ့။ တခ်ိဳ႔ ေရကာတာေတြထဲက ေရက ေဘာင္ဘင္ခတ္ေနၿပီဗ်၊ ေဘာင္ဘင္ခတ္ေနၿပီဆိုေတာ့ မိုးႀကီးတာ တခ်က္နဲ႔ မိလိုက္ရင္ ေအာက္ကတေၾကာက အကုန္ သြားမွာပဲ။ အဲ့ဒါကေတာ့ အေရးအႀကီးဆံုး အခ်က္ပဲဗ်။”
ျပန္လည္မွ်ေဝသည္။
၂၉.၇.၂၀၁၈
DVB / ေရႊေအာင္
#Unicode Version#
တနိုင်ငံလုံး မိုးကြီးပြီး ရေကြီးနေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်ဖို့သင့်ပြီလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
အထူးသဖြင့် ဆည်မြောင်းတွေကို အလေးထား စောင့်ရှောက်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဆက်လက်တည်ရှိနေတဲ့ မုန်တိုင်းကြောင့် ချင်း၊ ရခိုင်၊ မကွေး အနောက်ခြမ်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။
ဒီနေ့ကစပြီး နောက် ၄-၅ ရက်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပွားနိုင်တာကြောင့် သတိပြု နေထိုင်ကြဖို့လည်း မိုးလေဝသပညာရှင်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မုန်တိုင်း နောက်ဆုံးအခြေအနေ ပြောပြပေးပါ။
“နေရာက ထွေထွေထူးထူးတော့ မပြောင်းဘူး၊ ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းစပ်မှာပဲ၊ ဒါပေမယ့် မောင်တောနဲ့တော့ သိပ်မဝေးဘူးပေါ့။ မုန်တိုင်းအရှိန် တိမ်စွယ်တန်းတွေက ရခိုင်ကို ဖြတ်နေတယ်။ အဲ့ဒီတော့ ရခိုင်မှာ မိုးရွာတာ၊ လေတိုက်တာ၊ လှိုင်းကြီးတာတို့တော့ နောက်ထပ် အနည်းဆုံး ၄၈ နာရီလောက် ဆက်ဖြစ်နေဦးမယ်၊ မုန်တိုင်းက ရပ်နေတာ တရက်ကျော်သွားပြီ၊ နည်းနည်း အားပိုလာတာတော့ ရှိတာပေါ့။”
ဆရာ စောစောကပြောတဲ့ တိမ်စွယ်တန်းကြီးကြောင့် ဘယ်ဒေသတွေမှာ ဘာဖြစ်နိုင်လဲဗျ။
“အဓိကကတော့ ချင်းရယ်၊ ရခိုင်ရယ်၊ မကွေး အနောက်ခြမ်းရယ်၊ မနေ့ကအထိတော့ အကုန်လုံးပဲဗျ။ ဧရာဝတီ၊ ပဲခူး၊ အဲ့ဒီဒေသတွေ မိုးကြီးတယ်၊ ရေလည်းတက်နေတယ်။”
အခုရက်ပိုင်း တနိုင်ငံလုံးလိုလို မိုးကြီး ရေကြီးနေတာ ဘယ်လို အကြောင်းအချက်တွေကြောင့်လဲဗျာ။
“နံပါတ်တစ်က မုတ်သုံ အားကောင်းတာ အဓိက အချက်ပေါ့။ မုန်တိုင်းဖြစ်တာလည်း ပါတာပေါ့။ မုတ်သုံလေဦးက အညှာ သွားကိုင်လိုက်သလိုပေါ့ဗျာ။ မြန်မာပြည်မြောက်ပိုင်းပေါ် သွားထိုင်လိုက်တာ။ မြန်မာပြည်မြောက်ပိုင်းပေါ် သွားထိုင်လိုက်တော့ ကချင်နဲ့ စစ်ကိုင်းအထက်မှာ မိုးက တအား ကောင်းလိုက်တာ၊ မိုး တအားကောင်းလိုက်တော့ ကချင်ဆိုတာက ဧရာဝတီမြစ်ဖျားပိုင်း၊ စစ်ကိုင်းအထက်ပိုင်းက ချင်းတွင်းမြစ်ဖျားပိုင်းဆိုတော့ အဲ့ဒီဘက် ရွာသမျှမိုးက အောက်ဘက်ကို ဆင်းလာတာပေါ့။ တခါ အောက်ဘက်က မုတ်သုံလေ အားကောင်းပြီး မိုးက ရွာလိုက်တော့ အပေါ်မိုး အောက်မိုး ညပ်သွားတာပဲဗျာ။”
မိုးက ဘယ်နှရက်လောက် ဆက်ပြီး ရွာနိုင်သေးလဲဗျ။
“နောက်ထပ် ၂ ရက်လောက်တော့ ရွာနိုင်သေးတယ်ဗျ။”
အဲ့ဒီတော့ ဆရာ ခုနကပြောသလို မြစ်ဖျားပိုင်း မိုးကောင်းတော့ မြစ်ဝကျွန်းပေါ်ဘက်က နောက် ဘယ်နှရက်လောက်ဆို ဘာတွေဖြစ်နိုင်ပြီး ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။
“မြစ်ဝကျွန်းပေါ်က ပြေးမလွတ်ဘဲ၊ ရှိသမျှရေက မြစ်ဝကျွန်းပေါ် လာစုမှာပဲလေ။ ချင်းတွင်းမြစ်ဖျား ရွာလည်း နောက်ဆုံး ဧရာဝတီမြစ်ထဲပဲ ရောက်တာပဲလေ။ မြစ်ဝကျွန်းပေါ်က ကျနော် အမြဲသတိပေးနေတဲ့ ဒေသပဲ။ နောက် သူကိုယ်နှိုက်ကိုကလည်း မိုးကောင်းနေတယ်။ ဆိုးတာက မုတ်သုံကောင်းရင် အောက်က ရေက တောင့်တယ်၊ အဲ့ဒီမှာ အပေါ်က ရေကဆင်းလာပြီး ဒီရေနှစ်ခုသာ ဆုံတဲ့ရက်ကိုရောက်ရင် ရေကြီးတာ ရုတ်တရက် မြင့်တက်လာဖို့ အကြောင်းရှိတယ်။”
အဲ့ဒါ ဘယ်ရက်ပိုင်းဖြစ်နိုင်လဲ။
“သိပ်မကြာဘူးဗျ၊ ဒီ တပတ်အတွင်းပဲ၊ တပတ်ဆိုတာတောင် များနေပါတယ်၊ အလွန်ဆုံး ၄-၅ ရက်ပေါ့။ ကြိုတင်ကာကွယ်မှုကတော့ ကိုယ်နေတဲ့ဒေသ သိရမှာပေါ့ဗျာ။
ဘယ်လို ဖြစ်နိုင်လဲ၊ ရေကြီးမှုအန္တရာယ် ရှိလာနိုင်သလား၊ ရှိနိုင်ရင် ဘေးကင်းရာ ပြောင်းပြီး နေတာ ကောင်းတယ်။ အထူးသဖြင့် တောင်ကျချောင်းရေ ၀င်နိုင်တဲ့ အရပ်မျိုးဆို ပိုပြီး သတိထားနေရမယ်။ အခု အဲ့ဒါနဲ့ သေတာကို တော်တော်များနေပြီ။ တောင်ကျချောင်းရေ ၀င်နိုင်တဲ့ဒေသ၊ မြေနိမ့်ပိုင်းဒေသ၊ မြေပြိုနိုင်တဲ့ ဒေသမျိုးတွေဆို ဘေးကင်းရာ ပြောင်းနေတာ အကောင်းဆုံးပဲ။”
ဟုတ်ကဲ့၊ နောက်ဆုံး မေးခွန်းပါ။ မိုးကြီး ရေကြီးပြီး တနိုင်ငံလုံးအနှ့ံ ရေကြီးနေပြီ၊ အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာပြီး လုပ်ဆောင်ဖို့ သင့်ပြီလား။
“ကျနော့်အမြင်ကတော့ လုပ်သင့်တာပေါ့ဗျာ။ ဒီလောက် မိုးကြီးတာ ထူးထူးခြားခြား ဖြစ်နေတာပဲ။ နည်းနည်းနောနော ပြည်နယ်တိုင်းလည်း မဟုတ်ဘူးလေ။ တပ်လှန့်ဖို့သင့်ပြီလို့ ကျနော်မြင်တယ်၊ အထူးသဖြင့် စောင့်ရှောက်သင့်တာကတော့ ရေကာတာတွေပဲဗျ။ ဆည်ကာတာက ရေကိုတော့ ဖြစ်ပေါ်နေတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ရေပြင်ကို ထိန်းဖို့ပေါ့။ တချို့ ရေကာတာတွေထဲက ရေက ဘောင်ဘင်ခတ်နေပြီဗျ၊ ဘောင်ဘင်ခတ်နေပြီဆိုတော့ မိုးကြီးတာ တချက်နဲ့ မိလိုက်ရင် အောက်ကတကြောက အကုန် သွားမှာပဲ။ အဲ့ဒါကတော့ အရေးအကြီးဆုံး အချက်ပဲဗျ။”
ပြန်လည်မျှဝေသည်။
၂၉.၇.၂၀၁၈
DVB / ရွှေအောင်