ေဒသေလးခုတြင္ ေရေဘးဒုကၡသည္ တစ္သိန္းခန္႔ရွိ၊ ၿမိဳ႕ႏွင့္ေ၀းေသာ ေက်းရြာမ်ား အကူအညီလုိေန
တိုင္းႏွင့္ျပည္နယ္ေလး ခု၌ ေရေဘးသင့္လူဦးေရစုစု ေပါင္း တစ္သိန္းခန္႔ ရွိလာၿပီး ေရေဘးသင့္ ေဒသမ်ားတြင္ ၿမိဳ႕ေပၚရပ္ကြက္မ်ား၌ ကယ္ဆယ္ ေရးပစၥည္း ရရွိေနေသာ္လည္း ေက်းရြာမ်ားသုိ႔ ကယ္ဆယ္ေရး ပစၥည္းပုိ႔ေဆာင္ရန္ အခက္ ေတြ႕ေနေၾကာင္း လူမႈကယ္ဆယ္ ေရးအဖြဲ႕မ်ားကေျပာသည္။
ေရႀကီးနစ္ျမဳပ္မႈပုိဆုိးေနၿပီး ကရင္၊ မြန္၊ ပဲခူးႏွင့္တနသၤာရီ တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ ၂၈ ၿမိဳ႕ နယ္တြင္ ေရေဘးသင့္လူဦးေရ ႏွစ္ဆေက်ာ္သြားကာ စုစုေပါင္း တစ္သိန္းခန္႔ေရေဘးႀကံဳေတြ႕ေန ရသည္ဟု ေဘးအႏၲရာယ္စီမံခန္႔ ခြဲမႈဦးစီးဌာနတာ၀န္ရွိသူမ်ားက ေျပာသည္။ ကရင္ျပည္နယ္ ဘား အံၿမိဳ႕ႏွင့္ ပဲခူးတိုင္း ပဲခူးၿမိဳ႕သုိ႔ႏုိင္ ငံေတာ္သမၼတႏွင့္ အတုိင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ တို႔ သြားေရာက္ၿပီး ၿမိဳ႕ေပၚရပ္ ကြက္မ်ားမွ ကယ္ဆယ္ေရးစခန္း မ်ားတြင္ ကယ္ဆယ္ေရးပစၥည္း လုံေလာက္ေနေသာ္လည္း ၿမိဳ႕ႏွင့္ အလွမ္းေ၀းေသာေက်းရြာမ်ား၌ အခက္အခဲမ်ိဳးစုံ ႀကံဳေတြ႕ေနရသည္။
ပဲခူးတိုင္းေဒသႀကီး
ပဲခူးတိုင္း ေဒသႀကီးတြင္ ေက်ာက္ႀကီး၊ မုိးညိဳ၊ ေရႊက်င္၊ ပဲခူး၊ ေညာင္ေလးပင္ၿမိဳ႕နယ္တို႔ တြင္ ေရႀကီးနစ္ျမဳပ္မႈႀကံဳေတြ႕ေန ရၿပီး လူေျခာက္ေသာင္းတစ္ ေထာင္ခန္႔ ေရေဘးႀကံဳေတြ႕ေန သည္။ ရပ္ကြက္ရွစ္ခု၊ ေက်းရြာ ၈၂ ရြာရွိေသာ ပဲခူးတိုင္း ေရႊက်င္ ၿမိဳ႕နယ္တြင္ လူႏွစ္ေသာင္းေက်ာ္ ေရေဘးသင့္ေနၿပီး ေက်းရြာမ်ား၌ ကယ္ဆယ္ေရးေဆာင္ရြက္ရန္ အခက္အခဲႀကံဳေတြ႕ေနေၾကာင္း ေရႊက်င္ၿမိဳ႕နယ္ဒုတိယအုပ္ခ်ဳပ္ ေရးမွဴး ဦးစုိးမုိးသူက ေျပာသည္။
‘‘ထမင္းထုပ္ေတြ ေ၀ၿပီး ထုတ္ေပးလုိက္တဲ့အခါ ၿမိဳ႕ေပၚ ကေန ရြာေတြေရာက္တဲ့အခါ ထမင္းေတြသုိးကုန္တယ္။ ဆန္ ေပးရင္ ပုိေကာင္းမွာမုိ႔ ဆန္နဲ႔ကုန္ ေျခာက္ေတြလုိေနတယ္။ အခုက ေရေတြျပည့္ေနတဲ့အတြက္ ေျမ နိမ့္ပိုင္းကလူေတြကုိ အခ်ိန္မီေခၚ ႏုိင္ဖုိ႔ စက္ေလွေတြလုိအပ္တယ္’’ ဟု ဦးစုိးမုိးသူက ေျပာသည္။ ေရ ေဘးေၾကာင့္ ေရႊက်င္ၿမိဳ႕တြင္ လူႏွစ္ဦးေသဆုံးခဲ့သည္။
က်န္ၿမိဳ႕နယ္မ်ားတြင္လည္း ေက်းရြာမ်ားရွိ ေရေဘးသင့္လူထု အခက္ႀကံဳေနေၾကာင္း သက္ဆိုင္ ရာၿမိဳ႕နယ္ ကိုယ္စားလွယ္မ်ားက ေျပာသည္။ လတ္တေလာအေရး ႀကီးလိုအပ္ခ်က္မွာ ဆန္ႏွင့္ကုန္ ေျခာက္မ်ား၊ အဝတ္အထည္ႏွင့္ အသက္ကယ္ေလွမ်ားျဖစ္သည္ ဟု အႀကံျပဳသည္။
ကရင္ျပည္နယ္
ေရေဘး ကယ္ဆယ္ေရး စခန္းမ်ားသို႔ လူဦးေရႏွစ္ေသာင္း ခန္႔ ေရာက္ရွိေနေသာ ကရင္ျပည္ နယ္၌ ကယ္ဆယ္ေရးစခန္းသို႔ မ ေရာက္ဘဲ ေနအိမ္မ်ားအတြင္း ပိတ္မိေနသူမ်ားလည္း ရွိေၾကာင္း ေဒသခံလူမႈကူညီေရးအဖြဲ႕မ်ားက ေျပာသည္။ လတ္တေလာ ေရ ေဘးအဆိုးရြားဆံုး ရင္ဆိုင္ေနရ သည့္ ၿမိဳ႕နယ္မွာ ဖာပြန္ျဖစ္ၿပီး တအိအိတက္လာေသာ ေရမ်ား ေၾကာင့္ ေနအိမ္အတြင္း ဒုကၡ ေရာက္ေနသူ အမ်ားအျပားရွိေန ေၾကာင္း ကယ္ဆယ္ေရးလုပ္ေန သည့္ ကရင္တိုင္းရင္းသား ေစာ စန္းဦးက ေျပာသည္။ သံလြင္ျမစ္ ေရသည္ ဘားအံၿမိဳ႕ ကမ္းနား လမ္းႏွင့္ တစ္ေျပးညီျဖစ္ေနၿပီး ေဒသခံမ်ားက ေရေဘးဆက္လက္ဆိုးရြားမည္ကို စိုးရိမ္ေနသည္။
‘‘ကရင္ျပည္နယ္ အစိုးရ ေပ့ခ်္ေတြ၊ ျပည္နယ္လႊတ္ေတာ္ ေပ့ခ်္ေတြ၊ ရဲဌာနေပ့ခ်္ေတြ၊ မီး သတ္၊ လူကယ္ျပန္ေပ့ခ်္ေတြ၊ မိုး ဇလေပ့ခ်္ေတြမွာ လက္ရွိအေျခ အေနေတြကို အခ်ိန္နဲ႔ တစ္ေျပး ညီ သတင္းေတြတင္ေပးပါ။ အ ခ်က္အလက္ေတြ ထုတ္ျပန္ေပး ပါ။ ဆက္သြယ္ရမယ့္ တာဝန္ရွိ ပုဂၢိဳလ္မ်ားရဲ႕ ဖုန္းနံပါတ္ေတြတင္ ေပးပါ။ သတိေပးခ်က္ေတြ၊ လမ္း ၫႊန္ခ်က္ေတြ၊ ကူညီကယ္ဆယ္ ေရးအဖြဲ႕ေတြကို သိႏိုင္မယ့္အေျခ အေနေတြ ဖန္တီးေပးပါ’’ဟု ေစာ စန္းဦးက ေျပာသည္။ ကရင္ျပည္ နယ္တြင္ ဘားအံ၊ ျမဝတီ၊ ေရႊ ဂြန္း၊ ေကာ့ကရိတ္၊ လႈိင္းဘြဲ၊ ၾကာအင္းဆိပ္ႀကီးႏွင့္ ဖာပြန္ၿမိဳ႕နယ္တို႔တြင္ ေရေဘးရင္ဆိုင္ေနရသည္။
မြန္ျပည္နယ္
မြန္ျပည္နယ္တြင္ ဘီးလင္း ႏွင့္ က်ိဳက္ထိုၿမိဳ႕၌ ေရေဘးအမ်ား ဆံုးႀကံဳေတြ႕ေနၿပီး လူဦးေရတစ္ ေသာင္းခန္႔ ေရေဘးကယ္ဆယ္ ေရးစခန္း ၃၆ ခု၌ ခုိလႈံေနရသည္။ ေရ ၄ ေပခန္႔ေက်ာ္ခဲ့ေသာ ဘီး လင္း- သထံုလမ္းပိုင္းတြင္ ခရီး သြားမ်ား ပိတ္မိေနျခင္းမရွိေတာ့ ဘဲ ယင္းလမ္းပိုင္းတစ္ေလွ်ာက္ သတိေပးတိပ္ႀကိဳးမ်ားျဖင့္ တား ဆီးထားသည္။
တနသၤာရီတိုင္းေဒသႀကီး
တနသၤာရီတြင္ ဇူလိုင္လ လယ္ခန္႔ကစ၍ ေရေဘးႀကံဳေတြ႕ ခဲ့ရာ ေရအနည္းငယ္က်ဆင္း ၿပီးေနာက္ ဇူလုိင္ ၂၇ ရက္ကစ ကာ တစ္ေက်ာ့ျပန္ေရတက္လာ၍ ေရေဘးသင့္လူဦးေရတုိးလာေန သည္။ ကယ္ဆယ္ေရးစခန္းမ်ား တြင္ လူေျခာက္ေထာင္ခန္႔ရွိေနၿပီး ဒုကၡသည္စခန္းသို႔မေရာက္ေသာ္ လည္း ေရေဘးႀကံဳေနသူဦးေရမွာ ႏွစ္ေသာင္းခန္႔အနည္းဆုံးရွိသည္ ဟု ေရေဘးကယ္ဆယ္ေရးေကာ္မ တီ၀င္မ်ားက ေျပာသည္။
7Day Daily သတင္းစာ၏ စုံစမ္းမႈအရ ေရေဘးသင့္ေဒသ မ်ားအနက္ ၿမိဳ႕ေပၚေနရာမ်ားမွလြဲ ၍ ေက်းရြာအမ်ားစုတြင္ ေရေဘး ကယ္ဆယ္ေရးစခန္းသုိ႔ ေရာက္ မလာသူအမ်ားအျပားရွိေနၿပီး ကူ ညီကယ္ဆယ္ေရးေဆာင္ရြက္ရန္ လုိအပ္ေနသည္ဟု ေဒသတြင္းလူ မႈေရးအဖြဲ႕မ်ားက ေျပာသည္။ အ ဆုိပါေရေဘးသင့္သူမ်ားအတြက္ ဆန္ႏွင့္အျခားကုန္ေျခာက္ပစၥည္း မ်ား၊ အ၀တ္အထည္၊ ေရသန္႔ ႏွင့္ ကယ္ဆယ္ေရးအတြက္ အ သက္ကယ္အက်ႌႏွင့္ ေလွမ်ားလုိ အပ္ေနသည္ဟု သတင္းေပးပုိ႔ သည္။ အမ်ိဳးသားသဘာ၀ေဘး အႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈေကာ္ မတီက ဘားအ့ံ၊ ပဲခူး၊ ေရႊက်င္၊ မေဒါက္ၿမိဳ႕နယ္တို႔တြင္ ျမစ္ကမ္းေဘးေနထိုင္သူမ်ား ေဘးကင္းရာသို႔ ေရွာင္ရွားေနထိုင္ၾကရန္ ႏွင့္ ေတာင္ငူႏွင့္ဘီးလင္းၿမိဳ႕နယ္တို႔တြင္ ျမစ္ကမ္းေဘးႏွင့္ အနိမ့္ပိုင္းေနထိုင္သူမ်ား အထူးသတိထားေနထိုင္ရန္ သတိေပးထားသည္။
ေရေဘးႏွင့္ပတ္သက္၍ အကူအညီေတာင္းခံျခင္းႏွင့္ သတင္းေပးလိုပါက လူကယ္ျပန္၏အေရးေပၚ ဖုန္းနံပါတ္ ၀၆၇ − ၄၀၄၆၆၆၊ ၄၀၄၇၇၇ သို႔ဆက္ သြယ္ႏိုင္သည္။
ရာသီဥတုအေျခအေန
ေရေဘး ႀကံဳေတြ႕ေနစဥ္ ဘဂၤလားပင္္လယ္ေအာ္၌ ဩဂုတ္ လဆန္းတြင္ ေလဖိအားနည္း ရပ္၀န္းျဖစ္လာႏုိင္ၿပီး မုတ္သုံေလ အားေကာင္းလာႏုိင္ေသာေၾကာင့္ လက္ရွိ ေရေဘးသင့္ေဒသမ်ား တြင္ မုိးဆက္လက္အားေကာင္း ေနႏုိင္ေၾကာင္း မုိးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။ ဩ ဂုတ္ ၁ ရက္မွ ၁၀ ရက္အတြင္းမုိး ေလ၀သသတိေပးခ်က္ကုိ မုိးဇလ က ဇူလုိင္ ၂၈ ရက္တြင္ ထုတ္ျပန္ ရာ ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္၀န္း တစ္ခု ျဖစ္လာႏုိင္ၿပီး မုန္တုိင္းငယ္အ ဆင့္ထိ အားေကာင္းလာႏုိင္ ေၾကာင္း သတိေပးထားသည္။ေရေဘးသင့္ေဒသမ်ားရွိ စစ္ေတာင္း၊ သံလြင္၊ ပဲခူး၊ ေရႊက်င္ျမစ္တို႔လည္း စုိးရိမ္ေရမွတ္အထက္တြင္ ဆက္လက္ ျမင့္တက္ေန၍ မုိးဆက္လက္အားေကာင္းေနပါက ေရေဘးအႏၲရာယ္အထူးသတိျပဳရန္ လုိအပ္သည္။
ေအာင္သစ္လြင္
7Day News
#Unicode Version#
ဒေသလေးခုတွင် ရေဘေးဒုက္ခသည် တစ်သိန်းခန့်ရှိ၊ မြို့နှင့်ဝေးသော ကျေးရွာများ အကူအညီလိုနေ
တိုင်းနှင့်ပြည်နယ်လေး ခု၌ ရေဘေးသင့်လူဦးရေစုစု ပေါင်း တစ်သိန်းခန့် ရှိလာပြီး ရေဘေးသင့် ဒေသများတွင် မြို့ပေါ်ရပ်ကွက်များ၌ ကယ်ဆယ် ရေးပစ္စည်း ရရှိနေသော်လည်း ကျေးရွာများသို့ ကယ်ဆယ်ရေး ပစ္စည်းပို့ဆောင်ရန် အခက် တွေ့နေကြောင်း လူမှုကယ်ဆယ် ရေးအဖွဲ့များကပြောသည်။
ရေကြီးနစ်မြုပ်မှုပိုဆိုးနေပြီး ကရင်၊ မွန်၊ ပဲခူးနှင့်တနင်္သာရီ တိုင်းဒေသကြီးရှိ မြို့နယ် ၂၈ မြို့ နယ်တွင် ရေဘေးသင့်လူဦးရေ နှစ်ဆကျော်သွားကာ စုစုပေါင်း တစ်သိန်းခန့်ရေဘေးကြုံတွေ့နေ ရသည်ဟု ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနတာဝန်ရှိသူများက ပြောသည်။ ကရင်ပြည်နယ် ဘား အံမြို့နှင့် ပဲခူးတိုင်း ပဲခူးမြို့သို့နိုင် ငံတော်သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့ သွားရောက်ပြီး မြို့ပေါ်ရပ် ကွက်များမှ ကယ်ဆယ်ရေးစခန်း များတွင် ကယ်ဆယ်ရေးပစ္စည်း လုံလောက်နေသော်လည်း မြို့နှင့် အလှမ်းဝေးသောကျေးရွာများ၌ အခက်အခဲမျိုးစုံ ကြံုတွေ့နေရသည်။
ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်း ဒေသကြီးတွင် ကျောက်ကြီး၊ မိုးညို၊ ရွှေကျင်၊ ပဲခူး၊ ညောင်လေးပင်မြို့နယ်တို့ တွင် ရေကြီးနစ်မြုပ်မှုကြံုတွေ့နေ ရပြီး လူခြောက်သောင်းတစ် ထောင်ခန့် ရေဘေးကြံုတွေ့နေ သည်။ ရပ်ကွက်ရှစ်ခု၊ ကျေးရွာ ၈၂ ရွာရှိသော ပဲခူးတိုင်း ရွှေကျင် မြို့နယ်တွင် လူနှစ်သောင်းကျော် ရေဘေးသင့်နေပြီး ကျေးရွာများ၌ ကယ်ဆယ်ရေးဆောင်ရွက်ရန် အခက်အခဲကြံုတွေ့နေကြောင်း ရွှေကျင်မြို့နယ်ဒုတိယအုပ်ချုပ် ရေးမှူး ဦးစိုးမိုးသူက ပြောသည်။
‘‘ထမင်းထုပ်တွေ ဝေပြီး ထုတ်ပေးလိုက်တဲ့အခါ မြို့ပေါ် ကနေ ရွာတွေရောက်တဲ့အခါ ထမင်းတွေသိုးကုန်တယ်။ ဆန် ပေးရင် ပိုကောင်းမှာမို့ ဆန်နဲ့ကုန် ခြောက်တွေလိုနေတယ်။ အခုက ရေတွေပြည့်နေတဲ့အတွက် မြေ နိမ့်ပိုင်းကလူတွေကို အချိန်မီခေါ် နိုင်ဖို့ စက်လှေတွေလိုအပ်တယ်’’ ဟု ဦးစိုးမိုးသူက ပြောသည်။ ရေ ဘေးကြောင့် ရွှေကျင်မြို့တွင် လူနှစ်ဦးသေဆုံးခဲ့သည်။
ကျန်မြို့နယ်များတွင်လည်း ကျေးရွာများရှိ ရေဘေးသင့်လူထု အခက်ကြံုနေကြောင်း သက်ဆိုင် ရာမြို့နယ် ကိုယ်စားလှယ်များက ပြောသည်။ လတ်တလောအရေး ကြီးလိုအပ်ချက်မှာ ဆန်နှင့်ကုန် ခြောက်များ၊ အဝတ်အထည်နှင့် အသက်ကယ်လှေများဖြစ်သည် ဟု အကြံပြုသည်။
ကရင်ပြည်နယ်
ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ လူဦးရေနှစ်သောင်း ခန့် ရောက်ရှိနေသော ကရင်ပြည် နယ်၌ ကယ်ဆယ်ရေးစခန်းသို့ မ ရောက်ဘဲ နေအိမ်များအတွင်း ပိတ်မိနေသူများလည်း ရှိကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောသည်။ လတ်တလော ရေ ဘေးအဆိုးရွားဆုံး ရင်ဆိုင်နေရ သည့် မြို့နယ်မှာ ဖာပွန်ဖြစ်ပြီး တအိအိတက်လာသော ရေများ ကြောင့် နေအိမ်အတွင်း ဒုက္ခ ရောက်နေသူ အများအပြားရှိနေ ကြောင်း ကယ်ဆယ်ရေးလုပ်နေ သည့် ကရင်တိုင်းရင်းသား စော စန်းဦးက ပြောသည်။ သံလွင်မြစ် ရေသည် ဘားအံမြို့ ကမ်းနား လမ်းနှင့် တစ်ပြေးညီဖြစ်နေပြီး ဒေသခံများက ရေဘေးဆက်လက်ဆိုးရွားမည်ကို စိုးရိမ်နေသည်။
‘‘ကရင်ပြည်နယ် အစိုးရ ပေ့ချ်တွေ၊ ပြည်နယ်လွှတ်တော် ပေ့ချ်တွေ၊ ရဲဌာနပေ့ချ်တွေ၊ မီး သတ်၊ လူကယ်ပြန်ပေ့ချ်တွေ၊ မိုး ဇလပေ့ချ်တွေမှာ လက်ရှိအခြေ အနေတွေကို အချိန်နဲ့ တစ်ပြေး ညီ သတင်းတွေတင်ပေးပါ။ အ ချက်အလက်တွေ ထုတ်ပြန်ပေး ပါ။ ဆက်သွယ်ရမယ့် တာဝန်ရှိ ပုဂ္ဂိုလ်များရဲ့ ဖုန်းနံပါတ်တွေတင် ပေးပါ။ သတိပေးချက်တွေ၊ လမ်း ညွှန်ချက်တွေ၊ ကူညီကယ်ဆယ် ရေးအဖွဲ့တွေကို သိနိုင်မယ့်အခြေ အနေတွေ ဖန်တီးပေးပါ’’ဟု စော စန်းဦးက ပြောသည်။ ကရင်ပြည် နယ်တွင် ဘားအံ၊ မြဝတီ၊ ရွှေ ဂွန်း၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနှင့် ဖာပွန်မြို့နယ်တို့တွင် ရေဘေးရင်ဆိုင်နေရသည်။
မွန်ပြည်နယ်
မွန်ပြည်နယ်တွင် ဘီးလင်း နှင့် ကျိုက်ထိုမြို့၌ ရေဘေးအများ ဆုံးကြံုတွေ့နေပြီး လူဦးရေတစ် သောင်းခန့် ရေဘေးကယ်ဆယ် ရေးစခန်း ၃၆ ခု၌ ခိုလှုံနေရသည်။ ရေ ၄ ပေခန့်ကျော်ခဲ့သော ဘီး လင်း- သထုံလမ်းပိုင်းတွင် ခရီး သွားများ ပိတ်မိနေခြင်းမရှိတော့ ဘဲ ယင်းလမ်းပိုင်းတစ်လျှောက် သတိပေးတိပ်ကြိုးများဖြင့် တား ဆီးထားသည်။
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတွင် ဇူလိုင်လ လယ်ခန့်ကစ၍ ရေဘေးကြံုတွေ့ ခဲ့ရာ ရေအနည်းငယ်ကျဆင်း ပြီးနောက် ဇူလိုင် ၂၇ ရက်ကစ ကာ တစ်ကျော့ပြန်ရေတက်လာ၍ ရေဘေးသင့်လူဦးရေတိုးလာနေ သည်။ ကယ်ဆယ်ရေးစခန်းများ တွင် လူခြောက်ထောင်ခန့်ရှိနေပြီး ဒုက္ခသည်စခန်းသို့မရောက်သော် လည်း ရေဘေးကြံုနေသူဦးရေမှာ နှစ်သောင်းခန့်အနည်းဆုံးရှိသည် ဟု ရေဘေးကယ်ဆယ်ရေးကော်မ တီဝင်များက ပြောသည်။
7Day Daily သတင်းစာ၏ စုံစမ်းမှုအရ ရေဘေးသင့်ဒေသ များအနက် မြို့ပေါ်နေရာများမှလွဲ ၍ ကျေးရွာအများစုတွင် ရေဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက် မလာသူအများအပြားရှိနေပြီး ကူ ညီကယ်ဆယ်ရေးဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဒေသတွင်းလူ မှုရေးအဖွဲ့များက ပြောသည်။ အ ဆိုပါရေဘေးသင့်သူများအတွက် ဆန်နှင့်အခြားကုန်ခြောက်ပစ္စည်း များ၊ အဝတ်အထည်၊ ရေသန့် နှင့် ကယ်ဆယ်ရေးအတွက် အ သက်ကယ်အကျႌနှင့် လှေများလို အပ်နေသည်ဟု သတင်းပေးပို့ သည်။ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီက ဘားအ့ံ၊ ပဲခူး၊ ရွှေကျင်၊ မဒေါက်မြို့နယ်တို့တွင် မြစ်ကမ်းဘေးနေထိုင်သူများ ဘေးကင်းရာသို့ ရှောင်ရှားနေထိုင်ကြရန် နှင့် တောင်ငူနှင့်ဘီးလင်းမြို့နယ်တို့တွင် မြစ်ကမ်းဘေးနှင့် အနိမ့်ပိုင်းနေထိုင်သူများ အထူးသတိထားနေထိုင်ရန် သတိပေးထားသည်။
ရေဘေးနှင့်ပတ်သက်၍ အကူအညီတောင်းခံခြင်းနှင့် သတင်းပေးလိုပါက လူကယ်ပြန်၏အရေးပေါ် ဖုန်းနံပါတ် ၀၆၇ − ၄၀၄၆၆၆၊ ၄၀၄၇၇၇ သို့ဆက် သွယ်နိုင်သည်။
ရာသီဥတုအခြေအနေ
ရေဘေး ကြံုတွေ့နေစဉ် ဘင်္ဂလားပင််လယ်အော်၌ ဩဂုတ် လဆန်းတွင် လေဖိအားနည်း ရပ်ဝန်းဖြစ်လာနိုင်ပြီး မုတ်သုံလေ အားကောင်းလာနိုင်သောကြောင့် လက်ရှိ ရေဘေးသင့်ဒေသများ တွင် မိုးဆက်လက်အားကောင်း နေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဩ ဂုတ် ၁ ရက်မှ ၁၀ ရက်အတွင်းမိုး လေဝသသတိပေးချက်ကို မိုးဇလ က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန် ရာ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အ ဆင့်ထိ အားကောင်းလာနိုင် ကြောင်း သတိပေးထားသည်။ရေဘေးသင့်ဒေသများရှိ စစ်တောင်း၊ သံလွင်၊ ပဲခူး၊ ရွှေကျင်မြစ်တို့လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် မြင့်တက်နေ၍ မိုးဆက်လက်အားကောင်းနေပါက ရေဘေးအန္တရာယ်အထူးသတိပြုရန် လိုအပ်သည်။
အောင်သစ်လွင်