ကိုင်ရို ၊ ၃၁-၈-၂၀၁၅
အီဂျစ်နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်ရှိ မြေထဲပင်လယ် တွင် အကြီးမားဆုံးသော သဘာဝ ဓာတ်ငွေ့သိုက်ကြီး တစ်ခုကို တွေ့ရှိ ထားကြောင်း အီတလီ နိုင်ငံပိုင် အန်နီ ကုမ္ပဏီက သြဂုတ် ၃ဝ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။
ဧရိယာ ၁ဝဝ ကီလိုမီတာ ပတ်လည် အတွင်းမှာပင် သဘာဝ ဓာတ်ငွေ့ ၃ဝ ထရီလီယံ ကုဗပေ ထွက်ရှိ နိုင်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ကြေညာချက် တွင် ဖော်ပြထားသည်။
အန်နီ ကုမ္ပဏီသည် အီဂျစ်နိုင်ငံတွင် နှစ်ပေါင်း ၆ဝ ကျော် သဘာဝဓာတ်ငွေ့ တူးဖော်မှု လုပ်ဆောင် နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ယခုကဲ့သို့ ကြီးမားသည့် သဘာဝ ဓာတ်ငွေ့သိုက် ကို မတွေ့ဖူးကြောင်း၊ အဆိုပါ တွေ့ရှိမှု သည် အီဂျစ်နိုင်ငံကို စွမ်းအင် နိုင်ငံကြီး အဖြစ် ပြောင်းလဲ ပေးနိုင်စွမ်း ရှိကြောင်းနှင့် ပြီးပြည့်စုံသော လုပ်ငန်းများ ဆောင်ရွက်ပြီးပါက အီဂျစ်နိုင်ငံ အတွက် ဆယ်စုနှစ်ပေါင်း များစွာကြာ သဘာဝ ဓာတ်ငွေ့ စွမ်းအင် ထောက်ပံ့ ပေးနိုင်မည် ဖြစ်ကြောင်း ၄င်း ကုမ္ပဏီက ပြောကြားသည်။
အီဂျစ်နိုင်ငံရှိ ပြည်သူများသည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း သဘာဝ ဓာတ်ငွေ့ ပြတ်တောက်မှု ကြောင့် စွမ်းအင် ပြဿနာ တစ်ရပ်နှင့်ရ င်ဆိုင်ခဲ့ ရကြောင်း သိရသည်။
'Largest ever' Med gas field found off Egypt
#PyiChitThar