Ruth Doyle thought she had won £25. Credit- The National Lottery |
လန်ဒန် ၊ ၃၁-၈-၂၀၁၅
စတာလင်ပေါင် ၂၅ ပေါင်သာ ထီပေါက်သည် ဟု ထင်မြင် ယူဆချက်ဖြင့် ထီဆိုင်၏ အကြောင်းကြားမှုကို လျစ်လျူရှု ခဲ့သည့် ဗြိတိန်နိုင်ငံမှ စုံတွဲတစ်တွဲ သည် နောက်ဆုံး၌ စတာလင်ပေါင် တစ်သန်းဆု ထီပေါက်သည်ကို တွေ့ရှိခဲ့ကြောင်း ဗြိတိန် သတင်းစာကြီး တစ်စောင်၏ ဖော်ပြချက် အရ သိရသည်။
ရုသ်ဒွိုင်လေး အမည်ရှိ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကြီး နှင့် ပီတာ အမည်ရှိ ၄င်း၏ခင်ပွန်း တို့သည် ဇွန်လ အတွင်းက ထီပေါက်သည် ဟူသော ထီဆိုင်၏ အကြောင်းကြား မှုကို ရရှိခဲ့သော်လည်း စတာလင်ပေါင် ၂၅ ပေါင်သာ ပေါက်သည်ဟု ထင်မှတ်ခဲ့ သောကြောင့် သေချာ တိုက်စစ်ခြင်း မရှိဘဲ ထီဆိုင်၏ အကြောင်းကြား မှုကို လျစ်လျူရှု ခဲ့သည်ဟု သိရသည်။
ထို့နောက် နှစ်လ အကြာတွင် National ထီအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆုငွေလာရောက် မထုတ်ယူသည့် အကြောင်းရင်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာမှ စတာလင်ပေါင် တစ်သန်း ထီပေါက်သည့် အကြောင်းကို သိရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရုသ် နှင့် ပီတာ တို့စုံတွဲသည် ထီပေါက်သည့် အထိမ်းအမှတ်နှင့် ၄င်းတို့၏ အဋ္ဌမ အကြိမ်မြောက် မင်္ဂလာ ဧည့်ခံပွဲ အထိမ်းအမှတ် အဖြစ် The Wilshire ဟိုတယ်၌ ယခု ရက်သတ္တပတ် အတွင်းက မိတ်ဆွေများ နှင့်အတူ ပါတီပွဲတစ်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။
Wiltshire lottery millionaires thought they'd won £25
#PyiChitThar