Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အများကန့်ကွက်နေတဲ့ တိုင်းရင်းဆေးဥပဒေကြမ်းပါ ပုဒ်မအချို့ကို ပြန်လည်ပယ်ဖျက်ဖို့ ဆုံးဖြတ်

$
0
0

ဥပဒေကြမ်းပါ ပုဒ်မအချို့ကို အပြင်းအထန်ကန့်ကွက်ခဲ့ကြ
တိုင်းရင်းဆေးအသိုင်းအဝိုင်းက အပြင်းအထန်ဝိုင်းဝန်းကန့်ကွက်နေကြတဲ့ တိုင်းရင်းဆေး ဥပဒေ ကြမ်းပါ ပုဒ်မ ၁၅(စ) အပါအဝင် အပိုဒ်ခွဲ ၃၁ (ဂ)ကိုပါ ဇန်နဝါရီ ၁၅ရက်နေ့မှာ ကျင်းပတဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီအစည်းအဝေးမှာ ပယ်ဖျက်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုထားပြီးဖြစ်တဲ့ တိုင်းရင်းဆေးဥပဒေကြမ်း ကို နိုင်ငံတော် သမ္မတရဲ့သဘောထားမှတ်ချက်အရဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့အတူ မြန်မာနိုင်ငံတိုင်ရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာများအသင်းတို့ ပြန်လည်ဆွေးနွေးအပြီးမှာ ပုဒ်မ ၂ခုစလုံးကို ပယ်ဖျက်ဖို့ဆုံးဖြတ်လိုက်တာဖြစ် ပါတယ်။

''အနာဂတ်ပြည်သူ့ကျန်းမာရေးကုသမှုမှာ အန္တရာယ်တွေကျရောက်လာမှာကို စိုးရိမ်ရတဲ့ အချက် အပါအဝင် သဘောထားမှတ်ချက်တွေကြောင့် ဒီပုဒ်မ ၂ခုလုံးကို ပယ်ဖျက်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတယ်။''လို့ မြန်မာနိုင်ငံ တိုင်းရင်းကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးက ဘီဘီစီကိုပြောပါတယ်။

လွှတ်တော် ၂ရပ်စလုံးက ဥပဒေကြမ်းပူးပေါင်းကော်မတီတွေပါဝင်တဲ့ ဆွေးနွေးပွဲအရ အများကန့်ကွက် နေတဲ့ ပုဒ်မတွေကို ပယ်ဖျက်ဖို့ သဘောတူခဲ့ကြ ပေမယ့်လည်း လွှတ်တော်ရဲ့သဘောထားကို ပြန်လည် တောင်းခံရဦးမှာဖြစ်ပြီး လွှတ်တော်က လက်ခံမှသာ အတည်ဖြစ်နိုင်မှာလို့လည်း သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>