Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌအား NLD ပါတီဝင် အဖြစ်မှ ထုတ်ပယ်

$
0
0


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်ကနေ ဇန်န၀ါရီ(၁၅)ရက် က ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ဦးစံမင်းအောင်ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တာဟာ လွှတ်တော်အတွက် ကားဝယ်ယူရာမှာ စည်းမျဉ်း၊ စည်းကမ်းတွေ အတိုင်း မဆောင်ရွက်တာကြောင့်ဖြစ်ပြီးအဲဒီကားဝယ်ယူမှုကိစ္စနဲ့ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးကိုလည်း စာနဲ့ရေးသားသတိပေးတဲ့ ပြစ်ဒဏ်ချ လိုက်ပါတယ်။

အခုလို လုပ်ထုံးလုပ်နည်းနဲ့ အညီ အရေးယူလိုက်တယ်ဆိုတော့ နောင်ဆို ပိုပြီး သတိထားလာကြမှာပေါ့ လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဦးစံမင်းအောင်ဟာ လွှတ်တော်အတွက် ကားဝယ်ယူရာမှာ အလွဲသုံးစား လုပ်တယ်ဆိုပြီး တိုင်ကြားခံရသူဖြစ်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးမှာ ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ ရှေ့ပိုင်းမှာ အမတ်တစ်ချို့ကို အရေးယူတာ ရှိခဲ့ပေမယ့် ပါတီ တာဝန်တွေကနေ ရပ်ဆိုင်း တာလောက် လုပ်ပြီး ပါတီကနေ လုံးဝ ထုတ်ပယ်လိုက်တာမျိုးတော့ နည်းပါးပါတယ်။

သတင်း -- စိုးသိမ်း
One News Myanmar
https://www.facebook.com/onenewsmyan

Viewing all articles
Browse latest Browse all 13796

Trending Articles