Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမန္မာေတြႀကိဳက္လွတဲ့ မုန႔္ဟင္းခါး မွာ ပါတဲ့ အေၾကာ္ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲ

$
0
0
ဒီေန႔ ေျမာက္ျပင္ဘက္သြားရင္း မုန႔္ဟင္းခါးသည္ျမင္ေတာ့ ဗိုက္ဆာတာနဲ႔ ဝင္စားမိတယ္… အရမ္းႀကိဳက္တာလဲ ပါတာေပါ့….
ဟယ္ ေကာင္းတယ္ ေကာင္းတယ္ဆိုပီး
အေၾကာ္ပိုေလးနဲ႔ ဟင္းရည္ေလးေတာင္ ေတာင္းေသာက္လိုက္ေသးတယ္….
အေၾကာ္ေလးကေကာင္းလိုက္တာဆိုပီး အေၾကာ္ ေလး ၂၀၀ဖိုး အပိုေရာင္းေပးပါဆိုပီး စားမိေတာ့ အရမ္းႀကိဳက္ပီး
အထုတ္ႀကီး တထုတ္ေလာက္ ထပ္ေရာင္းေပးပါ လို႔ ဝယ္ေရာ….

ဇာတ္လမ္းကအဲ့မွာစတာပဲ

အပိုမရွိတာမို႔ ေရာင္းေပးလို႔မရလို႔ပါတဲ့ အာ့နဲ႔ ကိုယ္ေတြကလည္းႀကိဳက္မိရင္ဇြတ္ဆိုေတာ့ ပိုက္ဆံ ေပးခဲ့ပါမယ္ နက္ျဖန္မွ လာယူပါ့မယ္ေျပာမိေရာ…(သူ႔အေၾကာ္ကလည္း မြ ႐ြၿပီး ေကာင္းတာကို)
ကိုယ္ပုံၾကည့္ပီး ဇြတ္စားေတာ့မယ္ရိပ္မိသြားတဲ့ ဆိုင္ရွင္က ဘယ္လိုစားမွာလည္းတဲ့ ….

ဟင္ ဘာလားေပါ့…

ဒီအေၾကာ္ေတြကအမ်ားႀကီးစားရင္ ရင္ပူတယ္တဲ့

အဲ့ေတာ့မွ ပလပ္စတစ္ထည့္ေၾကာ္တာေနမွာဆိုပီး လန႔္သြားတာ..
အာ့နဲ႔ စားလက္စ အေၾကာ္ထုတ္ေလး ေဘးခ်ပီး အိမ္အျမန္ျပန္ေျပးပီး လက္ထိုးအန္ၾကရေရာ….
ဗိုက္ထဲေရာက္သြားရင္ ဘယ္လို ျဖစ္သြားမလဲ သိခ်င္စိတ္နဲ႔ ၿဖဲ ရဲ ၾကည့္ေတာ့ အလား လား အေၾကာ္ေတြက ပလပ္စတစ္လိုလို ရာဘာ လိုလို ျဖဴျဖဴေတြ လက္နဲ႔ ဖ်စ္လည္း မေၾကဘူးေနာ္…

အမ်ားႀကီး ရက္ရွည္စားမယ္ဆို အူပိတ္တာတို႔ အူကင္ဆာတို႔ အစာအိမ္ကင္ဆာတို႔မ်ား ျဖစ္မလားပဲ…

အဲဒါနဲ႔ အေၾကာ္ထုတိ ႀကီးယူပီး မီးဖိုေပၚတင္ ျပဳတ္ၾကည့္ၾကျပန္ေရာ…
အမေလးေလး ၁၀မိနစ္ေလာက္ ျပဳတ္တာေတာင္ ပုံစံ မပ်က္တဲ့ ကိုေ႐ြအေၾကာ္ေတြကို ေလ့လာၾကည့္ၾကပါ…

လမ္းေပၚမွာ ေရာငိးေနတဲ့ မုန႔္ဟင္းခါးဆိုင္တိုင္း ဒီအေၾကာ္ေတြ သုံးၾကပါတယ္…

တေန႔ တေန႔ လူေတြ ဘယ္ေလာက္ေတာင္ စားမိေနလဲ….

အစားအေသာက္နဲ႔ ပတ္သတ္ရင္ ကိုယ္ေတြအိမ္က ျငဳပ္သီးမႈန္႔ဆိုးေဆး အခ်ိဳမုန႔္ ဆီ အေတာ္သတိထားၾကေပမယ့္ လမ္းေဘးမွာ ကိုယ္ႀကိဳက္တာေလးျမင္ေတာ့လည္း မေနႏိုင္မိတဲ့ အျဖစ္ ေၾကာငိ့ အေတာ္လန႔္သြားမိတယ္….

လူေတြ လူေတြ တေန႔ တေန႔ ဘယ္ေလာက္အဆိပ္သင့္ေနၾကပီလဲ
Thae Su Hlaing
#Unicode Version#
ဒီနေ့ မြောက်ပြင်ဘက်သွားရင်း မုန့်ဟင်းခါးသည်မြင်တော့ ဗိုက်ဆာတာနဲ့ ဝင်စားမိတယ်… အရမ်းကြိုက်တာလဲ ပါတာပေါ့….
ဟယ် ကောင်းတယ် ကောင်းတယ်ဆိုပီး
အကြော်ပိုလေးနဲ့ ဟင်းရည်လေးတောင် တောင်းသောက်လိုက်သေးတယ်….
အကြော်လေးကကောင်းလိုက်တာဆိုပီး အကြော် လေး ၂၀၀ဖိုး အပိုရောင်းပေးပါဆိုပီး စားမိတော့ အရမ်းကြိုက်ပီး
အထုတ်ကြီး တထုတ်လောက် ထပ်ရောင်းပေးပါ လို့ ဝယ်ရော….

ဇာတ်လမ်းကအဲ့မှာစတာပဲ

အပိုမရှိတာမို့ ရောင်းပေးလို့မရလို့ပါတဲ့ အာ့နဲ့ ကိုယ်တွေကလည်းကြိုက်မိရင်ဇွတ်ဆိုတော့ ပိုက်ဆံ ပေးခဲ့ပါမယ် နက်ဖြန်မှ လာယူပါ့မယ်ပြောမိရော…(သူ့အကြော်ကလည်း မွ ရွပြီး ကောင်းတာကို)
ကိုယ်ပုံကြည့်ပီး ဇွတ်စားတော့မယ်ရိပ်မိသွားတဲ့ ဆိုင်ရှင်က ဘယ်လိုစားမှာလည်းတဲ့ ….

ဟင် ဘာလားပေါ့…

ဒီအကြော်တွေကအများကြီးစားရင် ရင်ပူတယ်တဲ့

အဲ့တော့မှ ပလပ်စတစ်ထည့်ကြော်တာနေမှာဆိုပီး လန့်သွားတာ..
အာ့နဲ့ စားလက်စ အကြော်ထုတ်လေး ဘေးချပီး အိမ်အမြန်ပြန်ပြေးပီး လက်ထိုးအန်ကြရရော….
ဗိုက်ထဲရောက်သွားရင် ဘယ်လို ဖြစ်သွားမလဲ သိချင်စိတ်နဲ့ ဖြဲ ရဲ ကြည့်တော့ အလား လား အကြော်တွေက ပလပ်စတစ်လိုလို ရာဘာ လိုလို ဖြူဖြူတွေ လက်နဲ့ ဖျစ်လည်း မကြေဘူးနော်…

အများကြီး ရက်ရှည်စားမယ်ဆို အူပိတ်တာတို့ အူကင်ဆာတို့ အစာအိမ်ကင်ဆာတို့များ ဖြစ်မလားပဲ…

အဲဒါနဲ့ အကြော်ထုတိ ကြီးယူပီး မီးဖိုပေါ်တင် ပြုတ်ကြည့်ကြပြန်ရော…
အမလေးလေး ၁၀မိနစ်လောက် ပြုတ်တာတောင် ပုံစံ မပျက်တဲ့ ကိုရွေအကြော်တွေကို လေ့လာကြည့်ကြပါ…

လမ်းပေါ်မှာ ရောငိးနေတဲ့ မုန့်ဟင်းခါးဆိုင်တိုင်း ဒီအကြော်တွေ သုံးကြပါတယ်…

တနေ့ တနေ့ လူတွေ ဘယ်လောက်တောင် စားမိနေလဲ….

အစားအသောက်နဲ့ ပတ်သတ်ရင် ကိုယ်တွေအိမ်က ငြုပ်သီးမှုန့်ဆိုးဆေး အချိုမုန့် ဆီ အတော်သတိထားကြပေမယ့် လမ်းဘေးမှာ ကိုယ်ကြိုက်တာလေးမြင်တော့လည်း မနေနိုင်မိတဲ့ အဖြစ် ကြောငိ့ အတော်လန့်သွားမိတယ်….

လူတွေ လူတွေ တနေ့ တနေ့ ဘယ်လောက်အဆိပ်သင့်နေကြပီလဲ
Thae Su Hlaing

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...