(၂၀၁၈)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် ရည်ရွယ်ပြီး စိတ်ကြိုက်ဒီဇိုင်းထုတ်ခဲ့ပေမယ့် မ၀တ်ဆင်ဖြစ်ခဲ့တဲ့ သူ့ရဲ့ ဖက်ရှင်ကို အဆိုတော်ကျော်ကျော်နန္ဒက ပရိတ်သတ်ကိုထုတ်ပြလိုက်ပါတယ်။ ရှေးခေတ်မြန်မာအမျိုးသားတွေဝတ်ဆင်လေ့ရှိတဲ့ တောင်ရှည်ပုဆိုးပုံစံဖြစ်ပြီး ဒီဇိုင်နာမေတံတွေးက ဖန်တီးချုပ်လုပ်ထားတာဖြစ်ပါတယ်။