Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မၾကာခဏ ဇက္ကို တဂြၽတ္ဂြၽတ္ျမည္ေအာင္ ခ်ိဳးတတ္သူမ်ား သတိျပဳဆင္ျခင္ဖြယ္

$
0
0

ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား ဇက္ခ်ိဳးတာကို လုပ္တတ္ၾကတယ္။ မၾကာခဏလည္း ခ်ိဳးတတ္ၾကတယ္။ အထူးသျဖင့္ ကြန္ပ်ဳတာေရွ႕တစ္ေနကုန္တစ္ေနခမ္းထိုင္ၿပီးအလုပ္လုပ္ေနရသူေတြ၊ တစ္ေနကုန္ စာထိုင္ေရးေနရသူေတြ က မ်ားေသာအားျဖင့္ဇက္ခ်ိဳးတာကို လုပ္တတ္ၾကတယ္။

အေညာင္းေျပအညာေျပ လို႔သေဘာထားၾကတာကိုး …အခုေတာ့ အဲ့ဒီလို အေညာင္းအညာေျပဇက္အခ်ိဳးေကာင္းၿပီး ဘဝတစ္ခုလုံးေျပာင္းလဲသြားခဲ့ရတဲ့ မိန္းကေလးတစ္ေယာက္အေၾကာင္းေျပာခ်င္လို႔ပါ။

က်န္တဲ့သူေတြလည္း သူမရဲ႕အျဖစ္ကို ဒီေဆာင္းပါးကေန သင္ခန္းစာယူႏိုင္ၾကဖို႔ သတိေပးလိုပါတယ္။

နာတာလီခူနီကီ လို႔ေခၚတဲ့ မိန္းကေလးဟာ လန္ဒန္ၿမိဳ႕က ပ႐ိုက္ဗိတ္ေဆး႐ုံႀကီးတစ္႐ုံရဲ႕ လူနာတင္အေရးေပၚဌာနမွာ အလုပ္လုပ္ေနတာပါ။

တစ္ရက္မွာေတာ့ သူမနဲ႔သူမသူငယ္ခ်င္းက အိမ္မွာ ေနရင္းတီဗြီၾကည့္ေနၾကတယ္။ ၾကည့္ေနရင္း နာတာလီ က ဘာရယ္ေတာ့မဟုတ္ သူမရဲ႕ဇက္ကို

႐ုတ္တရက္ခ်ိဳးလိုက္တယ္။ တီဗြီၾကည့္ရင္း အေညာင္းမိလာလို႔ေနမွာပါ။ဒါေပမယ့္ ဒီတစ္ေခါက္ခ်ိဳးလိုက္တဲ့အသံက အရင္အေခါက္ေတြထက္ ေတာ္ေတာ္က်ယ္တယ္။

အဲ့ဒါကို သူမလည္းသိတယ္။ ဒါေပမယ့္ အမႈမဲ့အမွတ္မဲ့ပဲ။ ၿပီးေတာ့ သူမက သန႔္စင္ခန္းသြားဖို႔ထလိုက္တဲ့အခါမွာေတာ့ နာတာလီ တစ္ေယာက္မတ္တပ္မရပ္ႏိုင္ေတာ့ပဲ ၾကမ္းျပင္ေပၚကို ပုံရက္သားလဲက်သြားပါတယ္။

ျပန္ထမယ္လုပ္ေတာ့ သူမရဲ႕ ေျခေထာက္တစ္ဘက္က လႈပ္လို႔မရဘူး။ အစကေတာ့ ေသာက္တာမ်ားသြားၿပီး မူးေနတယ္ထင္လို႔ အေရးေပၚဌာနကို ဖုန္းမဆက္ခဲ့ေပမယ့္ဒါဟာ အရက္ေၾကာင့္မဟုတ္မွန္း အေရးေပၚဌာန အေတြ႕အႀကဳံေတြအရ နာတာလီ အလိုလိုသိလာခဲ့တယ္။

အေရးေပၚကားနဲ႔ေဆး႐ုံေရာက္တဲ့အခ်ိန္မွာေတာ့ သူမအေနနဲ႔ တုန္လႈပ္စရာျဖစ္ရပ္မွန္ကို သိခြင့္ရခဲ့ပါတယ္။ အဲ့ဒါကေတာ့ ႐ုတ္တရက္ ဇက္ကိုခ်ိဳးခ်လိုက္တဲ့အခ်ိန္မွာပဲေက်ာ႐ိုးနဲ႔ဆက္ေနတဲ့ ေသြးေၾကာမႀကီးတစ္ခုလုံးေပါက္ထြက္သြားၿပီး ေသြးမေလွ်ာက္ႏိုင္ေတာ့ပဲ ဦးေႏွာက္ထဲမွာ ေသြးခဲသြားတာပါ။

အက်ိဳးဆက္ကေတာ့ ေလျဖတ္သြားျခင္းပါပဲ။ နာတာလီ အေနနဲ႔ လမ္းလည္းမေလွ်ာက္ႏိုင္ေတာ့ပါဘူး။

လက္ရွိအခ်ိန္မွာေတာ့ ေဆး႐ုံရဲ႕ကုသမႈေတြကို နာတာလီ တစ္ေယာက္ခံယူေနသလို သူမဘဝကိုလည္း အေကာင္းဆုံးျဖစ္ေအာင္ ျပန္လည္တည္ေဆာက္ေနပါတယ္။

ဒါေပမယ့္ သူမရဲ႕အေျခအေနဟာ ပုံမွန္ျပန္ျဖစ္ဖို႔ သိပ္မေသခ်ာသလို ျပန္ေကာင္းလာခဲ့ရင္ေတာင္ အခ်ိန္ေတြအၾကာႀကီးၾကာၿပီးမွ ပုံမွန္အေနအထားကိုျပန္ေရာက္မွာပါ။

ဆရာဝန္ေတြအေနနဲ႔လည္း နာတာလီတစ္ေယာက္ဘယ္လိုအခ်ိန္က်မွ ပုံမွန္ျပန္ျဖစ္မလဲ ဆိုတာ က်ိန္းေသေပါက္မေျပာတတ္ၾကပါဘူး …။

အဲ့ေတာ့ အေညာင္းမိၿပီး ဇက္ခ်ိဳးေတာ့မယ္ဆိုတိုင္း နာတာလီ ရဲ႕ ျဖစ္ရပ္ကို သတိရဖို႔လိုပါတယ္။ တစ္ခါတစ္ေလ အမွတ္တမဲ့တစ္ခုက တစ္ဘဝလုံးစာ ေနာင္တေတြျဖစ္သြားႏိုင္တယ္မဟုတ္လား ?
thutasone
#Unicode Version#
ကျွန်တော်တို့ တော်တော်များများ ဇက်ချိုးတာကို လုပ်တတ်ကြတယ်။ မကြာခဏလည်း ချိုးတတ်ကြတယ်။ အထူးသဖြင့် ကွန်ပျုတာရှေ့တစ်နေကုန်တစ်နေခမ်းထိုင်ပြီးအလုပ်လုပ်နေရသူတွေ၊ တစ်နေကုန် စာထိုင်ရေးနေရသူတွေ က များသောအားဖြင့်ဇက်ချိုးတာကို လုပ်တတ်ကြတယ်။

အညောင်းပြေအညာပြေ လို့သဘောထားကြတာကိုး …အခုတော့ အဲ့ဒီလို အညောင်းအညာပြေဇက်အချိုးကောင်းပြီး ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပြောချင်လို့ပါ။

ကျန်တဲ့သူတွေလည်း သူမရဲ့အဖြစ်ကို ဒီဆောင်းပါးကနေ သင်ခန်းစာယူနိုင်ကြဖို့ သတိပေးလိုပါတယ်။

နာတာလီခူနီကီ လို့ခေါ်တဲ့ မိန်းကလေးဟာ လန်ဒန်မြို့က ပရိုက်ဗိတ်ဆေးရုံကြီးတစ်ရုံရဲ့ လူနာတင်အရေးပေါ်ဌာနမှာ အလုပ်လုပ်နေတာပါ။

တစ်ရက်မှာတော့ သူမနဲ့သူမသူငယ်ချင်းက အိမ်မှာ နေရင်းတီဗွီကြည့်နေကြတယ်။ ကြည့်နေရင်း နာတာလီ က ဘာရယ်တော့မဟုတ် သူမရဲ့ဇက်ကို

ရုတ်တရက်ချိုးလိုက်တယ်။ တီဗွီကြည့်ရင်း အညောင်းမိလာလို့နေမှာပါ။ဒါပေမယ့် ဒီတစ်ခေါက်ချိုးလိုက်တဲ့အသံက အရင်အခေါက်တွေထက် တော်တော်ကျယ်တယ်။

အဲ့ဒါကို သူမလည်းသိတယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ။ ပြီးတော့ သူမက သန့်စင်ခန်းသွားဖို့ထလိုက်တဲ့အခါမှာတော့ နာတာလီ တစ်ယောက်မတ်တပ်မရပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ်ကို ပုံရက်သားလဲကျသွားပါတယ်။

ပြန်ထမယ်လုပ်တော့ သူမရဲ့ ခြေထောက်တစ်ဘက်က လှုပ်လို့မရဘူး။ အစကတော့ သောက်တာများသွားပြီး မူးနေတယ်ထင်လို့ အရေးပေါ်ဌာနကို ဖုန်းမဆက်ခဲ့ပေမယ့်ဒါဟာ အရက်ကြောင့်မဟုတ်မှန်း အရေးပေါ်ဌာန အတွေ့အကြုံတွေအရ နာတာလီ အလိုလိုသိလာခဲ့တယ်။

အရေးပေါ်ကားနဲ့ဆေးရုံရောက်တဲ့အချိန်မှာတော့ သူမအနေနဲ့ တုန်လှုပ်စရာဖြစ်ရပ်မှန်ကို သိခွင့်ရခဲ့ပါတယ်။ အဲ့ဒါကတော့ ရုတ်တရက် ဇက်ကိုချိုးချလိုက်တဲ့အချိန်မှာပဲကျောရိုးနဲ့ဆက်နေတဲ့ သွေးကြောမကြီးတစ်ခုလုံးပေါက်ထွက်သွားပြီး သွေးမလျှောက်နိုင်တော့ပဲ ဦးနှောက်ထဲမှာ သွေးခဲသွားတာပါ။

အကျိုးဆက်ကတော့ လေဖြတ်သွားခြင်းပါပဲ။ နာတာလီ အနေနဲ့ လမ်းလည်းမလျှောက်နိုင်တော့ပါဘူး။

လက်ရှိအချိန်မှာတော့ ဆေးရုံရဲ့ကုသမှုတွေကို နာတာလီ တစ်ယောက်ခံယူနေသလို သူမဘဝကိုလည်း အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်နေပါတယ်။

ဒါပေမယ့် သူမရဲ့အခြေအနေဟာ ပုံမှန်ပြန်ဖြစ်ဖို့ သိပ်မသေချာသလို ပြန်ကောင်းလာခဲ့ရင်တောင် အချိန်တွေအကြာကြီးကြာပြီးမှ ပုံမှန်အနေအထားကိုပြန်ရောက်မှာပါ။

ဆရာဝန်တွေအနေနဲ့လည်း နာတာလီတစ်ယောက်ဘယ်လိုအချိန်ကျမှ ပုံမှန်ပြန်ဖြစ်မလဲ ဆိုတာ ကျိန်းသေပေါက်မပြောတတ်ကြပါဘူး …။

အဲ့တော့ အညောင်းမိပြီး ဇက်ချိုးတော့မယ်ဆိုတိုင်း နာတာလီ ရဲ့ ဖြစ်ရပ်ကို သတိရဖို့လိုပါတယ်။ တစ်ခါတစ်လေ အမှတ်တမဲ့တစ်ခုက တစ်ဘဝလုံးစာ နောင်တတွေဖြစ်သွားနိုင်တယ်မဟုတ်လား ?
thutasone

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>